သတင္း

ေဉယ်ဓမ္ေတာရသို႔ … (၄)

 ေဉယ်ဓမ္ေတာရသို႔ … (၄)

==============

မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီးကို ဖူးျမင္ရေတာ့မယ္ဆိုမွ လွဴဖြယ္ဝတၳဳကို သတိရလာေတာ့တယ္။ ဆရာေတာ္ႀကီးကို ဆက္ကပ္လွဴဒါန္းဖို႔အတြက္ မစိုးရိမ္တုိက္သစ္ဆရာေတာ္ႀကီး ဘဒၵႏၲသိရိႏၵာဘိဓဇ အထူးထုတ္မဂၢဇင္းရယ္၊ စာေရးသူရဲ႕ ျပည္သူ႔မွာတမ္းရယ္၊ စာခ်တန္း မစုိးရိမ္ပ႒ာန္းက်မ္းရယ္၊ ဆရာၿငိမ္းခ်မ္းသာရဲ႕ ရြာျပင္ထုတ္ခံရသူႀကီးရယ္၊ ျမန္မာဂါဒီးယန္းဂ်ာနယ္သစ္ေတြရယ္ ယူလာခဲ့ပါတယ္။ အဲဒါေတြအျပင္ ဆရာေတာ္ႀကီးကိုဆက္ကပ္ဖုိ႔ ဒကာႏွစ္ဦးဝယ္ယူလာတဲ့ သကၤန္းႏွစ္စံုကိုလည္း ျပင္ဆင္ထားလုိက္ပါတယ္။ ဒကာႏွစ္ဦးက ပုညဝုၯိေဆာင္မွာ တည္းခိုရတာဆိုေတာ့ သူတို႔မဖူးေျမာ္လုိက္ရေပမဲ့ သူတို႔သကၤန္းလွဴလိုက္ရတယ္ဆိုရင္ကိုပဲ ဝမ္းသာေနၾကမွာပါ။ ဒါေၾကာင့္ သူတို႔ကိုယ္စား ဆက္ကပ္ေပးဖို႔ ျပင္ဆင္လုိက္တာပါ။

တစ္ခုသတိရလာတာက ဆရာေတာ္ႀကီးအတြက္ အမွတ္တရျဖစ္ေစမယ့္ ကဗ်ာေတြ စာေတြ ေရးခ်င္လာတာပါပဲ။ ဘုန္းေတာ္ဘြဲ႔ ဂုဏ္ျပဳကဗ်ာေတြကေတာ့ ရိုးအီေနမွာပါ။ တစ္ႏိုင္ငံလံုးက သဲသဲလႈပ္ ၾကည္ညိဳဆည္းကပ္ေနၾကတာဆိုေတာ့ ဂုဏ္ျပဳစာေတြ ကဗ်ာေတြနဲ႔ တုိးေပါက္မွာ မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ သက္ေတာ္ရွည္ ဗာကုလမေထရ္ ပရိနိဗၺာန္စံခါနီးမွာ သံဃာေတာ္ေတြကို ေလွ်ာက္ထားတဲ့ ေထရုပၸတၱိဂါထာ (ကိုယ္တုိင္ေရး အတၳဳပၸတၱိစာသား)မ်ားထဲက ေနာက္ဆံုးသံုးဂါထာကို ကူးေရးဖုိ႔ စိတ္ကူးမိခဲ့ပါတယ္။

ဘုရားလက္ထက္တုန္းက ရဟႏၲာမေထရ္ႀကီးမ်ား ပရိနိဗၺာန္ျပဳေတာ့မယ္ဆုိရင္ ဘုရားထံအရင္လာၿပီး ခြင့္ေတာင္းေလ့ရွိပါတယ္။ ၿပီးမွ သံဃာ့ပရိသတ္ေရွ႕မွာ သံသရာက်င္လည္ခဲ့ရာ ဘဝျဖစ္စဥ္မ်ားကို လိုရင္းေျပာၿပီး ႏႈတ္ဆက္ေလ့ရွိၾကပါတယ္။ အဲဒီ ရဟႏၲာမေထရ္ႀကီးမ်ားရဲ႕ ကိုယ္ေရးရာဇဝင္ (ကိုယ္တုိင္ေဟာအတၳဳပၸတၱိ)မ်ားကို ေထရာပဒါန္လို႔ေခၚပါတယ္။

