မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ အိတ္ဖြင့္ေပးစာ အမွတ္(၂) (ဃ)

ဒုတိယအႀကိမ္ သြားေရာက္ၾသဝါဒခံခဲ့ပါတယ္။ ဥကၠ႒ဆရာေတာ္ႀကီးမိန္႔တာက
“ဆရာေတာ္ဦးတိကၡ ရပ္တည္ခ်က္ၿမဲပါ့မလား၊ သတိမေကာင္းေတာ့ဘူး၊ ေမးရင္ မသိဘူး ျဖစ္ေနတယ္၊ အဲဒါျပႆနာပဲ” “ေရႊဆံႏြယ္ထံမွ ဝီရသူဆီေရာက္၊ အဲဒါ ဂြက်တာပဲ” “ဦးတိကၡ ဦးစီးတည္ေထာင္တယ္ဆိုၿပီး လက္သီးလက္ေမာင္းတန္းတာက ဝီရသူျဖစ္ေနတယ္။ ကိုယ္ျဖစ္ခ်င္တာ ေအးေအးေဆးေဆးႀကံၿပီး လုပ္ရမွာ” ဆုိတာေတြပါပဲ။
ဥကၠ႒ဆရာေတာ္ႀကီးစကားအရ ေျမကြက္က ေရႊဆံႏြယ္ဆရာေတာ္ထံမွ ဝါခင္းကုန္းဆရာေတာ္ႀကီးထံ ေရာက္ရင္ ၿပီးစီးသြားပါၿပီ။ ဝါခင္းကုန္းဆရာေတာ္ထံမေရာက္ဘဲ ဝီရသူထံေရာက္တာကို ျပႆနာလုိ႔ ေျပာတာကို ေထာက္ရင္ ပုဂၢဳိလ္ေရး အျမင္မၾကည္မႈေၾကာင့္ ခ်မေပးတာ ထင္ရွားသြားပါၿပီ။
မေဟာ္သဓာေက်ာင္းနဲ႔ပတ္သက္လုိ႔ ဝီရသူူတစ္ခါမွ လက္သီးလက္ေမာင္း မတန္းေသးပါဘူး။ 25.11.2018 ရက္ေန႔မွာျပဳလုပ္တဲ့ စံုညီအစည္းအေဝးတုန္းက ေၾကြးေၾကာ္သံတုိင္ေပးသူ လုိက္ဆိုသူေတြသာ လက္တစ္ဖက္ ေျမာက္ၿပီး ေအာင္ရမည္၊ ေအာင္ရမည္လို႔ ေၾကြးေၾကာ္ၾကတာပါ။
ကိုယ္ျဖစ္ခ်င္တာ ေအးေအးေဆးေဆးႀကံၿပီး လုပ္ရမွာလုိ႔ လမ္းညႊန္တဲ့ ဥကၠ႒ဆရာေတာ္ႀကီးရဲ႕ စိတ္ ေစတနာကို ေလးစားမိပါတယ္။ ဒါေပမဲ့ ၿမဳိ႕နယ္အဆင့္နဲ႔တင္ ၿပီးရမည့္ကိစၥ၊ ဥပေဒေတြ လုပ္ထံုးလုပ္နည္း ေတြနဲ႔ညီရင္ ခြင့္ျပဳရမည့္ကိစၥ၊ တင္ျပခ်က္ေတြလည္း အာမခံခ်က္အျပည့္အဝရွိတဲ့ အေထာက္အထားခုိိင္လံု ေနတဲ့ကိစၥ၊ ရြာသူရြာသားေတြလည္း အျပည့္အဝေထာက္ခံေနတဲ့ကိစၥ၊ စာလည္း အႀကိမ္ႀကိမ္တင္၊ ႏွစ္ႀကိမ္တိတိ တုိင္းရံုးသြားၿပီးေတာ့လည္း ေတြ႔ဆံုခြင့္ေတာင္းခဲ့တဲ့ကိစၥေတြမွာ ဘာတစ္ခုမွ် အေၾကာင္းမျပန္တဲ့သူက ျပႆနာလား၊ လက္ရုံးတန္းၿပီး မေဟာ္သဓာေက်ာင္းေတာ္ႀကီး ေအာင္ရမည္ ေအာင္ရမည္ဟု ေၾကြးေၾကာ္သူေတြက ျပႆနာလား။ တုိင္းဥကၠ႒ဆရာေတာ္ႀကီးကို ေလွ်ာက္ထားေပးပါဦးဒကာာေတာ္။
