သတင္း

ေက်းဇူးရွင္ ေရႊကူညီဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္

ေက်းဇူးရွင္ ေရႊကူညီဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္
===========================

တန္ေဆာင္မုန္းလဆန္း ၈ရက္ (11.11.2021)ရက္ေန႔၊ မနက္ ၉း၀၀နာရီ၊ မႏၲေလးတုိင္း၊ ေက်ာက္ဆည္ၿမဳိ႕၊ ေရႊကူညီမုိးကုတ္ဝိပႆနာရိပ္သာသို႔ သြားေရာက္ဖူးေျမာ္ပါတယ္။
ဆရာေတာ္ႀကီးက သက္ေတာ္ ၇၆ႏွစ္ ရွိပါၿပီ။ စာေရးသူရဲ႕ ငယ္ဆရာ(ဆရာရင္း)ပါ။

ေက်ာက္ဆည္ၿမဳိ႕၊ မင္းကုန္းေက်ာင္းတုိက္မွာ စာေရးသူက ၁၃၄၇ မွ ၁၃၅၃ အထိ (1985-1991)အထိ မူလတန္းမွစၿပီး အႀကီးတန္းေအာင္ စာခ်တန္း တစ္ႏွစ္အထိ ၆ႏွစ္တိတိ စာသင္ယူခဲ့ပါတယ္။

ဆရာေတာ္ႀကီးက မင္းကုန္းေက်ာင္းတုိက္ရဲ႕ ပဓာနနာယကဆရာေတာ္ႀကီးပါ။ အခုေတာ့ ေရႊကူညီရိပ္သာမွာ ေတာရေဆာက္တည္ရင္း နားေအးပါးေအး တရားေလးနဲ႔ပဲ ေနထုိင္ပါေတာ့တယ္။
အေၾကာင္းကေတာ့ စာေရးသူႏွင့္အတူ အုိးဘိုေထာင္မွာ ၈ႏွစ္ႏွင့္ ၃လ သီတင္းသံုးခဲ့ရေသာေၾကာင့္ ျဖစ္ပါတယ္။

၂၀၁၂ လြတ္ေျမာက္လာသည္မွစၿပီး စာသင္တုိက္မွာ သီတင္းမသံုးေတာ့ဘဲ ေရႊကူညီရိပ္သာမွာ သီတင္းသံုးေတာ္မူခဲ့ျခင္း ျဖစ္ပါတယ္။
အျပစ္လည္း ဘာမွမရွိ အမႈႏွင့္လည္း ဘာမွမပတ္သက္ဘဲ စစ္ေထာက္လွမ္းေရးမ်ားက အျပစ္ရွာေထာင္ခ်ခဲ့တာေၾကာင့္ ဆရာေတာ္ႀကီးခမ်ာ သံေဝဂႀကီးႀကီးရကာ တရားအလုပ္ပဲ ေဇာက္ခ်လုပ္ခဲ့ပါေတာ့တယ္။

ဆရာေတာ္ႀကီးအား ဖူးေျမာ္ပူေဇာ္ကာ က်န္းမာေရးႏွင့္ပတ္သက္တဲ့ ေဆးဝါးဓာတ္စာမ်ား လွဴဒါန္းခဲ့ပါတယ္။
စာေရးသူ အဘိဝံသဘြဲ႔ ရရွိရာ ဆရာေတာ္ႀကီးရဲ႕ ပညာေရးအေမြကို ဆက္ခံလိုတဲ့ ရည္ရြယ္ခ်က္ေၾကာင့္ ျဖစ္ပါတယ္။

ဆရာေတာ္ႀကီးက မႏၲေလး ေတာင္သမန္တုိက္ မဟာၿမဳိင္ေက်ာင္းဆရာေတာ္ ဘဒၵႏၲေကသဝါဘိဝံသရဲ႕ တပည့္ျဖစ္ပါတယ္။
ဘဒၵႏၲေကသဝါဘိဝံသဟာ သက်သီဟပုစၧာထုတ္ နာမည္ႀကီးဆရာေတာ္ “ေတာင္ျပင္နဂါး အေနာက္ျပင္က်ား”ဟု နာမည္ေက်ာ္တဲ့ အေနာက္ျပင္က်ားဆရာေတာ္ပဲ ျဖစ္ပါတယ္။

ေရႊကူညီဆရာေတာ္ႀကီးရဲ႕ ဘြဲ႔အမည္ကေတာ့ ဘဒၵႏၲဇနိတာဘိဝံသ ျဖစ္ၿပီး ဇာတိကေတာ့ ရန္ကုန္တုိင္း ခရမ္းၿမဳိ႕နယ္ မကၠသံေက်းရြာ ျဖစ္ပါတယ္။
မႏၲေလးတုိင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ငယ္ဆရာလည္း ျဖစ္ပါတယ္။