သက္ေတာ္ရွည္ ဗာကုလမေထရ္ႀကီးဟာ သက္ေတာ္ရွစ္ဆယ္အရြယ္ေရာက္မွ ရဟန္းဝတ္ခဲ့တာပါ။ သကၡာေတာ္ ရွစ္ဆယ္အရြယ္မွာ ပရိနိဗၺာန္ျပဳခဲ့တာပါ။ ပရိနိဗၺာန္ျပဳခ်ိန္မွာ ဘုရားမရွိေတာ့ေပမယ့္ သံဃာ့ေရွ႕ေမွာက္မွာ သူ႔ရဲ႕ ဘဝပါရမီေတြအေၾကာင္း ျပန္ေျပာျပၿပီး ပရိနိဗၺာန္ျပဳေတာ့မည့္အေၾကာင္း ခြင့္ေတာင္းခဲ့ ႏႈတ္ဆက္ခဲ့ပါတယ္။ တစ္နည္းအားျဖင့္ သူဟာ ရဟႏၲာျဖစ္ေၾကာင္း ရိုးရွင္းပြင့္လင္းစြာ ဝန္ခံေျပာၾကားၿပီး ေသမင္းကို လက္ေတြ႔ရင္ဆုိင္ကာ မတုန္မလႈပ္ ေသပြဲဝင္ျပခဲ့တာပါ။ ရဟႏၲာေတြ စုေတ(ပ်ံလြန္)တာကို ပရိနိဗၺာန္ျပဳတယ္လို႔ ေခၚပါတယ္။ သူတို႔မွာ ေနာက္ဘဝဆိုတာ မရွိၾကေတာ့ပါဘူး။ သံသရာဝဋ္ဆင္းရဲမွ လြတ္ေျမာက္သြားၾကပါၿပီ။ ေမြး၊ အုိ၊ နာ၊ ေသ ဒုကၡမွ အၿပီးတုိင္ လြတ္ေျမာက္သြားၾကသူေတြပါ။

ဒါေၾကာင့္ ပရိနိဗၺာန္စံဝင္ရေတာ့မယ္ဆုိရင္ အေတာ္ေပ်ာ္ရႊင္ၾကပါတယ္။ ဟန္ေဆာင္အေပ်ာ္မ်ဳိးမဟုတ္ဘဲ ေထာင္မွလြတ္တဲ့ အေပ်ာ္မ်ဳိးထက္ သာလြန္တဲ့ အေပ်ာ္မ်ဳိးနဲ႔ ဝမ္းေျမာက္ေပ်ာ္ရြင္ၾကတာပါ။ သံသရာအစဥ္အဆက္က ဆုေတာင္းခဲ့တာေတြ ျပည့္ၿပီ။ နိဗၺာန္ကို ရၿပီ။ နိဗၺာန္အရသာကို ခံစားခဲ့ၿပီ။ ဘဝသစ္တစ္ဖန္ ျပန္မျဖစ္ေတာ့ဘူးဆုိၿပီး ဝမ္းေျမာက္ဝမ္းသာနဲ႔ ပရိနိဗၺာန္ျပဳၾကတာပါ။ ေပ်ာ္ရႊင္စြာ ေသပြဲဝင္တယ္ပဲ ဆုိၾကပါစုိ႔။

အဲဒီလို ရဟႏၲာျဖစ္ေၾကာင္း ဝန္ခံေျပာၾကားတာကို အညံ ဗ်ာကရဏ လို႔ ေခၚပါတယ္။ မိမိ ရဟႏၲာျဖစ္ေၾကာင္းကို လူေတြထံ မေျပာေကာင္းေပမယ့္ သံဃာအခ်င္းခ်င္းေတာ့ ေျပာေကာင္းပါတယ္။