ဆက္လက္ၿပီး တုိင္းဥကၠ႒ဆရာေတာ္ႀကီး မိန္႔ေတာ္မူတဲ့စကားေတြထဲမွာ ေတြ႔ရတာက
“စီမံကိန္းမရွိမွ ခ်ေပးတာ” “ဒီေနရာမွ ဒီေနရာဆိုၿပီး အစြဲအလန္းမထားဖုိ႔ပဲ” “ေနရာကို အစြဲအလန္းမထားနဲ႔အံုး” “ေနရာက ေက်ာက္ထုတ္တဲ့ေနရာမဟုတ္လား” “ဘိလပ္ေျမစက္ရုံေတြ အရင္ခ်ထားတဲ့ေနရာမဟုတ္လား” “လ်ာထားခ်က္ကလည္း စီမံကိန္းပဲေလ” “ရည္ရြယ္ခ်က္က ဘာေတြလဲ ေျဖးေျဖးခ်င္းမွ ေပၚလာမွာ” “ေနရာကို မစြဲလန္းနဲ႔ဆိုတာ အဲဒါေျပာတာ” “တစ္ေနရာေတာ့ ရရမယ္လို႔ ဘုန္းႀကီးက ယူဆတယ္” “ဦးတိကၡႀကီး တကယ္ဦးေဆာင္မယ္ဆိုရင္ ေျပာတာေလ” ဆိုတာေတြပါပဲ။

ဒါေတြကိုၾကည့္ရင္ အလုပ္မျဖစ္ေတာ့လုိ႔ ပ်က္ျပယ္သြားတဲ့ တန္၂၅၀၀က် တပ္မေတာ္ဘိလပ္ေျမစီမံကိန္းကို အေၾကာင္းျပၿပီး မန္းမေဟာ္သဓာေျမကြက္က စီမံကိန္းနဲ႔မလြတ္သလို ႏိုင္ငံေရးသမားေတြက ဂ်င္းထည့္ထားတာ၊ ဘိလပ္ေျမစီမံကိန္းမွ လြတ္တယ္ဆိုျပန္ေတာ့လည္း NLD အစုိးရလက္ထက္က်မွ စီမံကိန္းအသစ္လ်ာထားတယ္ လုပ္ျပန္တာ ေတြ႔႔ရပါတယ္။
ဆုိလုိရင္းကေတာ့ တပ္မေတာ္ဘိလပ္ေျမစီမံကိန္းေျမနဲ႔ မလြတ္လို႔ ေက်ာင္းေဆာက္ခြင့္မေပးႏိုင္ဘူး။ တပ္မေတာ္ဘိလပ္ေျမစီမံကိန္းေျမနဲ႔ လြတ္ရင္လည္း NLD အစိုးရလက္ထက္ စီမံကိန္းအသစ္လ်ာထားေျမနဲ႔ မလြတ္လို႔ ခြင့္မျပဳႏိုင္ဘူး။ ဒါေၾကာင့္ ေျမေနရာ အစြဲအလန္းမထားနဲ႔ အျခားေနရာမွာ သြားေဆာက္ရင္ ေဆာက္ရမွာ။ အျခားေနရာ သြားေဆာက္ဖုိ႔ ေျမကြက္ခ်ေပးတဲ့အခါမွာလည္း ဝါခင္းကုန္းဆရာေတာ္ႀကီး ဦးေဆာင္မွပဲ ေျမကြက္ ခ်ေပးမွာ ဆုိတဲ့အဓိပၸါယ္ပါပဲ။
ဝီရသူဦးေဆာင္လို႔ ဒီေနရာမေပးႏိုင္ဘူး။ အျခားေနရာမွာ ေဆာက္ရင္လည္း ဝီရသူမပါမွ ရမွာလို႔ ေျပာလုိရင္းပါ။ ဒါဆိုရင္ ေျမကြက္က ျပႆနာမဟုတ္ဘဲ ပုဂၢဳိလ္က ျပႆနာဆိုတာ ေပၚလြင္သြားပါၿပီ။ မန္းမေဟာ္သဓာတည္ေဆာက္ေရးကို အေၾကာင္းျပဳၿပီး ေက်ာက္ေခ်ာေက်းရြာျပည္သူေတြေတာ့ ေရႊြ႕ရ ေျပာင္းရ ေျပးရလႊားရနဲ႔ ဘုံေပ်ာက္ဒုကၡ ေရာက္ၾကရဦးမွာေပါ့ေနာ္။ ဒီေနရာေတြကို လွဴထားလုိ႔သာ ဒီေနရာမွာ ေက်ာင္းေဆာက္ဖုိ႔ စီစဥ္ရတာျဖစ္သလို ပညာေရးဗန္းျပၿပီး ႏိုင္ငံေရးလုပ္ဖုိ႔၊ အစုိးရကိုတုိက္ခိုက္ဖုိ႔ ဒီေနရာကို ေရြးခဲ့ၾကတာမဟုတ္ဘူးဆိုတာကိုေတာ့ ဒကာေတာ္တုိ႔အစိုးရ တစ္ဖြဲ႔လံုး သိေစခ်င္ပါတယ္။
ဆက္လက္ၿပီး တုိင္းဥကၠ႒ဆရာေတာ္ႀကီးက အခုလို မိန္႔ေတာ္မူပါတယ္။ “ဒီထဲ(အစိုးရထံတင္ျပထားတဲ့ေလွ်ာက္လႊာထဲ) ဝီရသူဆိုတာ မပါ” “သြားၾကည့္လုိက္ေတာ့ ဝီရသူလက္ရာေတြခ်ည္း ျဖစ္ေနတယ္” “ဝီရသူေဖာင္ေဒးရွင္း ဘာညာ ရုံးခန္းမွာ” “ဦးတိကၡဦးေဆာင္တယ္ဆိုရင္ သူကတင္ရမွာ ဂရန္ခ်ေပးဖုိ႔” “ေရႊဆံႏြယ္လွဴတာက တစ္ေယာက္ တင္ျပတာကတစ္ေယာက္ အဲဒီလိုျဖစ္ေနတယ္”
ဆရာေတာ္သံဃာေတာ္ေတြရဲ႕ ဘြဲ႔အမည္နဲ႔ တင္ျပရမည့္အရာ မဟုတ္ပါဘူး။ လူပုဂၢဳိလ္အမည္နဲ႔မွ တင္ျပရမည့္အရာမ်ဳိးျဖစ္ပါတယ္။ ဆရာေတာ္သံဃာေတာ္ေတြရဲ႕ ဘြဲ႔အမည္နဲ႔ေလွ်ာက္ရင္ ဘကပညာေရးေက်ာင္းပဲ ရမွာပါ။ ပုဂၢလိကပညာေရး (ကိုယ္ပိုင္အထက္တန္း)ေက်ာင္း ရမွာမဟုတ္ပါဘူး။ သာသနာ့ေျမနဲ႔ စာသင္ေက်ာင္းေျမ လံုးဝ မတူပါဘူး။ ဒီသေဘာကို ဥကၠ႒ဆရာေတာ္ႀကီး သိေတာ္မမူလုိ႔ပဲ အခုလိုမိန္႔ေတာ္မူရွာတာျဖစ္မွာပါ။
ဒီလိုဆရာေတာ္ႀကီးေတြလက္ထဲ ဖိုင္လ္တြဲအပ္လိုက္တာဟာ အေျဖမွန္ရဖို႔လား အခ်ိန္ၾကန္႔ၾကာေစခ်င္လို႔ လားဆိုတာ ဒကာေတာ္ဝန္ႀကီးခ်ဳပ္ အသိဆံုးျဖစ္မွာပါ။
ဝီရသူေဖာင္ေဒးရွင္းက ၂၀၁၈ ခုႏွစ္ စက္တင္ဘာလေရာက္မွ ေပၚေပါက္လာတာပါ။ မန္းမေဟာ္သဓာ ေက်ာင္းေဆာက္ဖုိ႔က ၂၀၁၆ ခုႏွစ္ကတည္းက ျဖစ္တည္လာခဲ့တာပါ။ မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီးကို တည္ေဆာက္မွာက ဝီရသူေဖာင္ေဒးရွင္းမဟုတ္ပါဘူး။ ေက်ာင္းေဆာက္ဖုိ႔ ဖြဲ႔စည္းထားတဲ့ ျဖစ္ေျမာက္ေရးေကာ္မတီ သာ ျဖစ္ပါတယ္။
ဒီစကားေတြကိုေထာက္ရင္လည္း ဝါခင္းကုန္းဆရာေတာ္ႀကီးဘြဲ႔အမည္နဲ႔တင္ၿပီး ဝါခင္းကုန္းဆရာေတာ္ႀကီး ကိုယ္တုိင္ ဦးေဆာင္မွ ခြင့္ျပဳမယ္။ ဝါခင္းကုန္းအမည္နဲ႔တင္ၿပီး ဝီရသူဦးေဆာင္တာဆုိရင္ ခြင့္မျပဳႏိုင္ဘူးဆိုတာ ေပၚလြင္ပါတယ္။
