သတင်း

လက်လုပ်လက်စား အများပြည်သူများအတွက် မျှော်လင့်ချက် စုဘူးလေးများအကြောင်း(၃)

(၇)
တကယ့် ရပ်ကွက်ထဲက ကြုံရာ ကျပန်း၊ ပျံကျဈေးသည်နဲ့ တကယ့် ဘဝသမား မိသားစုဝင် အိမ်ရှင်မတွေ ရဲ့ ရင်ဖွင့်သံတွေ ကြားရတာ ကရုဏာ သက်ဖို့ကောင်းသလို တကယ်လို့ ဒီလို ရပ်ကွက်တွေထဲမှာ နဂါးနီစုဘူးအသင်း လိုမျိုး လူမှုကူညီမှုသက်သက်နဲ့ ငွေ ထုတ်ပေးတဲ့ အသင်းတစ်သင်း ပေါ်မ လာဘူးဆိုရင် သူတို့တွေ ဘယ်အချိန် ထိ ဆက်ပြီး နစ်မွန်းနေမလဲတွေးမိရင်း လည်း ရင်မောမိတာ အမှန်ပါပဲ။ ဒီလို ဆိုရင် မရှိဆင်းရဲသားတွေအတွက် ဆ ရာတော်(ဦးဝီရသူ) တည်ထောင်ပေး ထားတဲ့ နဂါးနီစုဘူးအသင်းက ဘယ် လောက်ထိ အထောက်အကူဖြစ်တယ်၊ လိုအပ်တယ်ဆိုတာ ဆက်တွေးလို့ရနိုင် မှာပါ။

‘ဒီလိုအသင်းရှိဖို့ လိုအပ်တာပေါ့။ ဒီလိုမျိုး ဆရာတော်လုပ်ပေးထားတဲ့ အသင်းလိုမျိုး ရှိမှလည်း ကျွန်တော်တို့ အတွက်ကျတော့ အဆင်ပြေတာပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုအ သင်းတွေ များများပေါ်လေ ကြိုက် လေပါပဲ။ ဆရာတော်ကိုလည်း အများ ကြီး ကျေးဇူးတင်ပါတယ်’လို့ အသက် ၄ဝ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်စောမူက ပြောကြားသွားပါတယ်။

စုဘူးအသင်းဝင် ဒေါ်နွဲ့နွဲ့ဝင်းက လည်း ဆင်းရဲနွမ်းပါးသူတွေဘက် ထည့်တွက်ပြီး တတ်နိုင်တဲ့ဘက်က ရပ်တည်ကူညီပေးနေတဲ့ ဆရာတော် ရဲ့ လုပ်ရပ်အတွက် အမြဲတမ်းကြည် ညို လေးစားနေရတဲ့အကြောင်းကို-
‘ဆရာတော်ဘုရား ဘယ်နေရာ ကိုပဲ တက်တက် အမြဲတမ်းကြည်ညို နေပါတယ်။ သူများတွေပြောနေလို့ ဆိုပြီးလည်း ဘုန်းဘုန်းကို ဘာမှ အ ကြည်ညိုမပျက်ပါဘူး။ ဘုန်းဘုန်းဟာ ဆင်းရဲသူဆင်းရဲသားတွေအတွက် မ ရပ်နားခုတ်မောင်းနေတဲ့ ရထားကြီးလို ပဲသွားနေတယ်လို့ ကြည်ညိုမိပါတယ်’ လို့ ဖွင့်ဟခဲ့တာပါ။

ဗဟိုအီးစီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ် ကြည်ကြည်မာကတော့ ဆရာတော် ဟာ ကိုယ့်လူမျိုးတွေကို ကူညီစောင့် ရှောက်မှုနဲ့ပတ်သက်လာရင် မြန်မာနိုင် ငံမှာရှိတဲ့ သံဃာ ငါးသိန်းနဲ့ မလဲနိုင် ဘူးလို့ပြောတဲ့အထိ ဆရာတော်ဦးဝီရ သူကို အခုလိုမျိုး ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

