သတင္း

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ အိတ္ဖြင့္ေပးစာ အမွတ္(၂) (က)

(စာသင္ေက်ာင္းေဆာက္လည္း ၅၀၅-ခ ပဲ ဆုိရင္ေတာ့ ဆယ္ခါျပန္ ေထာင္က်ရဲပါတယ္ဗ်ာ။)

မႏၲေလးတုိင္းေဒသႀကီးအစုိးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ ဦးပဥၥင္း ဦးဝီရသူ ဒုတိယအႀကိမ္ စာေရးသား မိန္႔ၾကားလုိက္တယ္။

10.12.2018 ရက္ေန႔ The Voice Weekly ဂ်ာနယ္ပါ သတင္းထဲမွာ မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး ႏွင့္ပတ္သက္ၿပီး “မႏၲေလးတုိင္းအစုိးရက တုိင္းသံဃနာယကထံ စာေရးသားေပးပို႔” ေခါင္းစဥ္နဲ႔ အခုလို ေရးသား ထားတာ ေတြ႔ရပါတယ္။
“မန္းေဟာ္သဓာ အခမဲ့ ကိုယ္ပိုင္အထက္တန္းေက်ာင္း တည္ေဆာက္ခြင့္တားျမစ္ျခင္းႏွင့္ပတ္သက္၍ မည္သည့္မွတ္ခ်က္မွ် မျပဳလုိဘဲ တုိင္းသံဃနာယကထံ စာေရးသားထားေၾကာင္း မႏၲေလးတုိ္င္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားသည္”
“ဘာမွမရွင္းေတာ့ဘူး။ တုိင္းသံဃနာယကဆီ စာေရးထားတာရွိတယ္။ သြားေမးလုိက္ေတာ့”ဟု မႏၲေလး တုိင္းဝန္ႀကီးခ်ဳပ္က ေျပာသည္။
ဒကာေတာ္ဝန္ႀကီးခ်ဳပ္ထံ ဖုန္းဆက္ေမးျမန္းတာက ဒီဇင္ဘာ ၇ ရက္ျဖစ္ၿပီး သတင္းဖတ္ရတာက ဒီဇင္ဘာ ၈ ရက္ေန႔ ျဖစ္ပါတယ္။
ဒီသတင္းဖတ္လုိက္ရလုိ႔ပဲ မန္းမေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟိုေကာ္မတီက တုိင္းဥကၠ႒ဆရာေတာ္ႀကီးထံ သြားေရာက္ေလွ်ာက္ထားခဲ့ၾကပါတယ္။
တုိ္င္းဥကၠ႒ ပါဠိေက်ာင္းဆရာေတာ္ႀကီးက “ဒီမွာ ဘယ္ကမွ တင္ျပတာ မရွိေသးဘူး”လုိ႔ အစပိုင္းမွာ မိန္႔ေတာ္မူၿပီး “ဘာစာမွ မေရာက္ပါဘူးဗ်ာ”လုိ႔ ေနာက္ပိုင္းမွာ မိန္႔ေတာ္မူပါတယ္။
စာမေရာက္ေပမယ့္ လူကိုယ္တိုင္လာေလွ်ာက္သူေတြ ရွိပုံရပါတယ္။
“ဘာျဖစ္တာလဲလုိ႔ ဝန္ႀကီးခ်ဳပ္ကို ေမးလုိက္ေတာ့ သူကလည္းပဲ ေအာက္ကတင္ျပတာေတြ ေျပာရမွာေပါ့။ OA အဆင့္ကေန ပယ္မဖ်က္ရေသးတဲ့ အဓိပၸါယ္ေပါ့ေနာ္”လို႔ ဥကၠ႒ဆရာေတာ္ႀကီး မိန္႔ၾကားတာကိုေထာက္ၿပီး သိလုိက္ရတာက ဒကာေတာ္ဝန္ႀကီးခ်ဳပ္ေပးပို႔တဲ့စာ မေရာက္ေပမယ့္ လူကိုယ္တိုင္လာေရာက္ တင္ျပသူေတြ ရွိတယ္ဆုိတာပါပဲ။
ဒကာေတာ္ဝန္ႀကီးခ်ဳပ္က “တုိင္းသံဃနာယကထံ စာေရးထားတာရွိတယ္။ သြားေမးလုိက္ေတာ့”လုိ႔ Voice သတင္းေထာက္ကို အတိအလင္းေျပာလိုက္ေပမယ့္ တုိင္းဥကၠ႒ဆရာေတာ္ႀကီးက “ဘာမွမေရာက္ပါဘူးဗ်ာ”လုိ႔ မိန္႔ၾကားခဲ့တာေၾကာင့္ စာမေရာက္ဘူးလို္႔ပဲ မွတ္ယူရမွာပါ။ ေရးတာမေရးတာနဲ႔ ေပးတာမေပးတာကေတာ့ ဒကာေတာ္ကိုယ္တိုင္မွ သိႏိုင္မည့္အလုပ္ပါ။
Voice သတင္းေထာက္ကို ဒကာေတာ္ဝန္ႀကီးခ်ဳပ္ေျပာလုိက္တဲ့ထဲမွာ “ဘာမွမရွင္းေတာ့ဘူး”ဆိုတာ ပါပါတယ္။ မႏၲေလးတုိင္းတစ္ခုလံုးရဲ႕ ဝန္ႀကီးခ်ဳပ္လုပ္ေနတာပဲ မႏၲေလးတုိင္းအတြင္းမွာရွိတဲ့ အေရးကိစၥမွန္သမွ် တာဝန္ယူေျဖရွင္းေပးရမွာေပါ့။ ဘာမွမရွင္းေတာ့ဘူးဆိုၿပီး တာဝန္မဲ့ေနလုိ႔ ဘယ္ျဖစ္မလဲ။ ျပႆနာဆိုတာ မေျဖရွင္းဘဲ ေျပလည္သြားတဲ့အရာမ်ဳိးမွ မဟုတ္တာ။
မန္းမေဟာ္သဓာေျမကြက္က ဘယ္ဥပေဒနဲ႔ဆန္႔က်င္ေနတယ္၊ ဘယ္စည္းကမ္းနဲ႔မညီဘူး၊ ဘယ္လုပ္ထံုး လုပ္နည္းနဲ႔ မေတာ္ဘူး ဒါေၾကာင့္ တာျမစ္ထားတာ၊ ခြင့္မျပဳတာ။ ဒီလုိပဲ ျဖစ္ရမွာမဟုတ္လား။
ဒါမွမဟုတ္ မန္းမေဟာ္သဓာဦးေဆာင္ေနသူက ဦးဝီရသူျဖစ္ေနလုိ႔၊ အမ်ဳိးသားေရးသမားေတြျဖစ္ေနလုိ႔၊ မဘသေတြျဖစ္ေနလို႔၊ ႏိုင္ငံေရးသမားေတြျဖစ္ေနလို႔၊ မၾကည္ျဖဴလုိ႔၊ ၾကည့္မရလုိ႔၊ ေစတနာမရွိလို႔၊ လုပ္မေပးခ်င္လို႔ စတာေတြနဲ႔ ဒဲ့ေျပာၿပီး တင္းခံျငင္းဆန္ရမွာ မဟုတ္ဘူးလား။
အခုဟာက ေဆြးေႏြးတာလည္း မရွိ၊ ဆံုးျဖတ္တာလည္း မရွိ၊ ဒီအတုိင္းႀကီး ပစ္ထားဆုိင္းငံ့ထားတာဟာ တာဝန္မဲ့ရာ ေရာက္ပါတယ္။ တာဝန္ယူမႈ တာဝန္ခံမႈဆိုတာေတြဟာ ဒကာေတာ္တုိ႔ NLD အစိုးရေခါင္းေဆာင္ အတုိင္ပင္ခံပုဂၢဳိလ္ႀကီးရဲ႕ ေတာ္လွန္ေရးကာလ လက္သံုးစကားေတြပါ။ လုိက္နာဖုိ႔ သင့္လွပါတယ္။
ေနာက္တစ္ခုက “တုိ္င္းသံဃနာယကဆီ စာေရးထားတာရွိတယ္”ဆိုေတာ့ မန္းမေဟာ္သဓာေျမကြက္နဲ႔ တုိင္းသံဃနာယကအဖြဲ႔ ဘာဆုိင္လုိ႔လဲဆိုတဲ့ေမးခြန္းပါ။ ဘုန္းႀကီးေက်ာင္းေဆာက္တယ္ဆုိရင္လည္း ေတာ္ေသးရဲ႕။ အခုဟာက စာသင္ေက်ာင္းေဆာက္မွာ။ ဘကေက်ာင္းေဆာက္မွာဆုိရင္လည္း ေတာ္ေသးရဲ႕။ အခုဟာက ကိုယ္ပုိင္အထက္တန္းေက်ာင္းေဆာက္မွာ။
