Daily Archives: January 23, 2018

သတင်း

မိတ္ထီလာ စက်ပစ်တောင်ရွာ ကုလားဆိုးသောင်းကျန်းမှု

20.1.2018 ည ၆း၃၀ နာရီအချိန်မှာ ဖြစ်ပွားခဲ့တဲ့ ရိုက်နှက်မှုပါ။ အရိုက်ခံရသူက စိုးမိုးထွန်း(ခ)ဇေယျ အသက် (၂၈)နှစ် (ဘ)ဦးမြင့်ထူး (မိ) ဒေါ်အေးအေးမော် ဖြစ်ပါတယ်။ ရိုက်နှက်သူကတော့ ကုလားဂျမလွတ်(ခ)မောင်စိုး (၂၈)နှစ် (ဘ)ဦးသက်ထွန်း၊ (မိ)ဒေါ်ဂရီမန် ဖြစ်ပါတယ်။ ဦးမြင့်ထူးက ယာခင်းထဲမှာ ရုံးပတီသီးခူးနေစဉ် ဂျမလွတ်နှင့် မိခင် ဂရီမန်တို့က ယာခင်းထဲလှည်းဖြင့် ဖြတ်မောင်းရာမှ ပြဿနာစတာပါ။ ယာခင်းထဲဖြတ်မမောင်းဖို့ သတိပေးထားလျက်နဲ့ ဖြတ်မောင်းသွားလို့ စကားများကြတာပါ။ ဦးမြင့်ထူးနှင့် ဂျမလွတ်တို့သားအမိ စကားများနေကြောင်း သိရလို့ လိုက်သွားတဲ့ သားဖြစ်သူ စိုးမိုးထွန်းကို ကုလားမ ဂရီမန်က ...
မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ကော်မတီအသီးသီး ဖွဲ့စည်းအောင်မြင်

တပိုတွဲလဆန်း ၅ ရက် 21.1.2018 မွန်းလွဲ ၂း၃၀ နာရီ မန္တလေး ချမ်းအေးသာစံမြို့နယ် ၆၂လမ်း ၃၄×၃၅လမ်းကြား တောင်စလင်းတိုက်သစ် ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီး ကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဝါခင်းကုန်းဆရာတော်ကြီး အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ သံဃာတော်များ ပညာရေးကို အထူးမြတ်နိုးကြသော မျိုးချစ်ပုဂ္ဂိုလ်များ တက်ရောက်ကြပါတယ်။ မန်း မဘသ ဝိုင်းတော်သားများ မျိုးချစ်သမဂ္ဂဝိုင်းတော်သားများ အမျိုးသားရေးအင်အားစုများ ပရဟိတအဖွဲ့အစည်းများ ဥပဒေပညာရှင်များ ပညာရေးအငြိမ်းစားဝန်ထမ်းများ ကာကွယ်ရေးအငြိမ်းစားဝန်ထမ်းများ ပါဝင်ကြပါတယ်။ ဗဟိုကော်မတီ၊ အထူးကြီးကြပ်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ အထွေထွေလုပ်ငန်းကော်မတီ၊ စာရင်းစိစစ်ရေးကော်မတီ၊ ဆောက်လုပ်ရေးကော်မတီ၊ ပစ္စည်းဝယ်ယူရေးကော်မတီ ပစ္စည်းထိန်းသိမ်းရေးကော်မတီ အသီးသီးဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပဏာမအဆင့် ...
သတင်း

ရန်ကုန် ဗဟန်းမြို့နယ် ဦးအောင်ချစ်+ဒေါ်မြစိန် မိသားစု အလှူတော်

ဒီနေ့ တပိုတွဲလဆန်း ၆ ရက် 22.1.2018 ညနေ ၅း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးပေါ်မှာ ကျင်းပပါတယ်။ အလှူဒါယကာ ဒါယိကာမများကတော့ ရန်ကုန် ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းနေ ဦးအောင်ချစ်+ဒေါ်မြစိန် မိသားစုတို့ပါ။ နာယကဆရာတော်များ စာချဆရာတော်များ စာသင်သားသံဃာများအား လှူဖွယ်ဝတ္ထုအစုစု လှူဒါန်းကြတာပါ။ စာအောင်သံဃာများအတွက်လည်း ပဒေသပင်အသီးသီးစိုက်ထူကြသလို စာသင်သားသံဃာများအား တစ်ပါးလျှင် ငါးထောင်ကျပ်စီ လောင်းလှူပါတယ်။ ဒေါ်မြစိန်၏ ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် လှူဒါန်းခြင်းဖြစ်ပါတယ်။ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသက သီလပေးရေစက်ချ တရားတော်များ ချီးမြှင့်ပါတယ်။ ဤအလှူကို ဦးဆောင်လာရောက် ...
သတင်း

မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဆရာတော်ကြီးထံ သြဝါဒခံယူ

20.1.2018 ည ၇း၀၀ နာရီ မန္တလေး ချမ်းအေးသာစံမြို့နယ် ၃၄×၃၅လမ်းကြား၊ ၆၂လမ်း၊ တောင်စလင်းတိုက်သစ် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီးထံ သွားရောက်သြဝါဒခံယူပါတယ်။ 21.1.2018 မှာ ကျင်းပမည့် မဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရေးအတွက် ကြိုတင်လျှောက်ထားသင့်သည်များကို လျှောက်ထားပါတယ်။ ဆရာတော်ကြီးနှင့်အတူ တိုက်အုပ်ဆရာတော် ဦးနေမိန္ဒကလည်း အကြံဉာဏ်ပေး သြဝါဒပေးပါတယ်။ 21.1.2018 မှာ အစည်းအဝေးကတော့ ဝါခင်းကုန်းကျောင်းတိုက်မှာပဲ ကျင်းပမှာပါ။
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ် လူငယ် Mobile(ဒါနဘဏ်)မှ အလှူငွေ ၃၀၀၀၀၀ (သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (21.1.2018) (လူငယ်Mobile ဖုန်းဆားဗစ်စင်တာမှ လူငယ်လေးတွေ စုပေါင်း လှူကြတာပါ။ ဖုန်းဆိုင်မှာ အလှူခံပုံးလေး လုပ်ထားပါတယ်။ ဖုန်းပြင်ခတို့၊ ဆော့ဝဲသွင်းခတို့ သီးခြား ပိုက်ဆံ အခကြေးငွေ မယူတဲ့အခါ အလှူခံပုံးထဲပဲ ထည့်လှူသွားကြတဲ့ အလှူငွေ တစ်သိန်းရှစ်သောင်းခွဲကို ထပ်ဖြည့်ပြီး စုပေါင်း လှူကြတာလို့ ပြောပါတယ်။ လူငယ်တွေရဲ့ စေတနာသဒ္ဓါတရားနဲ့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာရာမကျောင်းတိုက် ဦးသြဘာသသီရိ(ရွှေကန်ဆရာတော်)မှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (21.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
သတင်းအင်တာဗျူး

မဘသ ဝီရသူ ၉၆၉

မဘသ အဖွဲ့ အစည်းကြီးထဲမှာ ဦးဇင်းအတွက် နေရာ မရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ ● ——————————————————————— မေး- မဘသရှိခဲ့တဲ့ တစ်လျှောက်လုံး၊ နာမည်မပြောင်းခင် တစ်လျှောက်လုံး၊ မဘသအဖွဲ့ကြီးအနေနဲ့ ရှိခဲ့တဲ့ တစ်ချိန် လုံးမှာ မဘသလို့ပြောလိုက်တာနဲ့ အမျိုး သားရေးလှုပ်ရှားမှုလို့ပဲ နားလည်ကြတယ်။ အမျိုးသားရေးလှုပ်ရှားမှုဆိုတာနဲ့ အရှင် ဘုရားက ဦးဆောင်သူအခန်းကဏ္ဍကနေ ပါဝင်လာတယ်။ ဆိုတော့ ဒီထဲမှာပဲ မဘသ ထဲမှာပဲ ပွင့်ပွင့်လင်းလင်းပြောရရင် တချို့ က အရှင်ဘုရားပါမှ ပြည့်စုံတယ်လို့ယူဆ ကြပြီး တချို့က အရှင်ဘုရားပါလာရင် ...