စာေရးသူမွာ ႀကီးႀကီးမားမား ေက်းဇူးရွင္ထဲက ေရႊကူညီဆရာေတာ္ႀကီးတစ္ပါးပဲ က်န္ပါေတာ့တယ္။
ဆရာေတာ္ႀကီးကို သက္ရွည္က်န္းမာစြာ ဖူးေျမာ္ရတာနဲ႔တင္ စိတ္ခ်မ္းသာလွပါၿပီ။

ဆရာေတာ္ႀကီး သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ၍ တရားထူးတရားျမတ္မ်ား ရရွိႏိုင္ပါေစ… ။

တပည့္
ဝိစိတၱ (ဝီရသူ)
12.11.2021 
———————————– 
ကျေးဇူးရှင် ရွှေကူညီဆရာတော်ကြီးအား ဖူးမြော်ပူဇော်
===========================

တန်ဆောင်မုန်းလဆန်း ၈ရက် (11.11.2021)ရက်နေ့၊ မနက် ၉း၀၀နာရီ၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ရွှေကူညီမိုးကုတ်ဝိပဿနာရိပ်သာသို့ သွားရောက်ဖူးမြော်ပါတယ်။
ဆရာတော်ကြီးက သက်တော် ၇၆နှစ် ရှိပါပြီ။ စာရေးသူရဲ့ ငယ်ဆရာ(ဆရာရင်း)ပါ။

ကျောက်ဆည်မြို့၊ မင်းကုန်းကျောင်းတိုက်မှာ စာရေးသူက ၁၃၄၇ မှ ၁၃၅၃ အထိ (1985-1991)အထိ မူလတန်းမှစပြီး အကြီးတန်းအောင် စာချတန်း တစ်နှစ်အထိ ၆နှစ်တိတိ စာသင်ယူခဲ့ပါတယ်။

ဆရာတော်ကြီးက မင်းကုန်းကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော်ကြီးပါ။ အခုတော့ ရွှေကူညီရိပ်သာမှာ တောရဆောက်တည်ရင်း နားအေးပါးအေး တရားလေးနဲ့ပဲ နေထိုင်ပါတော့တယ်။
အကြောင်းကတော့ စာရေးသူနှင့်အတူ အိုးဘိုထောင်မှာ ၈နှစ်နှင့် ၃လ သီတင်းသုံးခဲ့ရသောကြောင့် ဖြစ်ပါတယ်။

၂၀၁၂ လွတ်မြောက်လာသည်မှစပြီး စာသင်တိုက်မှာ သီတင်းမသုံးတော့ဘဲ ရွှေကူညီရိပ်သာမှာ သီတင်းသုံးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
အပြစ်လည်း ဘာမှမရှိ အမှုနှင့်လည်း ဘာမှမပတ်သက်ဘဲ စစ်ထောက်လှမ်းရေးများက အပြစ်ရှာထောင်ချခဲ့တာကြောင့် ဆရာတော်ကြီးခမျာ သံဝေဂကြီးကြီးရကာ တရားအလုပ်ပဲ ဇောက်ချလုပ်ခဲ့ပါတော့တယ်။

ဆရာတော်ကြီးအား ဖူးမြော်ပူဇော်ကာ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ဆေးဝါးဓာတ်စာများ လှူဒါန်းခဲ့ပါတယ်။
စာရေးသူ အဘိဝံသဘွဲ့ ရရှိရာ ဆရာတော်ကြီးရဲ့ ပညာရေးအမွေကို ဆက်ခံလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။

ဆရာတော်ကြီးက မန္တလေး တောင်သမန်တိုက် မဟာမြိုင်ကျောင်းဆရာတော် ဘဒ္ဒန္တကေသဝါဘိဝံသရဲ့ တပည့်ဖြစ်ပါတယ်။
ဘဒ္ဒန္တကေသဝါဘိဝံသဟာ သကျသီဟပုစ္ဆာထုတ် နာမည်ကြီးဆရာတော် “တောင်ပြင်နဂါး အနောက်ပြင်ကျား”ဟု နာမည်ကျော်တဲ့ အနောက်ပြင်ကျားဆရာတော်ပဲ ဖြစ်ပါတယ်။

ရွှေကူညီဆရာတော်ကြီးရဲ့ ဘွဲ့အမည်ကတော့ ဘဒ္ဒန္တဇနိတာဘိဝံသ ဖြစ်ပြီး ဇာတိကတော့ ရန်ကုန်တိုင်း ခရမ်းမြို့နယ် မက္ကသံကျေးရွာ ဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ငယ်ဆရာလည်း ဖြစ်ပါတယ်။

စာရေးသူမှာ ကြီးကြီးမားမား ကျေးဇူးရှင်ထဲက ရွှေကူညီဆရာတော်ကြီးတစ်ပါးပဲ ကျန်ပါတော့တယ်။
ဆရာတော်ကြီးကို သက်ရှည်ကျန်းမာစွာ ဖူးမြော်ရတာနဲ့တင် စိတ်ချမ်းသာလှပါပြီ။

ဆရာတော်ကြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ တရားထူးတရားမြတ်များ ရရှိနိုင်ပါစေ… ။

တပည့်
ဝိစိတ္တ (ဝီရသူ)
12.11.2021