သတင္း

စာခ်တန္း မစုိးရိမ္ပ႒ာန္းက်မ္း စာအုပ္ အလွဴေတာ္

စာခ်တန္း မစုိးရိမ္ပ႒ာန္းက်မ္း စာအုပ္ အလွဴေတာ္
=====================

ျပာသိုလဆုတ္ ၆ရက္ (22.1.2022)ရက္ေန႔၊ မနက္ ၁၁း၀၀နာရီ၊ ေနျပည္ေတာ္၊ ဇမၺဴသီရိၿမဳိ႕နယ္၊ သေျပကုန္းရပ္ကြက္ရွိ ေနျပည္ေတာ္မစုိးရိမ္တုိက္သစ္သို႔ သြားေရာက္လွဴဒါန္းပါတယ္။

စာအုပ္အလွဴရွင္က ေနျပည္ေတာ္၊ ဥတၱရသီရိၿမဳိ႕နယ္၊ ဦးတင္ေမာင္ဝင္း+ေဒၚေဌး (ေရႊအိမ္)မိသားစုျဖစ္ၿပီး ဆရာေတာ္အရွင္ဝီရသူ(မစုိးရိမ္) အခ်ဳပ္သားလူနာဘဝနဲ႔ အမွတ္(၁)တပ္မေတာ္ေဆးရံု(ခုတင္ ၁၀၀၀)မွာ ေရးသာျပဳစုခဲ့တဲ့ “စာခ်တန္း မစုိးရိမ္ပ႒ာန္းက်မ္း”စာအုပ္(၂၀၅)အုပ္၊ ေရႊမ်က္စဥ္ႏွင့္ ေရႊတံခါးရွဴေဆးမ်ားကို ေနျပည္ေတာ္စိုးရိမ္တုိက္သစ္ရွိ စာခ်ဆရာေတာ္မ်ား၊ စာခ်တန္းသံဃာေတာ္မ်ားအား အပါးေစ့ လွဴဒါန္းျခင္းျဖစ္ပါတယ္။

ရန္ကုန္ၿမဳိ႕၊ ေရႊျပည္သာၿမဳိ႕နယ္၊ ကိုရန္ႀကီးေအာင္+ေဒၚတင္တင္ေမာ္ (ေမာ္ေမာ္ေရႊဆုိင္)မိသားစုတုိ႔လည္း လုိက္ပါကုသိုလ္ယူၾကပါတယ္။

ေနျပည္ေတာ္ရွိ စာသင္တုိက္ႀကီးမ်ားျဖစ္တဲ့ ဓမၼိကာရာမအုန္းေတာစာသင္တုိက္အပါအဝင္ အျခားစာသင္တုိက္တုိ႔သို႔လည္း သြားေရာက္လွဴဒါန္းခဲ့ပါတယ္။  
———————————- 
စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း စာအုပ် အလှူတော်
=====================

ပြာသိုလဆုတ် ၆ရက် (22.1.2022)ရက်နေ့၊ မနက် ၁၁း၀၀နာရီ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ နေပြည်တော်မစိုးရိမ်တိုက်သစ်သို့ သွားရောက်လှူဒါန်းပါတယ်။

စာအုပ်အလှူရှင်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဦးတင်မောင်ဝင်း+ဒေါ်ဌေး (ရွှေအိမ်)မိသားစုဖြစ်ပြီး ဆရာတော်အရှင်ဝီရသူ(မစိုးရိမ်) အချုပ်သားလူနာဘဝနဲ့ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင် ၁၀၀၀)မှာ ရေးသာပြုစုခဲ့တဲ့ “စာချတန်း မစိုးရိမ်ပဋ္ဌာန်းကျမ်း”စာအုပ်(၂၀၅)အုပ်၊ ရွှေမျက်စဉ်နှင့် ရွှေတံခါးရှူဆေးများကို နေပြည်တော်စိုးရိမ်တိုက်သစ်ရှိ စာချဆရာတော်များ၊ စာချတန်းသံဃာတော်များအား အပါးစေ့ လှူဒါန်းခြင်းဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ကိုရန်ကြီးအောင်+ဒေါ်တင်တင်မော် (မော်မော်ရွှေဆိုင်)မိသားစုတို့လည်း လိုက်ပါကုသိုလ်ယူကြပါတယ်။

နေပြည်တော်ရှိ စာသင်တိုက်ကြီးများဖြစ်တဲ့ ဓမ္မိကာရာမအုန်းတောစာသင်တိုက်အပါအဝင် အခြားစာသင်တိုက်တို့သို့လည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။