ဗာကုလမေထရ္ႀကီးရဲ႕ အညံ ဗ်ာကရဏ ဂါထာသံုးခုကို ပါဠိေတာ္မွ ကူးေရးၿပီး အနက္အဓိပၸါယ္ကို ကဗ်ာသံေပါက္စီမယ္။ ဆရာေတာ္ႀကီးကို ဆက္ကပ္မယ္ဆိုတဲ့စိတ္ကူးနဲ႔ ႏွစ္သိမ့္ေနမိကာမွ စာရြက္က မပါ။ စာရြက္လည္း ရွာမရ ျဖစ္သြားပါတယ္။ ကားေပၚရွာလည္း မရွိ၊ တပည့္ေတြလည္း မသိ၊ သာသနဝုၯိေက်ာင္းေဆာင္ထဲက စာအုပ္ဗီရိုကို ဖြင့္ၿပီးရွာၾကည့္ေတာ့လည္း မေတြ႔၊ အခ်ိန္ကလည္း နီးကပ္လြန္းေနတာေၾကာင့္ စာမူၾကမ္းေရးဖို႔ ပါလာတဲ့စာရြက္နဲ႔ပဲ ေရးလုိက္ရပါေတာ့တယ္။ ပ႒ာန္းစာမူၾကမ္းကို ပရု(ပ္)ဖတ္ တည္းျဖတ္ထားတဲ့ စာရြက္ပါ။ တစ္ဖက္က ပ႒ာန္း ကြန္ပ်ဴတာစာစီမူ၊ တစ္ဖက္က ဗလာေပါ့။ ပ႒ာန္းစာမူၾကမ္း ေက်ာဖက္မွာပဲ အျမန္ကူးေရး အျမန္စာစပ္ ကဗ်ာစပ္လုိက္ရတာပါ။

ဒုတိယဂါထာရဲ႕ အနက္အဓိပၸါယ္ကို မင္းကြန္းဆရာေတာ္ႀကီးက ကဗ်ာစပ္ထာတာျဖစ္လို႔ အဲဒီကဗ်ာကိုပဲ အလြတ္ေရးခ်လုိက္ပါတယ္။ က်န္ႏွစ္ဂါထာကေတာ့ တတ္သေလာက္ မွတ္သေလာက္ ေကာက္စပ္ေရးခ်လုိက္တာပါ။ ဆရာေတာ္ႀကီးလည္း သေဘာက်မယ္ထင္ပါတယ္။

—————————

“ေက်းဇူးရွင္ မဟာေဗာဓိၿမဳိင္ဆရာေတာ္ႀကီးအား ပူေဇာ္ပါသည္”

