မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ကော်မတီအသီးသီး ဖွဲ့စည်းအောင်မြင်

တပိုတွဲလဆန်း ၅ ရက် 21.1.2018 မွန်းလွဲ ၂း၃၀ နာရီ မန္တလေး ချမ်းအေးသာစံမြို့နယ် ၆၂လမ်း ၃၄×၃၅လမ်းကြား တောင်စလင်းတိုက်သစ် ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီး ကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဝါခင်းကုန်းဆရာတော်ကြီး အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ သံဃာတော်များ ပညာရေးကို အထူးမြတ်နိုးကြသော မျိုးချစ်ပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။

မန်း မဘသ ဝိုင်းတော်သားများ မျိုးချစ်သမဂ္ဂဝိုင်းတော်သားများ အမျိုးသားရေးအင်အားစုများ ပရဟိတအဖွဲ့အစည်းများ ဥပဒေပညာရှင်များ ပညာရေးအငြိမ်းစားဝန်ထမ်းများ ကာကွယ်ရေးအငြိမ်းစားဝန်ထမ်းများ ပါဝင်ကြပါတယ်။ ဗဟိုကော်မတီ၊ အထူးကြီးကြပ်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ အထွေထွေလုပ်ငန်းကော်မတီ၊ စာရင်းစိစစ်ရေးကော်မတီ၊ ဆောက်လုပ်ရေးကော်မတီ၊ ပစ္စည်းဝယ်ယူရေးကော်မတီ ပစ္စည်းထိန်းသိမ်းရေးကော်မတီ အသီးသီးဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပဏာမအဆင့် ကော်မတီဖွဲ့အစည်းအပြီးမှာ အစည်းအဝေးမှာ ထပ်မံကျင်းပကာ စာသင်ဆောင် ဆောက်လုပ်ဖို့အတွက် ပထမဦးဆုံး စတင်ဆောင်ရွက်ကြမှာပါ။