သတင္း

“သဟာယ အရုဏ္ဆြမ္း အႏုေမာဒနာ

တပုိတြဲလျပည့္ေက်ာ္ (၆)ရက္ 6.2.2018 မနက္ ၆း၀၀ နာရီ သဟာယေက်ာင္း သံဃာေတာ္မ်ားအား ႏုိ႔စိမ္းေခါက္ဆြဲ ဆက္ကပ္ပါတယ္။ ဆြမ္းအလွဴရွင္မ်ားကေတာ့ မႏၲေလး ေအာင္ေျမသာစံၿမဳိ႕နယ္ ေျမာက္ျပင္ ထားဝယ္ရပ္ အကြက္ (၄၄) ကဲပါတန္းလမ္းသြယ္ေန ေဒၚဝင္းၾကည္၊ ေဒၚခင္ၿပဳံး ညီအစ္မတစ္စုျဖစ္ပါတယ္။

ဦးဘၾကည္+ေဒၚၾကည္ခင္ မိဘႏွစ္ပါးႏွင့္ ေမာင္ျဖစ္သူ ဗုိလ္ႀကီးတင္ေမာင္ဝင္း(AGTI ေဆာက္လုပ္ေရး အင္ဂ်င္နီယာတပ္ရင္း ၄ တုိက္ႀကီးၿမဳိ႕) တုိ႔ကုိ ရည္စူးၿပီး ဆက္ကပ္တဲ့ကုသုိလ္ပါ။ မိဘႏွစ္ပါးႏွင့္ ေမာင္ျဖစ္သူတုိ႔ကုိ ေရစက္ခ်တဲ့အခါ အထူးရည္မွန္းၿပီး ေရစက္သြန္ခ် အမွ်ေဝၾကပါတယ္။

သံဃာေတာ္မ်ားအား ႏုိ႔စိမ္းေခါက္ဆြဲ ဆက္ကပ္တဲ့အျပင္ မန္း မေဟာ္သဓာ ေက်ာင္းေတာ္ႀကီးအတြက္ ၃၀၀၀၀၀(သုံးသိန္း)က်ပ္၊ မန္း မဘသအတြက္ ၁၀၀၀၀၀(တစ္သိန္း)က်ပ္၊ ဆရာေတာ္ဦးဝီရသူ၏ နဝကမၼအတြက္ ၃၀၀၀၀၀(သုံးသိန္း)က်ပ္ စုစုေပါင္း ၇၀၀၀၀၀(ခုနစ္သိန္း)က်ပ္ လွဴဒါန္းၾကပါတယ္။

အႏုေမာဒနာတရားအျဖစ္ အြန္လုိင္းမွာ ပ်ံ႕ႏွံ႔ေနေသာ ဘာသာျခားမ်ား၏ ဗုဒၶဘာသာကုိယ္ပုိင္ ေဝါဟာရမ်ားကုိ ပုိင္ဆုိးပုိင္နင္း ေျပာင္ေျပာင္တင္းတင္း ယူငင္သုံးစြဲ ေနၾကတာေတြနဲ႔ပတ္သက္ၿပီး ေဟာၾကားပါတယ္။ သံဃာဂုဏ္ရည္တရားေတာ္ပါ။
တစ္ျခားသာသနာေတာ္မွာ သံဃာဆုိတာမရွိ ရဟန္းဆုိတာမရွိ သိကၡာဆုိတာမရွိ ဘုန္းႀကီးဆုိတာပဲ ရွိသည္။

စီနီယာ ဂ်ဴနီယာပဲရွိသည္ ကုိရင္ဆုိတာပဲရွိသည္။ တစ္ျခားဘာသာမွာ နိဗၺာန္မရွိ ေကာင္းကင္ဘုံႏွင့္ ဂ်ႏၷက္ဆုိတာပဲရွိသည္။
တစ္ျခားဘာသာမွာ ဝိပႆနာဆုိတာမရွိ မဂၢင္ဆုိတာမရွိ သမထဆုိတာမရွိ ဥပုသ္ေစာင့္တာေလာက္ပဲ ရွိသည္ ဆုေတာင္းတာေလာက္ပဲ ရွိသည္ ပုတီးစိပ္တာေလာက္ပဲရွိသည္။ ထုိ႔ေၾကာင့္ ဗုဒၶဘာသာတရားေတာ္မ်ားကုိ ခုိးမယူဖုိ႔ တုိက္မယူဖုိ႔ ႏႈိက္မယူဖုိ႔ သတိေပးတရားေတာ္ ျဖစ္ပါတယ္။