ဒကာေတာ္တုိ႔အစုိးရအဖြဲ႔ကို ေျပာလိုတာက ဝီရသူပါဝင္ဖုိ႔က အဓိကမဟုတ္ပါဘူး။ အမ်ဳိးသားေရးကိုယ္ပုိင္ အထက္တန္းေက်ာင္းေတာ္ႀကီး ဖြင့္လွစ္ႏုိင္ဖုိ႔က အဓိကပါ။ ဒါေၾကာင့္ ဒကာေတာ္တို႔စိတ္ႀကဳိက္ ေရြးခ်ယ္ထားတဲ့ ဘယ္ဆရာေတာ္ေတြနဲ႔ပဲေဆာက္ေဆာက္ ဝီရသူေဘးဖယ္ေပးပါ့မယ္။ တစ္ခုေတာ့ရွိတာေပါ့ေနာ္။ ႏိုင္ငံေရးသမား ေတြရဲ႕ ထံုးစံအတုိင္း ေစတနာမပါဘဲ မဲဆြယ္ရုံသက္သက္ ဟန္ျပလုပ္တာမ်ဳိးမဟုတ္ဘဲ ရန္ကုန္မေဟာ္သဓာလုိ တုိးတက္ေအာင္ျမင္ေအာင္ေတာ့ လုပ္ေပးရမွာေပါ့ေနာ္။


(ဆက္လက္ေဖာ္ျပပါမည္)
အိတ္ဖြင့္ေပးစာ စာအုပ္ကို မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ရႏိုင္ပါသည္။

“ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂)” (ဃ)

ဒုတိယအကြိမ် သွားရောက်သြဝါဒခံခဲ့ပါတယ်။ ဥက္ကဋ္ဌဆရာတော်ကြီးမိန့်တာက
“ဆရာတော်ဦးတိက္ခ ရပ်တည်ချက်မြဲပါ့မလား၊ သတိမကောင်းတော့ဘူး၊ မေးရင် မသိဘူး ဖြစ်နေတယ်၊ အဲဒါပြဿနာပဲ” “ရွှေဆံနွယ်ထံမှ ဝီရသူဆီရောက်၊ အဲဒါ ဂွကျတာပဲ” “ဦးတိက္ခ ဦးစီးတည်ထောင်တယ်ဆိုပြီး လက်သီးလက်မောင်းတန်းတာက ဝီရသူဖြစ်နေတယ်။ ကိုယ်ဖြစ်ချင်တာ အေးအေးဆေးဆေးကြံပြီး လုပ်ရမှာ” ဆိုတာတွေပါပဲ။
ဥက္ကဋ္ဌဆရာတော်ကြီးစကားအရ မြေကွက်က ရွှေဆံနွယ်ဆရာတော်ထံမှ ဝါခင်းကုန်းဆရာတော်ကြီးထံ ရောက်ရင် ပြီးစီးသွားပါပြီ။ ဝါခင်းကုန်းဆရာတော်ထံမရောက်ဘဲ ဝီရသူထံရောက်တာကို ပြဿနာလို့ ပြောတာကို ထောက်ရင် ပုဂ္ဂိုလ်ရေး အမြင်မကြည်မှုကြောင့် ချမပေးတာ ထင်ရှားသွားပါပြီ။
မဟော်သဓာကျောင်းနဲ့ပတ်သက်လို့ ဝီရသူူတစ်ခါမှ လက်သီးလက်မောင်း မတန်းသေးပါဘူး။ 25.11.2018 ရက်နေ့မှာပြုလုပ်တဲ့ စုံညီအစည်းအဝေးတုန်းက ကြွေးကြော်သံတိုင်ပေးသူ လိုက်ဆိုသူတွေသာ လက်တစ်ဖက် မြောက်ပြီး အောင်ရမည်၊ အောင်ရမည်လို့ ကြွေးကြော်ကြတာပါ။