ကိုယ္ပုိင္အထက္တန္းေက်ာင္းေဆာက္လုပ္ရန္ ခြင့္ျပဳမိန္႔ေပးရမွာက သံဃကိစၥ ဟုတ္ပါသလား။ ကိုယ္ပိုင္အထက္တန္းေက်ာင္း ေျမဂရန္ထုတ္ေပးရမွာက သံဃာ့အလုပ္ ဟုတ္ပါရဲ႕လား။
ဘုန္းႀကီးေက်ာင္းေဆာက္မွာလည္းမဟုတ္။ ဘကေက်ာင္းလည္းမဟုတ္။ ကိုယ္ပိုင္အထက္တန္းေက်ာင္း လုပ္ဖုိ႔ႏွင့္ ေျမဂရန္ေလွ်ာက္ထားတဲ့ကိစၥႀကီးကို ဘာမွမဆုိင္တဲ့ သံဃနာယကထံ လႊဲအပ္တာကို အံ့ၾသေနမိတာ အမွန္ပါ။ မႏၲေလးတုိင္းအစုိးရအဖြဲ႔ႀကီးလုပ္ေနၿပီး ဒီေလာက္ေလးမွ မသိရေကာင္းလားလုိ႔ အျပစ္မတင္ရက္ေပမယ့္ သံဃကိစၥ သံဃာ့တာဝန္ သံဃာ့အလုပ္နဲ႔ အစိုးရကိစၥ အစုိးရတာဝန္ အစုိးရအလုပ္ကုိ ကြဲကြဲျပားျပား ခြဲျခားေလွ်ာက္ထားတတ္တဲ့သူေတြ ဒကာေတာ္တုိ႔အစုိးရအဖြဲ႔မွာ ရွိမေနတာ ဒါမွမဟုတ္ ဒကာေတာ္ဝန္ႀကီးခ်ဳပ္ အနားမွာ ရွိမေနတာအတြက္ေတာ့ ရဟန္းရွင္လူ ျပည္သူတို႔ကိုယ္စား ရင္ေလးမိတာ အမွန္ပါ။
ဒကာေတာ္တို႔ အစုိးရအဖြဲ႔ရဲ႕ ေအာက္လက္ငယ္သားေတြ တင္ျပခ်က္ေၾကာင့္ တုိင္းဥကၠ႒ဆရာေတာ္ႀကီး ခမ်ာ အသက္အရြယ္ႀကီးမွ သံဃနာယကအလုပ္မဟုတ္တဲ့ ေျမရာဇဝင္နဲ႔ စာသင္ေက်ာင္းေျမဂရန္ကိစၥေတြပါ လုိက္လုပ္ေနရရွာေတာ့တယ္။
ဒကာေတာ္တုိ႔ လႊဲအပ္လုိက္တဲ့ ေျမရာဇဝင္ဖုိင္လ္တြဲႀကီး ဥကၠ႒ဆရာေတာ္ႀကီးထံ ေရာက္သြားေပမယ့္ ဆရာေတာ္ႀကီးခမ်ာ လယ္ေျမနဲ႔ အိုေအေျမလည္း မကြဲရွာဘူး။ ေဆာက္မိန္႔တင္တာနဲ႔ ဂရန္ေလွ်ာက္တာလည္း မကြဲရွာဘူး။ ဘကေက်ာင္းနဲ႔ ကိုယ္ပိုင္အထက္တန္းေက်ာင္းလည္း မကြဲရွာဘူး။ ဘုန္းေတာ္ႀကီးသင္ပညာေရးနဲ႔ ပုဂၢလိကပိုင္ပညာေရးလည္း မကြဲရွာဘူး။
ဒီလုိဆရာေတာ္ႀကီးေတြကို အသံုးခ်ၿပီး သံဃာအခ်င္းခ်င္း စိတ္ဝမ္းကြဲမႈ အထင္အျမင္လြဲမွားမႈမ်ဳိးျဖစ္ေအာင္ လုပ္တာမ်ဳိးက အတုိက္အခံကာလေလာက္ပဲ ၾကည့္ေကာင္းတာပါ ဒကာေတာ္။
(ဆက္လက္ေဖာ္ျပပါမည္)

အိတ္ဖြင့္ေပးစာ စာအုပ္ကို
မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ရႏိုင္ပါသည္။
ေစ်းႏႈန္း – ၁၅၀၀

“ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂)” (က)