 

“သဟာယ အရုဏ်ဆွမ်း အနုမောဒနာ”

တပိုတွဲလပြည့်ကျော် (၆)ရက် 6.2.2018 မနက် ၆း၀၀ နာရီ သဟာယကျောင်း သံဃာတော်များအား နို့စိမ်းခေါက်ဆွဲ ဆက်ကပ်ပါတယ်။ ဆွမ်းအလှူရှင်များကတော့ မန္တလေး အောင်မြေသာစံမြို့နယ် မြောက်ပြင် ထားဝယ်ရပ် အကွက် (၄၄) ကဲပါတန်းလမ်းသွယ်နေ ဒေါ်ဝင်းကြည်၊ ဒေါ်ခင်ပြုံး ညီအစ်မတစ်စုဖြစ်ပါတယ်။

ဦးဘကြည်+ဒေါ်ကြည်ခင် မိဘနှစ်ပါးနှင့် မောင်ဖြစ်သူ ဗိုလ်ကြီးတင်မောင်ဝင်း(AGTI ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ရင်း ၄ တိုက်ကြီးမြို့) တို့ကို ရည်စူးပြီး ဆက်ကပ်တဲ့ကုသိုလ်ပါ။ မိဘနှစ်ပါးနှင့် မောင်ဖြစ်သူတို့ကို ရေစက်ချတဲ့အခါ အထူးရည်မှန်းပြီး ရေစက်သွန်ချ အမျှဝေကြပါတယ်။

သံဃာတော်များအား နို့စိမ်းခေါက်ဆွဲ ဆက်ကပ်တဲ့အပြင် မန်း မဟော်သဓာ ကျောင်းတော်ကြီးအတွက် ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မန်း မဘသအတွက် ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ဆရာတော်ဦးဝီရသူ၏ နဝကမ္မအတွက် ၃၀၀၀၀၀(သုံးသိန်း)ကျပ် စုစုပေါင်း ၇၀၀၀၀၀(ခုနစ်သိန်း)ကျပ် လှူဒါန်းကြပါတယ်။

အနုမောဒနာတရားအဖြစ် အွန်လိုင်းမှာ ပျံ့နှံ့နေသော ဘာသာခြားများ၏ ဗုဒ္ဓဘာသာကိုယ်ပိုင် ဝေါဟာရများကို ပိုင်ဆိုးပိုင်နင်း ပြောင်ပြောင်တင်းတင်း ယူငင်သုံးစွဲ နေကြတာတွေနဲ့ပတ်သက်ပြီး ဟောကြားပါတယ်။ သံဃာဂုဏ်ရည်တရားတော်ပါ။
တစ်ခြားသာသနာတော်မှာ သံဃာဆိုတာမရှိ ရဟန်းဆိုတာမရှိ သိက္ခာဆိုတာမရှိ ဘုန်းကြီးဆိုတာပဲ ရှိသည်။

စီနီယာ ဂျူနီယာပဲရှိသည် ကိုရင်ဆိုတာပဲရှိသည်။ တစ်ခြားဘာသာမှာ နိဗ္ဗာန်မရှိ ကောင်းကင်ဘုံနှင့် ဂျန္နက်ဆိုတာပဲရှိသည်။
တစ်ခြားဘာသာမှာ ဝိပဿနာဆိုတာမရှိ မဂ္ဂင်ဆိုတာမရှိ သမထဆိုတာမရှိ ဥပုသ်စောင့်တာလောက်ပဲ ရှိသည် ဆုတောင်းတာလောက်ပဲ ရှိသည် ပုတီးစိပ်တာလောက်ပဲရှိသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်များကို ခိုးမယူဖို့ တိုက်မယူဖို့ နှိုက်မယူဖို့ သတိပေးတရားတော် ဖြစ်ပါတယ်။