‘ဆရာတော် ခုလုပ်ပေးထားတဲ့ လက်လုပ်လက်စားတွေ အကုန်လုံး(နီး ပါး)က လမ်းဘေးကျူးကျော်တွေချည်း ပဲလေ။ တစ်နေ့လုပ်မှ တစ်နေ့စား တွေ။ သူတို့ရဲ့ သာရေးနာရေးဆိုတာ တောင် လမ်းဘေးမှာပဲလေ။ အဲကျ တော့ အစ်မတို့က ဒီလိုမျိုး နွမ်းပါးသူ တွေကို ကူညီရတဲ့အခါကျတော့ အ များကြီး ထိရောက်တာပေါ့။ တကယ့် မရှိတဲ့သူတွေ၊ သူတို့ဘဝတွေကိုကြည့် ပြီး တကယ် ခံစားလည်း ခံစားရပါ တယ်။ ဟိုတစ်ခါ (ဆ)ရပ်ကွက်ထဲက အုတ်ဖုတ်ရင်းနဲ့ မြေပိပြီးသေသွားတဲ့ အမျိုးသမီးအကြောင်းဆို ခုချိန်ထိ မှတ်တမ်းတွေရှိနေတုန်းပဲ။

ဆရာတော်ဦးဝီရသူကတော့ လေ၊ မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာ တွေအတွက် သံဃာငါးသိန်းနဲ့ လဲလို့ မရတဲ့ ဆရာတော်လို့ပဲ ကျွန်မက မြင် တယ်။ ကျန်တဲ့ပညာတတ်ဆရာတော် ကြီးတွေ၊ သက်တော်ရှည်ဆရာတော် ကြီးတွေရဲ့ ဂုဏ်ကို နှိမ့်ချပြောတာ တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဘာသာ သာသနာနဲ့ ကိုယ့်အမျိုးသား ရေးအတွက်မှာတော့ ဦးဝီရသူဟာ သံ ဃာငါးသိန်းနဲ့ မလဲနိုင်တဲ့ သံဃာတစ် ပါးလို့ပဲ အစ်မကယုံကြည်တယ်။ တန် ဖိုးလည်း ထားပါတယ်။

(၈)

အခုဆိုရင် နဂါးနီစုဘူးအသင်း စ တင်တည်ထောင်ချိန် ၁-၉-၂ဝ၁၃ ကနေ လက်ရှိအချိန်ထိ ငါးသောင်း တန်း ငွေချေးယူသူ စုစုပေါင်း ၁၄ဝ ကျော်၊ တစ်သိန်းတန်း ၂၉ဝ ကျော်၊ တစ်သိန်းခွဲတန်း ၂၅ဝ၊ နှစ်သိန်းတန်း ၆၅ ဦးနဲ့ စုစုပေါင်း အိမ်ထောင်စု ၇၅ဝ နဲ့ ၈ဝဝ ကြားမိသားစုဝင်တွေကို ကူညီ ထောက်ပံ့မှုတွေ လုပ်နိုင်ခဲ့ပြီဖြစ် ကြောင်း သိရပါတယ်။
ဒါ့အပြင် နဂါးနီအသင်းအနေနဲ့ ရေဘေးသင့်မိသားစုဝင်တွေကို ဆန်၊ ဆီ၊ ဆား၊ ဆေး အစရှိတဲ့ စားသောက် ကုန်ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းတာ၊ အသင်းဝင် မိသားစုတွေထဲက အူအ တက်ခွဲရသူ၊ ကလေးမီးဖွား၊ ဆေးရုံ တက်အစရှိတဲ့ ကျန်းမာရေးစောင့် ရှောက်မှုနဲ့ နာရေးဆိုင်ရာ ကူညီစောင့် ရှောက်မှု မှတ်တမ်းများစွာကိုလည်း အသင်းနာယက ဆရာတော်ဦးဇဝနက စနစ်တကျနဲ့ မှတ်တမ်းတင် ထားရှိ ထားတာ တွေ့ရပါတယ်။

