မဘသ အဖွဲ့ အစည်းကြီးထဲမှာ ဦးဇင်းအတွက် နေရာ မရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ
● ———————————————————————

မေး- မဘသရှိခဲ့တဲ့ တစ်လျှောက်လုံး၊ နာမည်မပြောင်းခင် တစ်လျှောက်လုံး၊ မဘသအဖွဲ့ကြီးအနေနဲ့ ရှိခဲ့တဲ့ တစ်ချိန် လုံးမှာ မဘသလို့ပြောလိုက်တာနဲ့ အမျိုး သားရေးလှုပ်ရှားမှုလို့ပဲ နားလည်ကြတယ်။ အမျိုးသားရေးလှုပ်ရှားမှုဆိုတာနဲ့ အရှင် ဘုရားက ဦးဆောင်သူအခန်းကဏ္ဍကနေ ပါဝင်လာတယ်။ ဆိုတော့ ဒီထဲမှာပဲ မဘသ ထဲမှာပဲ ပွင့်ပွင့်လင်းလင်းပြောရရင် တချို့ က အရှင်ဘုရားပါမှ ပြည့်စုံတယ်လို့ယူဆ ကြပြီး တချို့က အရှင်ဘုရားပါလာရင် အန္တရာယ်ရှိတယ်လို့ ယူဆကြတယ်။
တပည့်တော်သိချင်တာက ဆရာ တော်ဦးဝီရသူအနေနဲ့ မဘသအတွက် ဘာတွေလုပ်ပေးခဲ့သလဲ ဘုရား။ ဘာတွေ လုပ်ပေးနိုင်ခဲ့လဲဘုရား။

ဖြေ- မဘသအဖွဲ့ကြီး စပြီးတည်ထောင် တဲ့အချိန်မှာတော့ ဦးဇင်းတို့ ခုနစ်ပါးပါတာ ပေါ့။ အဲဒါက မဖွဲ့ခင် ကြိုတင်ညှိနှိုင်းတဲ့ အချိန်ပေါ့။ တကယ့်တကယ်ဖွဲ့တဲ့အခါကျ တော့ ဦးဝီရသူက မပါတော့ဘူးလေ။ မပါ တော့ဘူးဆိုတာက တိုင်းနဲ့ပြည်နယ်တစ်ခု ကို ဦးဆောင်ဆရာတော် သုံးပါးပဲ ရွေးတာ ကိုး။ မန္တလေးတိုင်းက တက်လာတဲ့သံဃာ တွေကျတော့ တကယ်အရည်အချင်းရှိတဲ့ သံဃာတွေက သုံးပါးမကဘူး ဖြစ်နေတာ ကိုး။
အဲဒီတော့ ဦးဇင်းက အသက်ကြီးတဲ့ သူတွေရော၊ လုပ်နိုင်စွမ်းရှိတဲ့သူတွေရော အဲဒီသုံးပါးကို ရွေးချယ်ပြီး ဦးဇင်းက နောက်ဆုတ်လိုက်တာပေါ့နော်။ ဦးဇင်းက တော့ ဗဟိုဦးဆောင်ထဲမှာ မပါတော့ဘူး။ တခြားသုံးပါးကိုပဲ ဗဟိုဦးဆောင်ထဲမှာ တင် လိုက်တော့မယ်၊ တကယ်လို့ ဗဟိုအဖွဲ့က တစ်ခုခုခိုင်းခဲ့သည်ရှိသော် အလုပ်လုပ်မယ် ဆိုပြီးတော့ ဦးဇင်းက ဗဟိုဦးဆောင်ထဲ မပါလိုက်တာပေါ့လေ။

အဲဒီလို တိုင်းနဲ့ပြည်နယ် သုံးပါးရွေး ချယ်လိုက်ပြီးတော့ ဒုတိယအကြိမ် ထပ်ပြီး တော့ စည်းဝေးတဲ့အချိန်ကျတော့ ဦးဇင်း က အစည်းအဝေးခန်းမထဲ ဝင်ခွင့်မရတော့ ဘူးလေ။ အဲဒီတော့ ဦးဇင်းက ဗဟိုဦး ဆောင်ထဲ မပါဘူးဖြစ်သွားတာပေါ့။ နောက် ကျမှ ဘဏ္ဍာငွေရှာဖွေရေးအတွက် ဓမ္မ ကထိကဆရာတော်တွေ သီးသန့်ဖွဲ့တဲ့အခါ ကျမှ ဦးဇင်းက ပါရတာပေါ့လေ။