(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။)

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ ဦးပဉ္စင်း ဦးဝီရသူ ဒုတိယအကြိမ် စာရေးသား မိန့်ကြားလိုက်တယ်။

10.12.2018 ရက်နေ့ The Voice Weekly ဂျာနယ်ပါ သတင်းထဲမှာ မန်းမဟော်သဓာကျောင်းတော်ကြီး နှင့်ပတ်သက်ပြီး “မန္တလေးတိုင်းအစိုးရက တိုင်းသံဃနာယကထံ စာရေးသားပေးပို့” ခေါင်းစဉ်နဲ့ အခုလို ရေးသား ထားတာ တွေ့ရပါတယ်။
“မန်းဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်ခွင့်တားမြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ မပြုလိုဘဲ တိုင်းသံဃနာယကထံ စာရေးသားထားကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်”
“ဘာမှမရှင်းတော့ဘူး။ တိုင်းသံဃနာယကဆီ စာရေးထားတာရှိတယ်။ သွားမေးလိုက်တော့”ဟု မန္တလေး တိုင်းဝန်ကြီးချုပ်က ပြောသည်။
ဒကာတော်ဝန်ကြီးချုပ်ထံ ဖုန်းဆက်မေးမြန်းတာက ဒီဇင်ဘာ ၇ ရက်ဖြစ်ပြီး သတင်းဖတ်ရတာက ဒီဇင်ဘာ ၈ ရက်နေ့ ဖြစ်ပါတယ်။
ဒီသတင်းဖတ်လိုက်ရလို့ပဲ မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ သွားရောက်လျှောက်ထားခဲ့ကြပါတယ်။
တိုင်းဥက္ကဋ္ဌ ပါဠိကျောင်းဆရာတော်ကြီးက “ဒီမှာ ဘယ်ကမှ တင်ပြတာ မရှိသေးဘူး”လို့ အစပိုင်းမှာ မိန့်တော်မူပြီး “ဘာစာမှ မရောက်ပါဘူးဗျာ”လို့ နောက်ပိုင်းမှာ မိန့်တော်မူပါတယ်။
စာမရောက်ပေမယ့် လူကိုယ်တိုင်လာလျှောက်သူတွေ ရှိပုံရပါတယ်။
“ဘာဖြစ်တာလဲလို့ ဝန်ကြီးချုပ်ကို မေးလိုက်တော့ သူကလည်းပဲ အောက်ကတင်ပြတာတွေ ပြောရမှာပေါ့။ OA အဆင့်ကနေ ပယ်မဖျက်ရသေးတဲ့ အဓိပ္ပါယ်ပေါ့နော်”လို့ ဥက္ကဋ္ဌဆရာတော်ကြီး မိန့်ကြားတာကိုထောက်ပြီး သိလိုက်ရတာက ဒကာတော်ဝန်ကြီးချုပ်ပေးပို့တဲ့စာ မရောက်ပေမယ့် လူကိုယ်တိုင်လာရောက် တင်ပြသူတွေ ရှိတယ်ဆိုတာပါပဲ။