”တကယ်ကျန်းမာရေးမကောင်း လို့ ဆေးရုံတက်ရတယ်ဆိုရင် ကျွန် တော်တို့ကိုယ်တိုင် သွားကြည့်တာ။ ကျွန်တော်တို့ရပ်ကွက်အီးစီအဖွဲ့ဆီမှာ လည်း ကျန်းမာရေးထောက်ပံ့မှုပုံစံ ဇယား ထားတယ်လေ။ အဲဒါ ဇယားနဲ့ ဖြည့်ပြီး ဆရာတော့်ဆီကို တင်ပြတာ ပေါ့။ တကယ်ကို အခက်အခဲရှိပြီး အရေးပေါ်ငွေလိုအပ်နေပြီဆိုရင်တော့ ဆ ရာတော့်ဆီကို အကြောင်းပဲ ကြားလိုက်တာပါ။

ကျွန်တော်တို့ရှိတာနဲ့ အရင် ဆုံး ထောက်ပံ့ပေးထားတယ်။ အတွေ့ အကြုံအရတော့ ကျွန်တော်တို့ရပ်ကွက် က ကလေးမွေးတာနဲ့ ဆိုင်ကယ်မတော် တဆဖြစ်တာတွေကို ကူညီရတာ များ တယ်။ ဆေးရုံတင်ပြီဆိုတာနဲ့ ဒီနဂါးနီ စုဘူးအသင်းက ကူညီတာပါပဲ”လို့ ဆို တဲ့ ရပ်ကွက်အီးစီအဖွဲ့ဝင်တစ်ဦးရဲ့ စ ကားတွေကလည်း နဂါးနီအသင်းရဲ့ လူမှုအကျိုးပြုပရဟိတလုပ်ငန်းလေး တွေကို ပေါ်လွင်စေတာ အမှန်ပါ။

နဂါးနီအသင်း တည်ထောင်ချိန် မှာ ပညာရေးနဲ့ ဗဟုသုတပိုင်းဆိုင်ရာ အားနည်းချက်ရှိတဲ့ အိမ်ရှင်မတွေ၊ ရပ် ကွက်သူရပ်ကွက်သားတွေကို ချေးငွေ ထုတ်ပေးတဲ့အပြင် သူတို့လေးတွေရဲ့ လူနေမှုနဲ့ အသိပညာပိုင်းတွေ မြင့်မား လာဖို့အတွက်လည်း ဆရာတော်နဲ့ ဗ ဟိုအီးစီအဖွဲ့တို့က အသိပညာပေး စည်းရုံးဟောပြောမှုတွေ အခါအား လျော်စွာ ပြုလုပ်ပေးခဲ့ကြောင်း သိရပါ တယ်။

‘အခုမှ ရပ်ကွက်တွေက နည်း နည်းများလာလို့။ ဒီအသင်း စထောင် တုန်းကဆိုရင် ၂ဝ၁၃ ကနေ ၂ဝ၁၅ ခုနှစ်ထိအောင် ရပ်ကွက်သူရပ်ကွက် သားတွေရဲ့ ဘဝအခြေမြင့်မားဖို့အ တွက် ဟောပြောပွဲတွေ လုပ်ပေးရ တယ်။ ဟောပြောပွဲတွေလုပ်တဲ့အခါ ဆရာတော်လေး နှစ်ပါးရယ်။ အစ်မရယ် ပေါ့။ သူတို့တွေရဲ့အသိပညာတွေ မြင့် မားအောင် အသိပညာဖွင့်ပေးတာပေါ့ နော်။

