Daily Archives: September 16, 2017

သတင်း

BBCကို ချီးထက်ရွံတယ်

12.9.2017 ရက်နေ့ကပါ။ BBC သတင်းထောက်က သဟာယကျောင်းရှေ့ လမ်းမကြီးပေါ်မှ ဗီဒီယိုကင်မရာများနှင့်ချိန်ပြီး အသင့်စောင့်နေပါတယ်။ မနက် ၁၁း၀၀ နာရီထိုးချိန် စာရေးသူ ဆွမ်းစားကျောင်းသွားမည့်လမ်းမှာ စောင့်ပြီးရိုက်ကူးဖို့ အဆင်သင့်အနေအထား ပြင်ထားကြတာပါ။ အဲဒီနေ့က မိုးလေးတဖွဲဖွဲလည်း ကျနေပါတယ်။ စာရေးသူက အဗျူးမခံချင်တာနဲ့ သူတို့ကမ်းလှမ်းတာကို ပယ်ထားပြီးသားပါ။ သူတို့နဲ့ဗျူးရင်လည်း အရှိအတိုင်းလွှင့်မှာမဟုတ်၊ ပြည်သူနဲ့ရန်တိုက်ပေးလို့ရမည့်စကားလုံးဆိုရင် လွှင့်မယ်၊ အမှားပါတဲ့စကားလုံးဆိုရင်လွှင့်မယ် ဒါမျိုးတွေရိုးနေပြီဆိုတော့ BBC ကမ်းလှမ်းတာကို လက်မခံလိုက်ပါဘူး။ စာရေးသူက လက်မခံဘူးဆိုတော့ အဖွဲ့နှင့်ပဲဗျူးတော့မယ်ဖြစ်သွားပါတယ်။ အဖွဲ့အနေနှင့် လက်ခံတာကတော့ ကောင်းပါတယ်။ စာရေးသူကို ပစ်မှတ်ထားသလိုမျိုး မဖြစ်နိုင်တာမို့ အဖွဲ့အနေနှင့် လက်ခံလိုက်ကြပါတယ်။ အဖွဲ့ဆီပဲသွားဗျူးမယ်ထင်နေတာ၊ ဆွမ်းစားသွားရာ လမ်းမှာ စောင့်နေတာ ...
သတင်း

လက်လုပ်လက်စား အများပြည်သူများအတွက် မျှော်လင့်ချက် စုဘူးလေးများအကြောင်း(၃)

(၇) တကယ့် ရပ်ကွက်ထဲက ကြုံရာ ကျပန်း၊ ပျံကျဈေးသည်နဲ့ တကယ့် ဘဝသမား မိသားစုဝင် အိမ်ရှင်မတွေ ရဲ့ ရင်ဖွင့်သံတွေ ကြားရတာ ကရုဏာ သက်ဖို့ကောင်းသလို တကယ်လို့ ဒီလို ရပ်ကွက်တွေထဲမှာ နဂါးနီစုဘူးအသင်း လိုမျိုး လူမှုကူညီမှုသက်သက်နဲ့ ငွေ ထုတ်ပေးတဲ့ အသင်းတစ်သင်း ပေါ်မ လာဘူးဆိုရင် သူတို့တွေ ဘယ်အချိန် ထိ ဆက်ပြီး နစ်မွန်းနေမလဲတွေးမိရင်း လည်း ရင်မောမိတာ အမှန်ပါပဲ။ ဒီလို ဆိုရင် မရှိဆင်းရဲသားတွေအတွက် ဆ ရာတော်(ဦးဝီရသူ) တည်ထောင်ပေး ...
သတင်း

ဇွဲကပင် မိန့်ခွန်းဂယက်(၁)

