သတင်း

ဇွဲကပင် မိန့်ခွန်းဂယက်(၁)

10.9.2017 ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဘားအံမြို့ တောင်ကလေးကွင်း ဟောပြောပွဲနှင့်ပတ်သက်ပြီး ဇွဲကပင်ဆရာတော်ကြီးက အခုလို မိန့်ပါတယ်။ ကိုယ်တော်တို့ကသာ ပြန်သွားတာ ပြဿနာတွေက ကျန်ခဲ့တယ်။ ပွဲကသာပြီးသွားတာ ပြဿနာတွေက မပြီးသေးဘူးဟု ဖြစ်ပါတယ်။ 14.9.2017 ရက်နေ့မှာ အင်းစိန်ရွာမ မဘသ(ဗဟို) အလှူငွေပေးအပ်ပွဲအခန်းအနား ကြွရောက်လာခိုက် မိန့်တော်မူခြင်းဖြစ်ပါတယ်။

မီဒီယာတွေကလည်း နည်းမျိုးစုံနဲ့ ဖိအားပေးနေကြတာပါ။ တကယ်တော့ အနာရှိလို့ စပ်တဲ့သဘောပါ။ ဆားကတော့ ငံတာပါပဲ။
အနာမရှိတဲ့သူကျ မစပ်ဘူးပေါ့။ အနာရှိတဲ့သူကျ မခံမရပ်နိုင်ဖြစ်ကြတယ်။ တကယ်တမ်းပြောရင် NLD ပါတီကြီးဟာ တိုင်းရင်းသားတွေအပေါ်မှာတော့ လက်စောင်းထက်ကြပါတယ်။

ဘုန်းကြီးတောင် ချမ်းသာမပေးကြပါဘူး။ ဒါပေမဲ့ ကုလားအရေး မူဆလင်အရေး ဘင်္ဂလီအရေးနှင့်ပတ်သက်လာပြီးဆိုရင်တော့ အစွယ်တွေလည်း ဘယ်ဆီရောက်ကုန်မှန်းမသိ၊ အဆိပ်တွေလည်းဘယ်ဆီရောက်ကုန်မှန်းမသိ၊ လက်သည်းခြေသည်းတွေလည်း ဘယ်ဆီရောက်နေမှန်းမသိ ဖြစ်ကုန်တော့တာပါပဲ။

ဥပမာ ၂၀၁၂ ရခိုင်အရေးအခင်းဖြစ်တုန်းကလည်း NLD ပါတီဟာ ကြေညာချက်ထုတ် ရှုတ်ချဖို့ ပျက်ကွက်ခဲ့တယ်။ အခုလည်း ပျက်ကွက်နေတုန်းပဲ။ ဒါပေမဲ့ ဘုန်းကြီးအပေါ်တရားစွဲဖို့ကျတော့ သူ့ထက်ငါဦးအောင် လက်စွမ်းပြကြတယ်။ NLD ပါတီကြီးကိုမေးချင်ပါတယ်၊ အကြမ်းဖက်ဘင်္ဂလီတွေကိုရှုတ်ချကြောင်း ကြေညာချက် ဘာကြောင့်မထုတ်တာပါလဲ? အကြမ်းဖက်ခံရလို့ သေဆုံးသွားသောပြည်သူတွေရဲ့ မိသားစုများကို စာနာကြောင်း ဘာကြောင့်မပြဆိုတာပါလဲ? နေရပ်စွန့်ခွါသောပြည်သူများအတွက် ဦးစီးဦးဆောင် ထောက်ပံ့လှူဒါန်းရေး နှိုးဆော်မှုတွေ ဘာကြောင့်မလုပ်တာပါလဲ? ဝမ်းနည်းကြောင်းအထိမ်းအမှတ်အခန်းအနားတွေ ဘာကြောင့် မကျင်းပကြတာပါလဲ? အကြမ်းဖက်တဲ့သူတွေဟာ ဘင်္ဂါလီတွေဖြစ်နေလို့လား? အကြမ်းဖက်ခံရသူတွေဟာ တိုင်းရင်းသားတွေဖြစ်နေလို့လား? နေရပ်စွန့်ခွါတဲ့ပြည်သူတွေဟာ ဗုဒ္ဓဘာသာတွေဖြစ်နေလို့လား? ဒီမေးခွန်းတွေကိုဖြေနိုင်မှ “လူမျိုးခြားဒီမိုကရေစီအဖွဲ့ချုပ်” ဆိုတဲ့စွပ်စွဲချက်ကို ထုချေနိုင်မှာ ဖြစ်ပါတယ်။

NLD ပါတီကြီးက NLD ပါတီဥက္ကဋ္ဌ(ဟောင်း) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးရုပ်ပုံများကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖျက်လိုဖျက်ဆီးလုပ်နေတာ၊ ခြေနှင့်နင်း၊ သေးနဲ့ပန်း၊ မီးရှို့နေကြတာတွေကို ဘာကြောင့်လက်ပိုက်ကြည့်နေရတာပါလဲ? တကယ်လို့များ အဲ့ဒီလိုစော်ကားနေတဲ့သူတွေဟာ တိုင်းရင်းသားတွေ ရဟန်းသံဃာတွေ ဗုဒ္ဓဘာသာဝင်တွေဖြစ်နေမယ်ဆိုရင် ဒီလိုပဲ မသိချင်ယောင်ဆောင်ပေးနေမှာပဲလား? ဆက်လက်ပြီးမေးချင်တာတွေအများကြီးပါပဲ။

ကျုပ်တို့ကတော့ NLD ပါတီကြီး တိုင်းရင်းသားတွေအပေါ် တာဝန်မကျေတာကိုလည်း စိတ်နာတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ရိုဟင်ဂျာမရှိကြောင်း မဖွင့်ဟရဲတာလည်း စိတ်ကုန်တယ်။ ခင်ဗျားတို့နဲ့ပတ်သက်ရင် စိတ်ကုန်စရာတွေချည်းပါပဲ။
(အကုန်သိ သတင်းဌာနပါ သတင်းများကို ပူးတွဲတင်ပြပေးထားပါတယ်။)


ဝီရသူ(မစိုးရိမ်)
15.9.2017
PM 1:28
https://akonthi.com/%e1%80%9c%e1%80%b0%e1%80%99%e1%80%ba%e…/