ကိုယ်ဖြစ်ချင်တာ အေးအေးဆေးဆေးကြံပြီး လုပ်ရမှာလို့ လမ်းညွှန်တဲ့ ဥက္ကဋ္ဌဆရာတော်ကြီးရဲ့ စိတ် စေတနာကို လေးစားမိပါတယ်။ ဒါပေမဲ့ မြို့နယ်အဆင့်နဲ့တင် ပြီးရမည့်ကိစ္စ၊ ဥပဒေတွေ လုပ်ထုံးလုပ်နည်း တွေနဲ့ညီရင် ခွင့်ပြုရမည့်ကိစ္စ၊ တင်ပြချက်တွေလည်း အာမခံချက်အပြည့်အဝရှိတဲ့ အထောက်အထားခိုင်လုံ နေတဲ့ကိစ္စ၊ ရွာသူရွာသားတွေလည်း အပြည့်အဝထောက်ခံနေတဲ့ကိစ္စ၊ စာလည်း အကြိမ်ကြိမ်တင်၊ နှစ်ကြိမ်တိတိ တိုင်းရုံးသွားပြီးတော့လည်း တွေ့ဆုံခွင့်တောင်းခဲ့တဲ့ကိစ္စတွေမှာ ဘာတစ်ခုမျှ အကြောင်းမပြန်တဲ့သူက ပြဿနာလား၊ လက်ရုံးတန်းပြီး မဟော်သဓာကျောင်းတော်ကြီး အောင်ရမည် အောင်ရမည်ဟု ကြွေးကြော်သူတွေက ပြဿနာလား။ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးကို လျှောက်ထားပေးပါဦးဒကာာတော်။
ဆက်လက်ပြီး တိုင်းဥက္ကဋ္ဌဆရာတော်ကြီး မိန့်တော်မူတဲ့စကားတွေထဲမှာ တွေ့ရတာက
“စီမံကိန်းမရှိမှ ချပေးတာ” “ဒီနေရာမှ ဒီနေရာဆိုပြီး အစွဲအလန်းမထားဖို့ပဲ” “နေရာကို အစွဲအလန်းမထားနဲ့အုံး” “နေရာက ကျောက်ထုတ်တဲ့နေရာမဟုတ်လား” “ဘိလပ်မြေစက်ရုံတွေ အရင်ချထားတဲ့နေရာမဟုတ်လား” “လျာထားချက်ကလည်း စီမံကိန်းပဲလေ” “ရည်ရွယ်ချက်က ဘာတွေလဲ ဖြေးဖြေးချင်းမှ ပေါ်လာမှာ” “နေရာကို မစွဲလန်းနဲ့ဆိုတာ အဲဒါပြောတာ” “တစ်နေရာတော့ ရရမယ်လို့ ဘုန်းကြီးက ယူဆတယ်” “ဦးတိက္ခကြီး တကယ်ဦးဆောင်မယ်ဆိုရင် ပြောတာလေ” ဆိုတာတွေပါပဲ။

ဒါတွေကိုကြည့်ရင် အလုပ်မဖြစ်တော့လို့ ပျက်ပြယ်သွားတဲ့ တန်၂၅၀၀ကျ တပ်မတော်ဘိလပ်မြေစီမံကိန်းကို အကြောင်းပြပြီး မန်းမဟော်သဓာမြေကွက်က စီမံကိန်းနဲ့မလွတ်သလို နိုင်ငံရေးသမားတွေက ဂျင်းထည့်ထားတာ၊ ဘိလပ်မြေစီမံကိန်းမှ လွတ်တယ်ဆိုပြန်တော့လည်း NLD အစိုးရလက်ထက်ကျမှ စီမံကိန်းအသစ်လျာထားတယ် လုပ်ပြန်တာ တွေ့ရပါတယ်။