10.9.2017 ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဘားအံမြို့ တောင်ကလေးကွင်း ဟောပြောပွဲနှင့်ပတ်သက်ပြီး ဇွဲကပင်ဆရာတော်ကြီးက အခုလို မိန့်ပါတယ်။ ကိုယ်တော်တို့ကသာ ပြန်သွားတာ ပြဿနာတွေက ကျန်ခဲ့တယ်။ ပွဲကသာပြီးသွားတာ ပြဿနာတွေက မပြီးသေးဘူးဟု ဖြစ်ပါတယ်။ 14.9.2017 ရက်နေ့မှာ အင်းစိန်ရွာမ မဘသ(ဗဟို) အလှူငွေပေးအပ်ပွဲအခန်းအနား ကြွရောက်လာခိုက် မိန့်တော်မူခြင်းဖြစ်ပါတယ်။ မီဒီယာတွေကလည်း နည်းမျိုးစုံနဲ့ ဖိအားပေးနေကြတာပါ။ တကယ်တော့ အနာရှိလို့ စပ်တဲ့သဘောပါ။ ဆားကတော့ ငံတာပါပဲ။ အနာမရှိတဲ့သူကျ မစပ်ဘူးပေါ့။ အနာရှိတဲ့သူကျ မခံမရပ်နိုင်ဖြစ်ကြတယ်။ တကယ်တမ်းပြောရင် NLD ပါတီကြီးဟာ တိုင်းရင်းသားတွေအပေါ်မှာတော့ လက်စောင်းထက်ကြပါတယ်။ ဘုန်းကြီးတောင် ချမ်းသာမပေးကြပါဘူး။ ဒါပေမဲ့ ကုလားအရေး မူဆလင်အရေး ဘင်္ဂလီအရေးနှင့်ပတ်သက်လာပြီးဆိုရင်တော့ အစွယ်တွေလည်း ...
သတင်း

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် အလှူတော်(၂၀)

အကြမ်းဖက်ဘေးသင့် ရခိုင်ပြည်သူများအတွက် ၁။ မစိုးရိမ်တိုက်သစ် ဓမ္မဝိမုတ္တိရသကျောင်း စာသင်သားသံဃာတော်များမှ အလှူငွေ ၁၄၄၀၀၀(တစ်သိန်းလေးသောင်းလေးထောင်)ကျပ် လှူဒါန်းပါသည်။(10.9.2017) ၂။ မစိုးရိမ်တိုက်သစ် ပထမကြီးတန်းစာသင်သားသံဃာတော်များမှ အလှူငွေ ၂၄၅၀၀၀(နှစ်သိန်း လေးသောင်းငါးထောင်)ကျပ် လှူဒါန်းပါသည်။(11.9.2017) ၃။ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာ ဘုရားကြီးကျောင်းတိုက် ဦးဝိစာရိန္ဒမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်(11.9.2017) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၅၇)

မန္တလေး ချမ်းမြသာစည်မြို့နယ် ဒက္ခိဏာရာမဘုရားကြီးတိုက် ပွဲစားကြီးကျောင်း ဆရာတော် ဦးအာစိဏ္ဏမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(13.9.2017) မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၀၆၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ...
သတင်း

ဒီမိုကရေစီခေတ်လို့ ပြောရင် ယုံမှာတောင်မဟုတ်ဘူး

စာရေးသူကြုံခဲ့ရတဲ့ အမှန်တကယ်အဖြစ်အပျက်လေးပါ။ ဒီနှစ် သြဂုတ်လ ၂၇ ရက်(27.8.2017) နေ့တုန်းက ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ကြုံခဲ့ရတာပါ။ ဖျာပုံမြို့မှ ဦးသိန်းဆွေ+ဒေါ်မာမာသိမ့် မိသားစုက စာရေးသူကို ပင့်ဖိတ်ပြီး နဝကမ္မအလှူငွေ လှူဒါန်းကြမည့် အစီစဉ်ပါ။ သမီးလတ် မဆွေမာလတ်ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းဖို့ စီစဉ်ကြတာပါ။ နီးစပ်ရာဓမ္မမိတ်ဆွေများလည်း ဖိတ်ကြားဖို့ စီစဉ်ပါတယ်။ ဒီသတင်းကို ဖျာပုံထွေအုပ်အနံ့ရသွားပြီး ဒေါ်မာမာသိမ့်ကို ခေါ်မေးပါတယ်။ ဒေါ်မာမာသိမ့်က မှန်ကန်ကြောင်း ပြောဆိုတဲ့အခါ ဖျာပုံထွေအုပ်က သူတို့ကြားထားတာက တစ်မျိုးဖြစ်နေလို့ ခေါ်မေးတာဖြစ်ကြောင်းလောက်ပဲ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ...