သတင်း

အလ္လကပ္ပရွာ ရဟန်းလောင်း ရှင်အဂ္ဂဝံသ ရဟန်းခံပွဲ

24.1.2018 မနက် ၁၀း၀၀ နာရီ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပရွာ ယွန်းကျောင်းမှာ ကျင်းပပါတယ်။ ရဟ န်းလောင်း ရှင်အဂ္ဂဝံသ(ရှင်မြတ်နွယ်)ရဲ့ ဆရာထံမှာ ရဟန်းခံတာပါ။ ဆရာတော်သံဃာတော်များ ရဟန်းဒကာ ဒကာမများ ရဟန်းလောင်း၏ မိဘဆွေမျိုးများ ရွာသူရွာသားများ ကြွရောက်ကြပါတယ်။

သိမ်ထဲမှာ ဥပသမ္ပဒကံဆောင်ပြီးနောက် ဓမ္မာရုံထဲမှာ ရေစက်ချ အနုမောဒနာတရား ဟောကြားပါတယ်။ အလ္လကပ္ပရွာ ရပ်ကျေးဥက္ကဋ္ဌဆရာတော်ကြီးက နိုင်ငံရေးမပါဘဲ လွတ်လွတ်ကင်းကင်း ဟောကြားပါ တာဝန်ယူပါတယ်ဟု ခွင့်ပြုသောကြောင့် စာရေးသူပဲ တရားဟောရေစက်ချပြုလုပ်ပါတယ်။

ရဟန်းသစ် အရှင်အဂ္ဂဝံသ ရှေ့မှောက်မှာပဲ တရားနာပရိသတ်များအား အမျိုးသားရေးတရားတော်ကို ဟောကြားခဲ့တာပါ။
အလ္လကပ္ပရွာဟာ အိမ်ခြေ ၂၀၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်ပြီး ဘုန်းကြီးကျောင်းတိုက်ပေါင်း ၂၁ကျောင်းရှိပါတယ်။ ၂၁ကျောင်းလုံးမှ သံဃာတော်များလည်း သာရေး နာရေး အပင့်အဖိတ်များ တန်းတူကျင်းပဖိတ်ကြားတက်ရောက်လေ့ရှိတာမို့ သံဃာညီညွတ်တဲ့ရွာကြီးလို့ ဆိုရမှာပါ။

ရွာသူရွာသားများကတော့ အမျိုးသားရေးစိတ်ဓာတ် တက်ကြွရှင်သန်ကြပါတယ်။ စာရေးသူ တရားဟောပြောခွင့်ပြန်လည်ရရှိရင် တရားပွဲကြီးကျင်းပဦးမယ်လို့ အချို့ရွာသူရွာသားတွေက လာရောက်လျှောက်ထားတာလည်း တွေ့ရပါတယ်။ အမျိုးသားရေးဆိုတာ ဘယ်ဆီနေမှန်းမသိမှာစိုးလို့ အခြေခံအမျိုးသားရေးတရား ဟောကြားခဲ့ပါတယ်။ ဘေးရန်ကင်းအောင်ကာကွယ်တာ အမျိုးသားရေးပါ။

စစ်မဖြစ်အောင်တားဆီးတာ အမျိုးသားရေးပါ။ အများအကျိုးသယ်ပိုးတာ အမျိုးသားရေးပါ။ ဒုက္ခအပေါင်းကယ်တင်တာ အမျိုးသားရေးပါ။ ကိုးတိုင်းကိုးဌာနစေလွှတ်တာ အမျိုးသားရေးပါ။ ဘုရားတည်ကျောင်းဆောက် လမ်းဖောက်တာ အမျိုးသားရေးပါ။ ရဟန်းခံရှင်ပြု အလှူပေးတာ အမျိုးသားရေးပါ။ ယဉ်ကျေးလိမ္မာသင်ပေးတာ အမျိုးသားရေးပါ။ ဘကကျောင်းတွေဖွင့်လှစ်တာ အမျိုးသားရေးပါ။ ပရဟိတဆောင်ရွက်တာ အမျိုးသားရေးပါ။ ပရဟိတဆောင်ရွက်တာ အမျိုးသားရေးပါ။ အမျိုးဘာသာ သာသနာ အမျိုးသားရေးပါ။ 

ဝီရသူ(မစိုးရိမ်)
28.1.2018
PM 3:00