ဆိုလိုရင်းကတော့ တပ်မတော်ဘိလပ်မြေစီမံကိန်းမြေနဲ့ မလွတ်လို့ ကျောင်းဆောက်ခွင့်မပေးနိုင်ဘူး။ တပ်မတော်ဘိလပ်မြေစီမံကိန်းမြေနဲ့ လွတ်ရင်လည်း NLD အစိုးရလက်ထက် စီမံကိန်းအသစ်လျာထားမြေနဲ့ မလွတ်လို့ ခွင့်မပြုနိုင်ဘူး။ ဒါကြောင့် မြေနေရာ အစွဲအလန်းမထားနဲ့ အခြားနေရာမှာ သွားဆောက်ရင် ဆောက်ရမှာ။ အခြားနေရာ သွားဆောက်ဖို့ မြေကွက်ချပေးတဲ့အခါမှာလည်း ဝါခင်းကုန်းဆရာတော်ကြီး ဦးဆောင်မှပဲ မြေကွက် ချပေးမှာ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။
ဝီရသူဦးဆောင်လို့ ဒီနေရာမပေးနိုင်ဘူး။ အခြားနေရာမှာ ဆောက်ရင်လည်း ဝီရသူမပါမှ ရမှာလို့ ပြောလိုရင်းပါ။ ဒါဆိုရင် မြေကွက်က ပြဿနာမဟုတ်ဘဲ ပုဂ္ဂိုလ်က ပြဿနာဆိုတာ ပေါ်လွင်သွားပါပြီ။ မန်းမဟော်သဓာတည်ဆောက်ရေးကို အကြောင်းပြုပြီး ကျောက်ချောကျေးရွာပြည်သူတွေတော့ ရွှွေ့ရ ပြောင်းရ ပြေးရလွှားရနဲ့ ဘုံပျောက်ဒုက္ခ ရောက်ကြရဦးမှာပေါ့နော်။ ဒီနေရာတွေကို လှူထားလို့သာ ဒီနေရာမှာ ကျောင်းဆောက်ဖို့ စီစဉ်ရတာဖြစ်သလို ပညာရေးဗန်းပြပြီး နိုင်ငံရေးလုပ်ဖို့၊ အစိုးရကိုတိုက်ခိုက်ဖို့ ဒီနေရာကို ရွေးခဲ့ကြတာမဟုတ်ဘူးဆိုတာကိုတော့ ဒကာတော်တို့အစိုးရ တစ်ဖွဲ့လုံး သိစေချင်ပါတယ်။
ဆက်လက်ပြီး တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက အခုလို မိန့်တော်မူပါတယ်။ “ဒီထဲ(အစိုးရထံတင်ပြထားတဲ့လျှောက်လွှာထဲ) ဝီရသူဆိုတာ မပါ” “သွားကြည့်လိုက်တော့ ဝီရသူလက်ရာတွေချည်း ဖြစ်နေတယ်” “ဝီရသူဖောင်ဒေးရှင်း ဘာညာ ရုံးခန်းမှာ” “ဦးတိက္ခဦးဆောင်တယ်ဆိုရင် သူကတင်ရမှာ ဂရန်ချပေးဖို့” “ရွှေဆံနွယ်လှူတာက တစ်ယောက် တင်ပြတာကတစ်ယောက် အဲဒီလိုဖြစ်နေတယ်”
