မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၁၃)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၃)ခန်းစာအတွက် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာနေ ဦးလှရွှေ+ဒေါ်လှမြိုင် မိသားစုမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းပါသည်။

အလှူရှင် ဦးလှရွှေ+ဒေါ်လှမြိုင် မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။