ဒကာတော်ဝန်ကြီးချုပ်က “တိုင်းသံဃနာယကထံ စာရေးထားတာရှိတယ်။ သွားမေးလိုက်တော့”လို့ Voice သတင်းထောက်ကို အတိအလင်းပြောလိုက်ပေမယ့် တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက “ဘာမှမရောက်ပါဘူးဗျာ”လို့ မိန့်ကြားခဲ့တာကြောင့် စာမရောက်ဘူးလို့်ပဲ မှတ်ယူရမှာပါ။ ရေးတာမရေးတာနဲ့ ပေးတာမပေးတာကတော့ ဒကာတော်ကိုယ်တိုင်မှ သိနိုင်မည့်အလုပ်ပါ။
Voice သတင်းထောက်ကို ဒကာတော်ဝန်ကြီးချုပ်ပြောလိုက်တဲ့ထဲမှာ “ဘာမှမရှင်းတော့ဘူး”ဆိုတာ ပါပါတယ်။ မန္တလေးတိုင်းတစ်ခုလုံးရဲ့ ဝန်ကြီးချုပ်လုပ်နေတာပဲ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အရေးကိစ္စမှန်သမျှ တာဝန်ယူဖြေရှင်းပေးရမှာပေါ့။ ဘာမှမရှင်းတော့ဘူးဆိုပြီး တာဝန်မဲ့နေလို့ ဘယ်ဖြစ်မလဲ။ ပြဿနာဆိုတာ မဖြေရှင်းဘဲ ပြေလည်သွားတဲ့အရာမျိုးမှ မဟုတ်တာ။
မန်းမဟော်သဓာမြေကွက်က ဘယ်ဥပဒေနဲ့ဆန့်ကျင်နေတယ်၊ ဘယ်စည်းကမ်းနဲ့မညီဘူး၊ ဘယ်လုပ်ထုံး လုပ်နည်းနဲ့ မတော်ဘူး ဒါကြောင့် တာမြစ်ထားတာ၊ ခွင့်မပြုတာ။ ဒီလိုပဲ ဖြစ်ရမှာမဟုတ်လား။
ဒါမှမဟုတ် မန်းမဟော်သဓာဦးဆောင်နေသူက ဦးဝီရသူဖြစ်နေလို့၊ အမျိုးသားရေးသမားတွေဖြစ်နေလို့၊ မဘသတွေဖြစ်နေလို့၊ နိုင်ငံရေးသမားတွေဖြစ်နေလို့၊ မကြည်ဖြူလို့၊ ကြည့်မရလို့၊ စေတနာမရှိလို့၊ လုပ်မပေးချင်လို့ စတာတွေနဲ့ ဒဲ့ပြောပြီး တင်းခံငြင်းဆန်ရမှာ မဟုတ်ဘူးလား။
အခုဟာက ဆွေးနွေးတာလည်း မရှိ၊ ဆုံးဖြတ်တာလည်း မရှိ၊ ဒီအတိုင်းကြီး ပစ်ထားဆိုင်းငံ့ထားတာဟာ တာဝန်မဲ့ရာ ရောက်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုဆိုတာတွေဟာ ဒကာတော်တို့ NLD အစိုးရခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးရဲ့ တော်လှန်ရေးကာလ လက်သုံးစကားတွေပါ။ လိုက်နာဖို့ သင့်လှပါတယ်။
နောက်တစ်ခုက “တိုင်းသံဃနာယကဆီ စာရေးထားတာရှိတယ်”ဆိုတော့ မန်းမဟော်သဓာမြေကွက်နဲ့ တိုင်းသံဃနာယကအဖွဲ့ ဘာဆိုင်လို့လဲဆိုတဲ့မေးခွန်းပါ။ ဘုန်းကြီးကျောင်းဆောက်တယ်ဆိုရင်လည်း တော်သေးရဲ့။ အခုဟာက စာသင်ကျောင်းဆောက်မှာ။ ဘကကျောင်းဆောက်မှာဆိုရင်လည်း တော်သေးရဲ့။ အခုဟာက ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်မှာ။
