သတင္း

ေဉယ်ဓမ္ေတာရသို႔ … (၇)

ေဉယ်ဓမ္ေတာရသို႔ … (၇)
==============

ေတာလမ္းေလးအတုိင္း ျပန္လာခဲ့ၾကပါတယ္။ ဆရာေတာ္ႀကီးစြန္႔ႀကဲေတာ္မူတဲ့ လွဴဖြယ္မ်ားကို ကပၸိယကိုခင္ေမာင္ဝင္းအဖြဲ႔က လုိက္ပို႔ၾကပါတယ္။ စာေရးသူတို႔ သာသနဝုၯိေက်ာင္း ျပန္ေရာက္တယ္ဆိုရင္ပဲ ေဉယ်ဓမ္ဝင္းရဲ႕ ဥပစာမွာရွိတဲ့ ပုညဝုၯိေဆာင္မွာတည္းခိုရတဲ့ ဒကာႏွစ္ေယာက္ အေျပးအလႊားေရာက္ရွိလာပါတယ္။ သူတို႔ႏွင့္အတူ ကင္မရာဆရာေလးလည္း ပါလာပါတယ္။ ကင္မရာဆရာေလးက စာေရးသူႏွင့္အတူ မစုိးရိမ္မွပါလာတဲ့ တပည့္ေက်ာင္းသားေလးပါ။ ဆရာေတာ္ႀကီးႏွင့္ ေတြ႔ဆံုတဲ့အခါ စနစ္တက် မွတ္တမ္းယူႏိုင္ဖုိ႔ သူ႔ကိုေခၚလာတာပါ။ ဒါေပမဲ့ သူလည္း ဖူးေျမာ္ခြင့္မရလုိက္၊ ကင္မရာေဒါက္တုိင္မ်ားလည္း မသံုးလုိက္ရပါ။ သြားခါနီးမွာ ကင္မရာေဒါက္တုိင္ ရွာၾကည့္ေပမဲ့ ကားေပၚမွာမက်န္ခဲ့ဘဲ သူႏွင့္အတူ ပါသြားတာေၾကာင့္ ျဖစ္ပါတယ္။

ဒကာေတြေရာက္လာေတာ့ စာေရးသူက “သကၤန္းတန္ခိုး သိပ္ႀကီးတာေနာ္၊ ရဟန္းႏွင့္ လူ အဲဒါကြာတာပဲ”ဟု အရႊင္းေဖာက္လုိက္ရာ “ဟုတ္တယ္ဘုရား၊ ဒီလိုမွန္သိ ညကတည္းက ေခါင္းရိတ္ သကၤန္းဝတ္ထားလုိက္ပါတယ္”လုိ႔ ေျပာရွာပါတယ္။

စာေရးသူထင္ထားတာက ဒကာတစ္ေယာက္ ႏွစ္ေယာက္ေတာ့ ဖူးခြင့္ရလိမ့္မယ္။ ေနာက္ဆံုး ကင္မရာဆရာေလာက္ေတာ့ ရလိမ့္မယ္ ထင္ထားတာပါ။ ဒါေၾကာင့္လည္း ဒကာေတြပဲ ေရြးေခၚခဲ့တာပါ။ အခုေတာ့ ေျပာင္းျပန္ျဖစ္သြားတာေပါ့ေနာ္။

အေဝးမွလာဖူးတဲ့ ပရိသတ္ေတြကေတာ့ ဆရာေတာ္ႀကီးဆြမ္းခံၾကြရာ လမ္းတစ္ေလွ်ာက္မွာပဲ ဖူးရတာပါ။ စာေရးသူရဲ႕ ဒကာ ကပၸိယေတြကေတာ့ ေဉယ်ဓမ္ဝင္းအထိ ဝင္ခြင့္ရၾကပါတယ္။ ဆရာေတာ္ႀကီးသီတင္းသံုးရာ ေက်ာင္းေတာ္ေဟာင္း သာသနဝုၯိေက်ာင္းထဲလည္း ဝင္ေရာက္ေနထုိင္ခြင့္ ရခဲ့ပါတယ္။ (အိပ္လုိ႔သာ မရတာပါ။) ဒါေၾကာင့္ ဘုရားဖူးပရိသတ္ထက္ေတာ့ ကံေကာင္းၾကပါေသးတယ္။

ဆရာေတာ္ႀကီးဆီက ျပန္ၾကြလာေတာ့ ၁၀း၀၀နာရီခန္႔ပဲ ရွိပါေသးတယ္။ ဒါေၾကာင့္ သာသနဝုၯိေက်ာင္းဝင္းအတြင္း အမႈိက္လွည္း၊ အမႈိက္ႀကံဳး၊ သစ္ပင္ေရေလာင္းျခင္းျဖင့္ ေရာက္တုန္းေရာက္ခုိက္ေလး သာသနေဝယ်ဝစၥ ေက်ာင္းသန္႔ရွင္းေရးကုသိုလ္ ယူၾကပါတယ္။ တံျမက္စည္းလွည္းသူက လွည္း၊ အမႈိက္ႀကဳံးသူကႀကဳံး၊ သစ္ပင္ေရေလာင္းသူက ေလာင္းၾကေပါ့။
စာေရးသူလည္း တံျမက္စည္းအႏုျဖင့္ လွည္းက်င္းကာ ေရပုိက္ျဖင့္ သစ္ပင္ေရေလာင္းရင္း နေမာ တႆ ရြတ္ပြားကာ ေဉယ်ဓမ္ကုသိုလ္ကို အမိအရ ယူရပါေတာ့တယ္။

တံျမက္စည္းလွည္းရျခင္းရဲ႕ အက်ဳိးတရားမ်ားကို ပိဋကတ္ေတာ္လာ က်မ္းဂန္အေျမာက္အမ်ားမွာ အက်ဳိးတရားေျမာက္မ်ားစြာ ေတြ႔ရပါတယ္။ အဲဒီထဲက ဝိနည္းပါဠိေတာ္ ပဥၥမအုပ္ ပရိဝါက်မ္းမွာ အက်ဳိးငါးပါးရွိေၾကာင္း ႏွစ္နည္းေဟာၾကားထားပါတယ္။
ထူးျခားမွတ္သားဖြယ္ရာ မ်ားစြာပါေပမယ့္ တုိက္ဆုိင္မႈေလးေတြ ရွိေစခ်င္လုိ႔ ဝတၳဳတစ္ပုဒ္ကိုပဲ ေရးသားလုိက္ပါတယ္။

၁။ မိမိစိတ္ကို ၾကည္လင္ေစျခင္း (သကစိတၱံ ပသီဒတိ)။
၂။ သူတစ္ပါးစိတ္ကို ၾကည္လင္ေစျခင္း (ပရစိတၱံ ပသီဒတိ)။
၃။ နတ္တို႔ႏွစ္သက္ကုန္ျခင္း (ေဒဝတာ အတၱမနာ ေဟာႏၲိ)။
၄။ ၾကည္ညဳိျခင္းကိုျဖစ္ေစေသာ ကုသိုလ္ကံကို ဆည္းပူးျခင္း (ပါသာဒိက သံဝတၱနိကကမၼံ ဥပစိနတိ)။
၅။ တမလြန္၌ နတ္ျပည္သို႔ေရာက္ရျခင္း (ကာယႆ ေဘဒါ ပရံ မရဏာ သုဂတႎ သဂၢံ ေလာကံ ဥပပဇၨတိ)။

အခါတစ္ပါး ေတာေက်ာင္းေလးကို အသစ္ေရာက္လာတဲ့ ေတာရရဟန္းေတာ္တစ္ပါးဟာ တံျမက္စည္းလွည္းျခင္းဆုိတဲ့ နိဗဒၶဝတ္တစ္ခု အၿမဲျပဳခဲ့ပါတယ္။ အဲဒါကို ေသနာသနဝတ္လုိ႔ ေခၚပါတယ္။ ေစတီရင္ျပင္ ေဗာဓိပင္ရင္ျပင္ကို အၿမဲတံျမက္စည္းလွည္းပါတယ္။ တစ္ေန႔ ေရခ်ဳိးကအျပန္ ၎ရဲ႕ေက်ာင္းေတာ္ေလးမွာ ပရိသတ္ေတြ ေရာက္ရွိေနပါတယ္။ ပန္းေတြကိုယ္စီ ကိုင္ေဆာင္ထားၿပီး မေထရ္ကို ပန္းေတြႏွင့္ ပူးေဇာ္ႀကဳိဆုိေနတာပါ။ “ဘယ္ရြာကလာၾကတာလဲ”လုိ႔ မေထရ္က ေမးေတာ္မူေတာ့ “ဒီမွာပဲ ေနၾကတာပါဘုရား၊ ဒီေက်ာင္းေဆာက္ၿပီးတဲ့အခ်ိန္ကတည္းက အရွင္ဘုရားလို ေက်ာင္းဝတ္ၿမဲတဲ့ ရဟန္းေတာ္မ်ဳိး မဖူးဘူးလို႔ လာဖူးတာပါဘုရား၊ အရွင္ဘုရားကို ၾကည္ညဳိလြန္းလို႔ပါဘုရား”လုိ႔ ေလွ်ာက္ထားၾကပါတယ္။