ဆရာတော်သံဃာတော်တွေရဲ့ ဘွဲ့အမည်နဲ့ တင်ပြရမည့်အရာ မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်အမည်နဲ့မှ တင်ပြရမည့်အရာမျိုးဖြစ်ပါတယ်။ ဆရာတော်သံဃာတော်တွေရဲ့ ဘွဲ့အမည်နဲ့လျှောက်ရင် ဘကပညာရေးကျောင်းပဲ ရမှာပါ။ ပုဂ္ဂလိကပညာရေး (ကိုယ်ပိုင်အထက်တန်း)ကျောင်း ရမှာမဟုတ်ပါဘူး။ သာသနာ့မြေနဲ့ စာသင်ကျောင်းမြေ လုံးဝ မတူပါဘူး။ ဒီသဘောကို ဥက္ကဋ္ဌဆရာတော်ကြီး သိတော်မမူလို့ပဲ အခုလိုမိန့်တော်မူရှာတာဖြစ်မှာပါ။
ဒီလိုဆရာတော်ကြီးတွေလက်ထဲ ဖိုင်လ်တွဲအပ်လိုက်တာဟာ အဖြေမှန်ရဖို့လား အချိန်ကြန့်ကြာစေချင်လို့ လားဆိုတာ ဒကာတော်ဝန်ကြီးချုပ် အသိဆုံးဖြစ်မှာပါ။
ဝီရသူဖောင်ဒေးရှင်းက ၂၀၁၈ ခုနှစ် စက်တင်ဘာလရောက်မှ ပေါ်ပေါက်လာတာပါ။ မန်းမဟော်သဓာ ကျောင်းဆောက်ဖို့က ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်တည်လာခဲ့တာပါ။ မန်းမဟော်သဓာကျောင်းတော်ကြီးကို တည်ဆောက်မှာက ဝီရသူဖောင်ဒေးရှင်းမဟုတ်ပါဘူး။ ကျောင်းဆောက်ဖို့ ဖွဲ့စည်းထားတဲ့ ဖြစ်မြောက်ရေးကော်မတီ သာ ဖြစ်ပါတယ်။
ဒီစကားတွေကိုထောက်ရင်လည်း ဝါခင်းကုန်းဆရာတော်ကြီးဘွဲ့အမည်နဲ့တင်ပြီး ဝါခင်းကုန်းဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်မှ ခွင့်ပြုမယ်။ ဝါခင်းကုန်းအမည်နဲ့တင်ပြီး ဝီရသူဦးဆောင်တာဆိုရင် ခွင့်မပြုနိုင်ဘူးဆိုတာ ပေါ်လွင်ပါတယ်။
ဒကာတော်တို့အစိုးရအဖွဲ့ကို ပြောလိုတာက ဝီရသူပါဝင်ဖို့က အဓိကမဟုတ်ပါဘူး။ အမျိုးသားရေးကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီး ဖွင့်လှစ်နိုင်ဖို့က အဓိကပါ။ ဒါကြောင့် ဒကာတော်တို့စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဘယ်ဆရာတော်တွေနဲ့ပဲဆောက်ဆောက် ဝီရသူဘေးဖယ်ပေးပါ့မယ်။ တစ်ခုတော့ရှိတာပေါ့နော်။ နိုင်ငံရေးသမား တွေရဲ့ ထုံးစံအတိုင်း စေတနာမပါဘဲ မဲဆွယ်ရုံသက်သက် ဟန်ပြလုပ်တာမျိုးမဟုတ်ဘဲ ရန်ကုန်မဟော်သဓာလို တိုးတက်အောင်မြင်အောင်တော့ လုပ်ပေးရမှာပေါ့နော်။
(ဆက်လက်ဖော်ပြပါမည်)
အိတ်ဖွင့်ပေးစာ စာအုပ်ကို မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ရနိုင်ပါသည်။