ဗာကုလေတၱရႆ ပရိနိဗၺာနသမေယ

သံဃမေဇၥၽ ဘိကၡဴနံ ၾသဝါဒမုေခန အညံ ဗ်ာကရဏ ဂါထတၱယံ

၁။       ေယာ ပုေဗၺ ကရဏီယာနိ၊ ပစၧာ ေသာ ကာတုမိစၧတိ။

          သုခါ ေသာ ဓံသေတ ဌာနာ၊ ပစၧာ စ မႏုတပၸတိ။

၂။       ယၪႇိ ကယိရာ တၪႇိ ဝေဒ၊ ယံ န ကယိရာ န တံ ဝေဒ။

          အကေရာႏၲံ ဘာသမာနံ၊ ပရိဇာနႏၲိ ပ႑ိတာ။

၃။       သု သုခံ ဝတ နိဗၺာနံ၊ သမၼာသမၺဳဒၶ ေဒသိတံ။

          အေသာကံ ဝိရဇံ ေခမံ၊ ယတၳ ဒုကၡံ နိရုဇၥၽတိ။

၁။       မအို မနာ၊ ျပဳအပ္စြာကို၊ အုိမွနာမွ၊ ျပဳလိုက၊

          သုခပ်က္စီး၊ ေနာင္တႀကီးစြာ ရလိမ့္မည္။

၂။       မလုပ္မေျပာ၊ လုပ္မွေျပာ၊ သေဘာစင္လွေစ။

          အေျပာသာခ်ဲ႕၊ အလုပ္မဲ့၊ ကဲ့ရဲ႕မလြတ္ေခ်။

၃။       ဘုရားေဟာရာ၊ နိဗၺာန္ဟာ၊ လြန္စြာခ်မ္းသာ၏။

          ဒုကၡခ်ဳပ္ရာ၊ နိဗၺာန္ဟာ၊ ေသာကျမဴရွင္း၊ ေဘးကင္း၏။

(အမွတ္ ၂ ကဗ်ာမွာ မင္းကြန္းတိပိဋကဆရာေတာ္ႀကီး၏ ကဗ်ာျဖစ္ပါသည္။)

တပည့္

ဝီရသူ

14.3.2022

—————————-

ဦးပၪၥင္း

ဝီရသူ(မစိုးရိမ္)

20.3.2022

——————————————– 

ဉေယျဓမ်တောရသို့ … (၄)

============== 

မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဖူးမြင်ရတော့မယ်ဆိုမှ လှူဖွယ်ဝတ္ထုကို သတိရလာတော့တယ်။ ဆရာတော်ကြီးကို ဆက်ကပ်လှူဒါန်းဖို့အတွက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဓဇ အထူးထုတ်မဂ္ဂဇင်းရယ်၊ စာရေးသူရဲ့ ပြည်သူ့မှာတမ်းရယ်၊ စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်းရယ်၊ ဆရာငြိမ်းချမ်းသာရဲ့ ရွာပြင်ထုတ်ခံရသူကြီးရယ်၊ မြန်မာဂါဒီးယန်းဂျာနယ်သစ်တွေရယ် ယူလာခဲ့ပါတယ်။ အဲဒါတွေအပြင် ဆရာတော်ကြီးကိုဆက်ကပ်ဖို့ ဒကာနှစ်ဦးဝယ်ယူလာတဲ့ သင်္ကန်းနှစ်စုံကိုလည်း ပြင်ဆင်ထားလိုက်ပါတယ်။ ဒကာနှစ်ဦးက ပုညဝုဍ္ဎိဆောင်မှာ တည်းခိုရတာဆိုတော့ သူတို့မဖူးမြော်လိုက်ရပေမဲ့ သူတို့သင်္ကန်းလှူလိုက်ရတယ်ဆိုရင်ကိုပဲ ဝမ်းသာနေကြမှာပါ။ ဒါကြောင့် သူတို့ကိုယ်စား ဆက်ကပ်ပေးဖို့ ပြင်ဆင်လိုက်တာပါ။ 

တစ်ခုသတိရလာတာက ဆရာတော်ကြီးအတွက် အမှတ်တရဖြစ်စေမယ့် ကဗျာတွေ စာတွေ ရေးချင်လာတာပါပဲ။ ဘုန်းတော်ဘွဲ့ ဂုဏ်ပြုကဗျာတွေကတော့ ရိုးအီနေမှာပါ။ တစ်နိုင်ငံလုံးက သဲသဲလှုပ် ကြည်ညိုဆည်းကပ်နေကြတာဆိုတော့ ဂုဏ်ပြုစာတွေ ကဗျာတွေနဲ့ တိုးပေါက်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သက်တော်ရှည် ဗာကုလမထေရ် ပရိနိဗ္ဗာန်စံခါနီးမှာ သံဃာတော်တွေကို လျှောက်ထားတဲ့ ထေရုပ္ပတ္တိဂါထာ (ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာသား)များထဲက နောက်ဆုံးသုံးဂါထာကို ကူးရေးဖို့ စိတ်ကူးမိခဲ့ပါတယ်။ 

