



ဦးနိုင်
၁၁-၁၁-၂၀၁၉

“ပညာရေးအကယ်ဒမီကျောင်း အာဟာရဒါနအလှူ”

11.11.2019 ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မပါကဋကျောင်းမှ အရှင်ဂန္ဓမာလာ(ခ) မဟော်သဓာမစိုးရိမ်(ဓမ္မာစရိယ)၏ သက်တော် (၂၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပညာရေးအကယ်ဒမီကျောင်းမှ ကျောင်းသား/သူများအား အာဟာရဒါနလှူဒါန်းတာပါ။

ဓမ္မစေတီကျောင်း တိုက်အုပ် ဆရာတော်အရှင်သုမနာလင်္ကာရက အနုမောဒနာတရား ဟောကြားချီးမြှင့်ပါတယ်။

အာဟာရဒါနပြုရာတွင် ပဲထမင်းအလှူရှင်များမှာ
ဟုမ္မလင်းမြို့ ရွာသစ်ရွာနေ မအိရွှေစင်၊ မနန်းနန်ဝေးနှင့် မိဘများက ၂သိန်းကျပ်၊
မြင်းခြံမြို့နယ် ဆုံရွာနေ ဦးဝင်းခိုင်+ ဒေါ်မြင်မြင့်စိန်နှင့် ရွာသူရွာသားများက ၃ သိန်း ကျပ် လှူဒါန်းကြပါတယ်။

ရေခဲမုန့် အလှူရှင်များမှာ
စစ်ကိုင်းမြို့ ချမ်းငြိမ်းစံချောင်မှ မယ်တော်ကြီး ဒေါ်ကုဏ္ဍလကေသီ၊
မန္တလေးမြို့ ရေကြည်ရပ်နေ ဦးရန်အောင် + ဒေါ်ဌေးဌေးဝင်း မိသားစုတို့ ဖြစ်ပါတယ်။

ဦးနိုင်
၁၁-၁၁-၂၀၁၉