သတင်း

ရန်ကုန် ဗဟန်းမြို့နယ် ဦးအောင်ချစ်+ဒေါ်မြစိန် မိသားစု အလှူတော်

ဒီနေ့ တပိုတွဲလဆန်း ၆ ရက် 22.1.2018 ညနေ ၅း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးပေါ်မှာ ကျင်းပပါတယ်။ အလှူဒါယကာ ဒါယိကာမများကတော့ ရန်ကုန် ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းနေ ဦးအောင်ချစ်+ဒေါ်မြစိန် မိသားစုတို့ပါ။

နာယကဆရာတော်များ စာချဆရာတော်များ စာသင်သားသံဃာများအား လှူဖွယ်ဝတ္ထုအစုစု လှူဒါန်းကြတာပါ။ စာအောင်သံဃာများအတွက်လည်း ပဒေသပင်အသီးသီးစိုက်ထူကြသလို စာသင်သားသံဃာများအား တစ်ပါးလျှင် ငါးထောင်ကျပ်စီ လောင်းလှူပါတယ်။

ဒေါ်မြစိန်၏ ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် လှူဒါန်းခြင်းဖြစ်ပါတယ်။ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသက သီလပေးရေစက်ချ တရားတော်များ ချီးမြှင့်ပါတယ်။ ဤအလှူကို ဦးဆောင်လာရောက် လှူဒါန်းသူကတော့ ပုဇွန်တောင်ဆုတောင်းပြည့်စာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တမေဓင်္ကရဖြစ်ပါတယ်။

ဦးဆောင်နာယကဆရာတော်ကတော့ ဓမ္မဂါရဝဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသဖြစ်ပါတယ်။ အလှူရှင် ဦးအောင်ချစ်+ဒေါ်မြစိန် မိသားစုနှင့်အတူ ဝေယျာဝစ္စပြုသူများ အနုမောဒနာပြုသူများအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။