စာေရးသူလည္း တံျမက္စည္းလွည္းတဲ့ ေသနာသနဝတ္ၿမဲတဲ့ ရဟန္းေတာ္တစ္ပါးပါ။ တံျမက္စည္းလွည္းတဲ့ ကုသိုလ္ေလးက မေျပာပေလာက္ေပမယ့္ နတ္ခ်စ္တယ္ဆိုတာေတာ့ သိရွိထားရမွာပါ။ နတ္ေဒဝါေတြ ခ်စ္ၾကည္ညဳိလုိ႔ လာဖူးၾကတာ မဟုတ္ေလာ။
တံျမက္စည္းလွည္းရင္ နတ္ခ်စ္တယ္ေနာ္။
ပန္းေတြႏွင့္ ပူေဇာ္ေနၾကမွာ။

ဦးပဥၥင္း
ဝီရသူ(မစိုးရိမ္)
23.3.2022 
————————————– 
ဉေယျဓမ်တောရသို့ … (၇)
==============

တောလမ်းလေးအတိုင်း ပြန်လာခဲ့ကြပါတယ်။ ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ လှူဖွယ်များကို ကပ္ပိယကိုခင်မောင်ဝင်းအဖွဲ့က လိုက်ပို့ကြပါတယ်။ စာရေးသူတို့ သာသနဝုဍ္ဎိကျောင်း ပြန်ရောက်တယ်ဆိုရင်ပဲ ဉေယျဓမ်ဝင်းရဲ့ ဥပစာမှာရှိတဲ့ ပုညဝုဍ္ဎိဆောင်မှာတည်းခိုရတဲ့ ဒကာနှစ်ယောက် အပြေးအလွှားရောက်ရှိလာပါတယ်။ သူတို့နှင့်အတူ ကင်မရာဆရာလေးလည်း ပါလာပါတယ်။ ကင်မရာဆရာလေးက စာရေးသူနှင့်အတူ မစိုးရိမ်မှပါလာတဲ့ တပည့်ကျောင်းသားလေးပါ။ ဆရာတော်ကြီးနှင့် တွေ့ဆုံတဲ့အခါ စနစ်တကျ မှတ်တမ်းယူနိုင်ဖို့ သူ့ကိုခေါ်လာတာပါ။ ဒါပေမဲ့ သူလည်း ဖူးမြော်ခွင့်မရလိုက်၊ ကင်မရာဒေါက်တိုင်များလည်း မသုံးလိုက်ရပါ။ သွားခါနီးမှာ ကင်မရာဒေါက်တိုင် ရှာကြည့်ပေမဲ့ ကားပေါ်မှာမကျန်ခဲ့ဘဲ သူနှင့်အတူ ပါသွားတာကြောင့် ဖြစ်ပါတယ်။

ဒကာတွေရောက်လာတော့ စာရေးသူက “သင်္ကန်းတန်ခိုး သိပ်ကြီးတာနော်၊ ရဟန်းနှင့် လူ အဲဒါကွာတာပဲ”ဟု အရွှင်းဖောက်လိုက်ရာ “ဟုတ်တယ်ဘုရား၊ ဒီလိုမှန်သိ ညကတည်းက ခေါင်းရိတ် သင်္ကန်းဝတ်ထားလိုက်ပါတယ်”လို့ ပြောရှာပါတယ်။

စာရေးသူထင်ထားတာက ဒကာတစ်ယောက် နှစ်ယောက်တော့ ဖူးခွင့်ရလိမ့်မယ်။ နောက်ဆုံး ကင်မရာဆရာလောက်တော့ ရလိမ့်မယ် ထင်ထားတာပါ။ ဒါကြောင့်လည်း ဒကာတွေပဲ ရွေးခေါ်ခဲ့တာပါ။ အခုတော့ ပြောင်းပြန်ဖြစ်သွားတာပေါ့နော်။

အဝေးမှလာဖူးတဲ့ ပရိသတ်တွေကတော့ ဆရာတော်ကြီးဆွမ်းခံကြွရာ လမ်းတစ်လျှောက်မှာပဲ ဖူးရတာပါ။ စာရေးသူရဲ့ ဒကာ ကပ္ပိယတွေကတော့ ဉေယျဓမ်ဝင်းအထိ ဝင်ခွင့်ရကြပါတယ်။ ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းတော်ဟောင်း သာသနဝုဍ္ဎိကျောင်းထဲလည်း ဝင်ရောက်နေထိုင်ခွင့် ရခဲ့ပါတယ်။ (အိပ်လို့သာ မရတာပါ။) ဒါကြောင့် ဘုရားဖူးပရိသတ်ထက်တော့ ကံကောင်းကြပါသေးတယ်။