ဘုန်းဘုန်းဦးဝီရသူ ခုလိုလုပ်ပေး တဲ့ရည်ရွယ်ချက်ကိုက အိုးမရှိအိမ်မရှိ တဲ့ ကျူးကျော်တွေကို အိုးတွေအိမ် တွေ ရှိလာအောင်လို့၊ အဆင်ပြေလာ အောင်လို့ဆိုတော့ သူတို့လေးတွေရဲ့ လူနေမှု၊ နေထိုင်ပြောဆိုမှုတွေ မြင့် မားလာအောင်လည်း စည်းရုံးဟော ပြောခဲ့ရတာပေါ့။ နောက်ပိုင်း တစ်နှစ် နှစ်နှစ်လောက်ဖြစ်လာပြီဆိုရင် သူတို့ ရဲ့ အသွင်အပြင်တွေက တကယ်ကို ပြောင်းလဲသွားကြတယ်။ သူတို့အသိ တွေ မြင့်မားလာတယ်။ သူတို့ရဲ့ သား သမီးလေးတွေကို ပျိုးထောင်ရမယ်ဆို တာ သိလာတယ်။ ယဉ်ကျေးလိမ္မာ သင်တန်းတွေ ပို့ရမယ်ဆိုတာ သိလာ တယ်။ သူဌေးတွေလို တန်ဖိုးကြီးတာ တွေ မဝတ်နိုင်ရင်တောင်မှ သူတို့ရှိတာ လေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မြင့် မားမားလေးဖြစ်အောင် နေတတ်လာ ကြတာပေါ့။ ဒါတွေဟာ နဂါးနီရဲ့ အောင်မြင်မှုတွေပါပဲ။ ဒါတွေက အစ်မ တို့ရဲ့ လုပ်ဆောင်ချက်တွေပေါ့လေ’ လို့ ဗဟိုအီးစီအဖွဲ့ အတွင်းရေးမှူး ဒေါ် ကြင်ကြင်မြိုင်က ရှင်းပြပြောဆိုပါတယ်။

(၉)
ဆရာတော်အနေနဲ့ လောကအ လင်းပညာဒါနကျူရှင်ကျောင်းနဲ့အတူ နဂါးနီစုဘူးအသင်းကိုလည်း တည် ထောင်ပြီး ဆင်းရဲသားပြည်သူလူထုအ တွက် သူနိုင်တဲ့ဘက်က ရပ်တည်ကူ ညီပေးနေချိန်မှာ ဆရာတော်ရဲ့ လုပ် ရပ်နဲ့ စေတနာကို ကောင်းကောင်းနား လည်သူတွေဆီက နောက်ထပ် ကူညီ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးဖို့ လျှောက်ထား တောင်းဆိုလာတာတွေ လည်း ရှိတယ်လို့ ဆရာတော်ဦးဝီရသူ က မိန့်ပါတယ်။ နဂါးနီစုဘူးအသင်းကို မန္တလေးမြို့မှာ အောင်အောင်မြင်မြင် တည်ထောင်ပေးထားသလိုမျိုး တခြား မြို့နယ်နဲ့ ဒေသတချို့က လူပုဂ္ဂိုလ် တွေကလည်း ဒုက္ခရောက်၊ အခက်အ ခဲဖြစ်နေသူတွေကို ကူညီစောင့်ရှောက် ဖို့၊ စာနဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ အီး မေးလ်နဲ့ အွန်လိုင်းကနေဖြစ်စေ တင် ပြလျှောက်ထားမှု များစွာရှိနေတာပါ။ ဒါပေမဲ့ သူ့အနေအထားအရ တရား ဟောခွင့် အပိတ်ခံထားရသလို ဓမ္မပူ ဇာငွေလည်း များများစားစား မရှိတဲ့အ တွက် အကျပ်အတည်းတွေ့နေသူ အားလုံးကို ဝီရသူတစ်ပါးတည်းနဲ့ မကူ ညီနိုင်တာ စိတ်မကောင်းဖြစ်မိကြောင်း လည်း ဆရာတော်က ရင်ဖွင့်ပါတယ်။

‘အဓိကကတော့ ကုသိုလ်တွေ၊ ပါရ မီတွေဆိုတာထက် ဦးဇင်းတို့ကတော့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေးကို အဓိကထားတာ။ ဒီလိုနိမ့်ကျနေတဲ့လူ တွေကို မြှင့်တင်ပေးမှ အားလုံးအကျိုး ရှိတာ။ သာသနာပြုရာလည်း ရောက် တာပေါ့နော်။