ကိုယ်ပိုင်အထက်တန်းကျောင်းဆောက်လုပ်ရန် ခွင့်ပြုမိန့်ပေးရမှာက သံဃကိစ္စ ဟုတ်ပါသလား။ ကိုယ်ပိုင်အထက်တန်းကျောင်း မြေဂရန်ထုတ်ပေးရမှာက သံဃာ့အလုပ် ဟုတ်ပါရဲ့လား။
ဘုန်းကြီးကျောင်းဆောက်မှာလည်းမဟုတ်။ ဘကကျောင်းလည်းမဟုတ်။ ကိုယ်ပိုင်အထက်တန်းကျောင်း လုပ်ဖို့နှင့် မြေဂရန်လျှောက်ထားတဲ့ကိစ္စကြီးကို ဘာမှမဆိုင်တဲ့ သံဃနာယကထံ လွှဲအပ်တာကို အံ့သြနေမိတာ အမှန်ပါ။ မန္တလေးတိုင်းအစိုးရအဖွဲ့ကြီးလုပ်နေပြီး ဒီလောက်လေးမှ မသိရကောင်းလားလို့ အပြစ်မတင်ရက်ပေမယ့် သံဃကိစ္စ သံဃာ့တာဝန် သံဃာ့အလုပ်နဲ့ အစိုးရကိစ္စ အစိုးရတာဝန် အစိုးရအလုပ်ကို ကွဲကွဲပြားပြား ခွဲခြားလျှောက်ထားတတ်တဲ့သူတွေ ဒကာတော်တို့အစိုးရအဖွဲ့မှာ ရှိမနေတာ ဒါမှမဟုတ် ဒကာတော်ဝန်ကြီးချုပ် အနားမှာ ရှိမနေတာအတွက်တော့ ရဟန်းရှင်လူ ပြည်သူတို့ကိုယ်စား ရင်လေးမိတာ အမှန်ပါ။
ဒကာတော်တို့ အစိုးရအဖွဲ့ရဲ့ အောက်လက်ငယ်သားတွေ တင်ပြချက်ကြောင့် တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ခမျာ အသက်အရွယ်ကြီးမှ သံဃနာယကအလုပ်မဟုတ်တဲ့ မြေရာဇဝင်နဲ့ စာသင်ကျောင်းမြေဂရန်ကိစ္စတွေပါ လိုက်လုပ်နေရရှာတော့တယ်။
ဒကာတော်တို့ လွှဲအပ်လိုက်တဲ့ မြေရာဇဝင်ဖိုင်လ်တွဲကြီး ဥက္ကဋ္ဌဆရာတော်ကြီးထံ ရောက်သွားပေမယ့် ဆရာတော်ကြီးခမျာ လယ်မြေနဲ့ အိုအေမြေလည်း မကွဲရှာဘူး။ ဆောက်မိန့်တင်တာနဲ့ ဂရန်လျှောက်တာလည်း မကွဲရှာဘူး။ ဘကကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းလည်း မကွဲရှာဘူး။ ဘုန်းတော်ကြီးသင်ပညာရေးနဲ့ ပုဂ္ဂလိကပိုင်ပညာရေးလည်း မကွဲရှာဘူး။
ဒီလိုဆရာတော်ကြီးတွေကို အသုံးချပြီး သံဃာအချင်းချင်း စိတ်ဝမ်းကွဲမှု အထင်အမြင်လွဲမှားမှုမျိုးဖြစ်အောင် လုပ်တာမျိုးက အတိုက်အခံကာလလောက်ပဲ ကြည့်ကောင်းတာပါ ဒကာတော်။
(ဆက်လက်ဖော်ပြပါမည်)

အိတ်ဖွင့်ပေးစာ စာအုပ်ကို
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ရနိုင်ပါသည်။
ဈေးနှုန်း – ၁၅၀၀