ဆရာတော်ကြီးဆီက ပြန်ကြွလာတော့ ၁၀း၀၀နာရီခန့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် သာသနဝုဍ္ဎိကျောင်းဝင်းအတွင်း အမှိုက်လှည်း၊ အမှိုက်ကြုံး၊ သစ်ပင်ရေလောင်းခြင်းဖြင့် ရောက်တုန်းရောက်ခိုက်လေး သာသနဝေယျဝစ္စ ကျောင်းသန့်ရှင်းရေးကုသိုလ် ယူကြပါတယ်။ တံမြက်စည်းလှည်းသူက လွည်း၊ အမှိုက်ကြုံးသူကကြုံး၊ သစ်ပင်ရေလောင်းသူက လောင်းကြပေါ့။
စာရေးသူလည်း တံမြက်စည်းအနုဖြင့် လှည်းကျင်းကာ ရေပိုက်ဖြင့် သစ်ပင်ရေလောင်းရင်း နမော တဿ ရွတ်ပွားကာ ဉေယျဓမ်ကုသိုလ်ကို အမိအရ ယူရပါတော့တယ်။

တံမြက်စည်းလှည်းရခြင်းရဲ့ အကျိုးတရားများကို ပိဋကတ်တော်လာ ကျမ်းဂန်အမြောက်အများမှာ အကျိုးတရားမြောက်များစွာ တွေ့ရပါတယ်။ အဲဒီထဲက ဝိနည်းပါဠိတော် ပဉ္စမအုပ် ပရိဝါကျမ်းမှာ အကျိုးငါးပါးရှိကြောင်း နှစ်နည်းဟောကြားထားပါတယ်။
ထူးခြားမှတ်သားဖွယ်ရာ များစွာပါပေမယ့် တိုက်ဆိုင်မှုလေးတွေ ရှိစေချင်လို့ ဝတ္ထုတစ်ပုဒ်ကိုပဲ ရေးသားလိုက်ပါတယ်။

၁။ မိမိစိတ်ကို ကြည်လင်စေခြင်း (သကစိတ္တံ ပသီဒတိ)။
၂။ သူတစ်ပါးစိတ်ကို ကြည်လင်စေခြင်း (ပရစိတ္တံ ပသီဒတိ)။
၃။ နတ်တို့နှစ်သက်ကုန်ခြင်း (ဒေဝတာ အတ္တမနာ ဟောန္တိ)။
၄။ ကြည်ညိုခြင်းကိုဖြစ်စေသော ကုသိုလ်ကံကို ဆည်းပူးခြင်း (ပါသာဒိက သံဝတ္တနိကကမ္မံ ဥပစိနတိ)။
၅။ တမလွန်၌ နတ်ပြည်သို့ရောက်ရခြင်း (ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ)။

အခါတစ်ပါး တောကျောင်းလေးကို အသစ်ရောက်လာတဲ့ တောရရဟန်းတော်တစ်ပါးဟာ တံမြက်စည်းလှည်းခြင်းဆိုတဲ့ နိဗဒ္ဓဝတ်တစ်ခု အမြဲပြုခဲ့ပါတယ်။ အဲဒါကို သေနာသနဝတ်လို့ ခေါ်ပါတယ်။ စေတီရင်ပြင် ဗောဓိပင်ရင်ပြင်ကို အမြဲတံမြက်စည်းလှည်းပါတယ်။ တစ်နေ့ ရေချိုးကအပြန် ၎င်းရဲ့ကျောင်းတော်လေးမှာ ပရိသတ်တွေ ရောက်ရှိေနပါတယ်။ ပန်းတွေကိုယ်စီ ကိုင်ဆောင်ထားပြီး မထေရ်ကို ပန်းတွေနှင့် ပူးဇော်ကြိုဆိုနေတာပါ။ “ဘယ်ရွာကလာကြတာလဲ”လို့ မထေရ်က မေးတော်မူတော့ “ဒီမှာပဲ နေကြတာပါဘုရား၊ ဒီကျောင်းဆောက်ပြီးတဲ့အချိန်ကတည်းက အရှင်ဘုရားလို ကျောင်းဝတ်မြဲတဲ့ ရဟန်းတော်မျိုး မဖူးဘူးလို့ လာဖူးတာပါဘုရား၊ အရှင်ဘုရားကို ကြည်ညိုလွန်းလို့ပါဘုရား”လို့ လျှောက်ထားကြပါတယ်။

စာရေးသူလည်း တံမြက်စည်းလှည်းတဲ့ သေနာသနဝတ်မြဲတဲ့ ရဟန်းတော်တစ်ပါးပါ။ တံမြက်စည်းလှည်းတဲ့ ကုသိုလ်လေးက မပြောပလောက်ပေမယ့် နတ်ချစ်တယ်ဆိုတာတော့ သိရှိထားရမှာပါ။ နတ်ဒေဝါတွေ ချစ်ကြည်ညိုလို့ လာဖူးကြတာ မဟုတ်လော။
တံမြက်စည်းလှည်းရင် နတ်ချစ်တယ်နော်။
ပန်းတွေနှင့် ပူဇော်နေကြမှာ။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
23.3.2022