ဆင်းရဲသူဆင်းရဲသားတွေ အရင် တုန်းကဆိုရင် မနက်ထပြီးတော့ စား သောက်ပြီး အလုပ်သွား၊ ညကျတော့ လည်း စားပြီးအိပ်။ ဘုရားဆိုတာ ဘယ် ဆီမှန်းမသိ၊ တရားဆိုတာ ဘယ်ဆီမှန်း မသိ။ နဂါးနီကတော့ ဆင်းရဲသူ ဆင်းရဲ သားတွေကို လူမှုစီးပွားရေး အခြေခံ ပြီးတော့ တစ်ပိုင်တစ်နိုင် သာသနာပြု နေတာပေါ့။ ပညာရေးကတော့ ဆင်း ရဲသူ ဆင်းရဲသားတွေရဲ့ သားသမီးတွေ ဟာ သူဌေးသားသမီးတွေနဲ့ တန်းတူ ပညာဆည်းပူးခွင့်ရအောင် ဖန်တီးပေး တာပါ။ အဲဒါပါပဲ’လို့ ဆရာတော်က မိန့်ကြားပါတယ်။

ဒါပေမဲ့ ပရဟိတနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကို ကြိုးစားဆောင်ရွက် နေတဲ့ ဆရာတော်ဦးဝီရသူနဲ့ပတ်သက် ပြီး စိတ်မကောင်းစရာတစ်ခုကတော့ လက်လုပ်လက်စား ဆင်းရဲသားအများ စုအတွက် တည်ထောင်ပေးထားတဲ့ နဂါးနီစုဘူးအသင်းကိုတောင်မှ မလိုသူ တချို့က ဟိုလိုပြော၊ ဒီလိုပြော ဝေဖန် စွပ်စွဲချက်တချို့လေးတွေ ရှိခဲ့ဖူးတာပါ ပဲ။ ဦးဝီရသူဟာ ဘုန်းကြီးလုပ်ပြီး ငွေ တိုးပေးစားနေတယ်၊ ရပ်ကွက်ထဲမှာ ဆင်းရဲသားတွေကို ပိုက်ဆံချေးပြီး နိုင် ငံရေးတရားတွေ ဖြန့်နေတယ်စတဲ့ ဝေဖန်မှုတွေဟာ ဆရာတော်အတွက် ဘာမှ မဖြစ်ပေမဲ့ ဒီလိုမျိုး မဟုတ်မမှန် စွပ်စွဲချက်တွေကြောင့် လောကအ လင်းနဲ့ နဂါးနီစုဘူးအသင်းကို ထိခိုက် လာရင်တော့ တကယ်တမ်းနစ်နာရမှာ က ရပ်ကွက်ထဲက မရှိဆင်းရဲသား တွေဖြစ်တယ်ဆိုတာ ထည့်တွက်စေ ချင်တာပါ။

နဂါးနီစုဘူးအသင်း သွားနေတဲ့ ငွေ စုငွေချေးပုံစံနဲ့ပတ်သက်ပြီးလည်း အသင်းရဲ့ ပဲ့ကိုင်ရှင် ဆရာတော်က-
‘ဦးဇင်းရဲ့ နဂါးနီစုဘူးအသင်းကို တချို့ကျတော့ ဘဏ်လိုအောက်မေ့ ပြီးတော့ မှတ်ပုံတင်သင့်တယ်၊ အရေးယူခံရနိုင်တယ်လို့ ပြောကြတယ်။ ဦးဇင်းတို့က ဘဏ်လိုမဟုတ်ဘူး။ ဘဏ်က နံပါတ်တစ်-ငွေချေးပေးတယ်၊ နှစ်-အမြတ်ကြေးငွေယူတယ်၊ သုံး- အဲဒီအမြတ်ကြေးငွေကို သူတို့ရဲ့ ကိုယ် ကျိုးစီးပွားအတွက် ထပ်ချဲ့တယ်။ ဒီ ငွေချေးယူသူတွေရဲ့ ကျန်းမာရေး၊ လူ မှုရေးကိစ္စတွေကို ပြန်ကြည့်တာမျိုး မရှိဘူး။ စီးပွားရေးသက်သက်ပဲ။ ဦး ဇင်းတို့ကျတော့ ဒီ အတိုး ၅ဝဝဝ ထဲ က ၂ဝဝဝ ကို ငွေချေးယူသူ ဆင်းရဲ သားတွေရဲ့ မိဘနှစ်ပါးကျန်းမာရေး၊ မိသားစုအခက်အခဲ၊ အကျပ်အတည်း တွေ ကူညီဖို့ ပြန်သုံးတယ်။