ဘုရားလက်ထက်တုန်းက ရဟန္တာမထေရ်ကြီးများ ပရိနိဗ္ဗာန်ပြုတော့မယ်ဆိုရင် ဘုရားထံအရင်လာပြီး ခွင့်တောင်းလေ့ရှိပါတယ်။ ပြီးမှ သံဃာ့ပရိသတ်ရှေ့မှာ သံသရာကျင်လည်ခဲ့ရာ ဘဝဖြစ်စဉ်များကို လိုရင်းပြောပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။ အဲဒီ ရဟန္တာမထေရ်ကြီးများရဲ့ ကိုယ်ရေးရာဇဝင် (ကိုယ်တိုင်ဟောအတ္ထုပ္ပတ္တိ)များကို ထေရာပဒါန်လို့ခေါ်ပါတယ်။ 

သက်တော်ရှည် ဗာကုလမထေရ်ကြီးဟာ သက်တော်ရှစ်ဆယ်အရွယ်ရောက်မှ ရဟန်းဝတ်ခဲ့တာပါ။ သက္ခာတော် ရှစ်ဆယ်အရွယ်မှာ ပရိနိဗ္ဗာန်ပြုခဲ့တာပါ။ ပရိနိဗ္ဗာန်ပြုချိန်မှာ ဘုရားမရှိတော့ပေမယ့် သံဃာ့ရှေ့မှောက်မှာ သူ့ရဲ့ ဘဝပါရမီတွေအကြောင်း ပြန်ပြောပြပြီး ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်း ခွင့်တောင်းခဲ့ နှုတ်ဆက်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် သူဟာ ရဟန္တာဖြစ်ကြောင်း ရိုးရှင်းပွင့်လင်းစွာ ဝန်ခံပြောကြားပြီး သေမင်းကို လက်တွေ့ရင်ဆိုင်ကာ မတုန်မလှုပ် သေပွဲဝင်ပြခဲ့တာပါ။ ရဟန္တာတွေ စုတေ(ပျံလွန်)တာကို ပရိနိဗ္ဗာန်ပြုတယ်လို့ ခေါ်ပါတယ်။ သူတို့မှာ နောက်ဘဝဆိုတာ မရှိကြတော့ပါဘူး။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်သွားကြပါပြီ။ မွေး၊ အို၊ နာ၊ သေ ဒုက္ခမှ အပြီးတိုင် လွတ်မြောက်သွားကြသူတွေပါ။ 

ဒါကြောင့် ပရိနိဗ္ဗာန်စံဝင်ရတော့မယ်ဆိုရင် အတော်ပျော်ရွှင်ကြပါတယ်။ ဟန်ဆောင်အပျော်မျိုးမဟုတ်ဘဲ ထောင်မှလွတ်တဲ့ အပျော်မျိုးထက် သာလွန်တဲ့ အပျော်မျိုးနဲ့ ဝမ်းမြောက်ပျော်ရွင်ကြတာပါ။ သံသရာအစဉ်အဆက်က ဆုတောင်းခဲ့တာတွေ ပြည့်ပြီ။ နိဗ္ဗာန်ကို ရပြီ။ နိဗ္ဗာန်အရသာကို ခံစားခဲ့ပြီ။ ဘဝသစ်တစ်ဖန် ပြန်မဖြစ်တော့ဘူးဆိုပြီး ဝမ်းမြောက်ဝမ်းသာနဲ့ ပရိနိဗ္ဗာန်ပြုကြတာပါ။ ပျော်ရွှင်စွာ သေပွဲဝင်တယ်ပဲ ဆိုကြပါစို့။ 

အဲဒီလို ရဟန္တာဖြစ်ကြောင်း ဝန်ခံပြောကြားတာကို အညံ ဗျာကရဏ လို့ ခေါ်ပါတယ်။ မိမိ ရဟန္တာဖြစ်ကြောင်းကို လူတွေထံ မပြောကောင်းပေမယ့် သံဃာအချင်းချင်းတော့ ပြောကောင်းပါတယ်။ 