တချို့ ရပ်ကွက်ထဲက ဆင်းရဲ သားတွေဆို နာရေးတောင် တော် တော်ခက်ခဲတယ်။ နာရေးကူညီမှုဆို တာကျတော့လည်း သူတို့မှာ ကားပဲ ကူညီတာလေ။ ငွေကျတော့ မကူနိုင် ဘူးလေ။ အဲတော့ ဆွမ်းကျွေးစရိတ် တို့၊ အသုဘစရိတ်တို့ အများကြီးကုန် တာပေါ့။ အဲဒါကြောင့် မိသားစုဝင် ထဲက တစ်ဦးဦးဆုံးပါးသွားတဲ့အခါ နာ ရေးအတွက်လည်း ဒီ အမြတ်ငွေ ၂ဝဝဝ ထဲက ကူညီတယ်။ နောက် သူတို့ရဲ့ သားသမီးတွေရဲ့ ပညာရေးနဲ့ ကျောင်းစရိတ်အတွက် ထောက်ပံ့တာ ပေါ့’လို့ မိန့်ကြားပါတယ်။

ဆရာတော်ရဲ့ မိန့်ကြားပြောဆို ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ နား ထောင်ပြီးခဲ့ရချိန်မှာ ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံရေး ပယောဂနဲ့ ပါတီစွဲပုဂ္ဂိုလ်စွဲကင်းကင်း တွေးတာ ငံ့လင့်မိတာလေးတွေတချို့ လည်း ရှိခဲ့ပါသေးတယ်။

ဒီကနေ့အချိန်မှာ ဆရာတော် ဦးဝီရသူ ဘာပဲလုပ်လုပ်၊ ဘာပြောပြော တချို့လူပုဂ“္ဂိုလ်၊ အဖွဲ့အစည်းတွေ ဘက်က ရန်သူတော်စာရင်းသွင်းပြီး တစ်ချိန်လုံး အစွန်းရောက်၊ အကြမ်း ဖက်၊ ဘာသာရေးပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့သူဆိုပြီး စွပ်စွဲပုတ်ခတ် နေကြပေမဲ့ မန္တလေးမြို့၊ ဆင်ခြေဖုံး ရပ်ကွက်လေးတွေထဲက နဂါးနီစုဘူးအ သင်း မိသားစုဝင်တွေကတော့ ဆရာ တော်ရဲ့ မြင့်မြတ်တဲ့ လူမှုအကျိုးပြု စိတ်ဓာတ်နဲ့ လက်တွေ့ကျကျ ကူညီ စောင့်ရှောက်မှုတွေကို နေ့စဉ်နဲ့အမျှ ကျေးဇူးတင်နေလိမ့်မယ်ဆိုတာပါပဲ။

တိုင်းပြည်ကြီးကို ကောင်းစားစေ ချင်တယ်ဆိုတဲ့ ခေါင်းဆောင်ကြီးတွေ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက် ထားတယ်ဆိုတဲ့ အမတ်မင်းတွေ၊ လူ့ အခွင့်အရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရပ်ဘက်အ ဖွဲ့အစည်းတွေနဲ့ ဆရာတော်ဦးဝီရသူ ကို ခါးခါးသီးသီးဖြစ်နေသူတွေအနေ နဲ့လည်း ဦးဝီရသူလို ဆင်းရဲသားလူထု အကျိုးအတွက် လက်တွေ့ကျကျ ထမ်းပိုးရွက်ဆောင်နိုင်ပါစေ၊ ဆရာ တော်တည်ထောင်ပေးထားတဲ့ နဂါးနီ စုဘူးလို စုဘူးအသင်းတွေ မြောက်မြား စွာ ပေါ်ထွက်လာနိုင်ပါစေလို့ပဲ အား လုံးကိုယ်စား မျှော်လင့်ဆုတောင်းပေး လိုက်ချင်ပါတော့တယ်။

မိုးအောင်လင်းနိုင်