ဗာကုလမထေရ်ကြီးရဲ့ အညံ ဗျာကရဏ ဂါထာသုံးခုကို ပါဠိတော်မှ ကူးရေးပြီး အနက်အဓိပ္ပါယ်ကို ကဗျာသံပေါက်စီမယ်။ ဆရာတော်ကြီးကို ဆက်ကပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ နှစ်သိမ့်နေမိကာမှ စာရွက်က မပါ။ စာရွက်လည်း ရှာမရ ဖြစ်သွားပါတယ်။ ကားပေါ်ရှာလည်း မရှိ၊ တပည့်တွေလည်း မသိ၊ သာသနဝုဍ္ဎိကျောင်းဆောင်ထဲက စာအုပ်ဗီရိုကို ဖွင့်ပြီးရှာကြည့်တော့လည်း မတွေ့၊ အချိန်ကလည်း နီးကပ်လွန်းနေတာကြောင့် စာမူကြမ်းရေးဖို့ ပါလာတဲ့စာရွက်နဲ့ပဲ ရေးလိုက်ရပါတော့တယ်။ ပဋ္ဌာန်းစာမူကြမ်းကို ပရု(ပ်)ဖတ် တည်းဖြတ်ထားတဲ့ စာရွက်ပါ။ တစ်ဖက်က ပဋ္ဌာန်း ကွန်ပျူတာစာစီမူ၊ တစ်ဖက်က ဗလာပေါ့။ ပဋ္ဌာန်းစာမူကြမ်း ကျောဖက်မှာပဲ အမြန်ကူးရေး အမြန်စာစပ် ကဗျာစပ်လိုက်ရတာပါ။ 

ဒုတိယဂါထာရဲ့ အနက်အဓိပ္ပါယ်ကို မင်းကွန်းဆရာတော်ကြီးက ကဗျာစပ်ထာတာဖြစ်လို့ အဲဒီကဗျာကိုပဲ အလွတ်ရေးချလိုက်ပါတယ်။ ကျန်နှစ်ဂါထာကတော့ တတ်သလောက် မှတ်သလောက် ကောက်စပ်ရေးချလိုက်တာပါ။ ဆရာတော်ကြီးလည်း သဘောကျမယ်ထင်ပါတယ်။ 

————————— 

“ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးအား ပူဇော်ပါသည်”

ဗာကုလတ္တေရဿ ပရိနိဗ္ဗာနသမယေ

သံဃမဇ္ဈေ ဘိက္ခူနံ သြဝါဒမုခေန အညံ ဗျာကရဏ ဂါထတ္တယံ

၁။ ယော ပုဗ္ဗေ ကရဏီယာနိ၊ ပစ္ဆာ သော ကာတုမိစ္ဆတိ။

သုခါ သော ဓံသတေ ဌာနာ၊ ပစ္ဆာ စ မနုတပ္ပတိ။

၂။ ယဉှိ ကယိရာ တဉှိ ဝဒေ၊ ယံ န ကယိရာ န တံ ဝဒေ။

အကရောန္တံ ဘာသမာနံ၊ ပရိဇာနန္တိ ပဏ္ဍိတာ။ 

၃။ သု သုခံ ဝတ နိဗ္ဗာနံ၊ သမ္မာသမ္ဗုဒ္ဓ ဒေသိတံ။

အသောကံ ဝိရဇံ ခေမံ၊ ယတ္ထ ဒုက္ခံ နိရုဇ္ဈတိ။

၁။ မအို မနာ၊ ပြုအပ်စွာကို၊ အိုမှနာမှ၊ ပြုလိုက၊ 

သုခပျက်စီး၊ နောင်တကြီးစွာ ရလိမ့်မည်။ 

၂။ မလုပ်မပြော၊ လုပ်မှပြော၊ သဘောစင်လှစေ။

အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ။

၃။ ဘုရားဟောရာ၊ နိဗ္ဗာန်ဟာ၊ လွန်စွာချမ်းသာ၏။

ဒုက္ခချုပ်ရာ၊ နိဗ္ဗာန်ဟာ၊ သောကမြူရှင်း၊ ဘေးကင်း၏။ 

(အမှတ် ၂ ကဗျာမှာ မင်းကွန်းတိပိဋကဆရာတော်ကြီး၏ ကဗျာဖြစ်ပါသည်။)

တပည့် 

ဝီရသူ

14.3.2022

—————————- 

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

20.3.2022