ဦးဇင်းကို မဘသ(ဗဟို)ဦးဆောင်လို့ လူတွေသိထားကြပေမယ့် တကယ်တမ်း ကျတော့ မဘသ(ဗဟို)ဦးဆောင်အဖွဲ့ထဲ မှာ ဦးဇင်းမပါဘူး။ ဘဏ္ဍာငွေရှာဖွေရေး အဖွဲ့ထဲမှာပဲ ဦးဇင်းပါတယ်။ ဒါပေမဲ့ မဘသ ကြီးဖွဲ့ဖို့ ကြိုတင်ဆွေးနွေးကြတဲ့ စတင် တည်ထောင်သူ ခုနစ်ပါးထဲမှာ ဦးဇင်း ပါ တယ်။

စတင်တည်ထောင်သူ ခုနစ်ပါး အဆင့်ကတည်းကိုက မျိုးစောင့်ဥပဒေ အတွက် အထက်ဗမာပြည်က ထောက်ခံ လက်မှတ်တွေ ရရှိဖို့အတွက် ဦးဇင်း ကြိုး စားပမ်းစား ကောက်ခံခဲ့တာပေါ့နော်။
နောက် မျိုးစောင့်ဥပဒေနဲ့ပတ်သက် ပြီးတော့ ဒိုင်ခံဖြေရှင်းခဲ့ရတာတွေ၊ ဒိုင်ခံ ကာကွယ်ရတာတွေ အများကြီးပေါ့နော်။

အဖွဲ့အစည်းအတွင်းထဲမှာလည်းပဲ ဘယ် လိုကော်မတီဖွဲ့ရင်ကောင်းမလဲ၊ ဘယ်လို ကြေညာချက်ထုတ်ရင် ကောင်းမယ်။ နောက်ပြီး ကြေညာချက်ထုတ်တဲ့အဖွဲ့ကို သီးသန့်လေး ဘယ်လိုချိတ်ဆက်ပြီးတော့ လုပ်ရင် ကောင်းမယ်၊ ဥပဒေရေးရာကော် မတီမှာ ဘယ်လိုဆိုလို့ရှိရင် ကောင်းမယ်၊ အမှုတွေနဲ့ပတ်သက်ပြီး ဒိုင်ခံဖြေရှင်းမယ့် သူတွေဆိုရင် ဘာတွေလိုအပ်တယ်၊ စသ ဖြင့် ဒါမျိုးတွေကို ဦးဇင်းက ဆရာတော် ကြီးဆီကိုလည်း အကြံပြုတယ်၊ ဗဟိုဦး ဆောင်ဆရာတော်တွေကိုလည်း အကြံပြု တယ်ပေါ့။
အခမ်းအနားတွေမှာလည်း ကြေညာ ချက်ထုတ်တဲ့အခါကျတော့ ဘယ်ဟာ ဘယ် ဟာလေးကို ထုတ်သင့်တယ်၊ ဘယ်ဟာ မျိုးကို မထုတ်သင့်ဘူး၊ ဝိုင်းဖွဲ့ပြီးတော့ ဦးဇင်းတို့ ဆွေးနွေးကြတာပေါ့။

နောက် သဘာဝဘေးပေါ်လာတဲ့အခါ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်ကြမယ်၊ ဒါမျိုးတွေလည်း တိုင်ပင်တဲ့အခါ ဦးဇင်းက ဦးဆောင်ဆွေးနွေးတာပေါ့နော့။ နောက် အစိုးရနဲ့ ထိပ်တိုက်တွေ့ လာတဲ့အခါမျိုးဆို ရင်လည်း ဦးဇင်းတို့က တာဝန်ယူပြီး ဦး ဆောင်ဆွေးနွေးပေးလိုက်တာပေါ့။ ဥပမာ- ဝှိုက်ကတ်ပြဿနာမျိုး။ ဆရာတော်ကြီး ကျတော့ လူကြီးဆိုတော့ အစစ အရာရာ ဝင်ပြောလို့ မသင့်တော်ဘူးလေ။ သြဝါဒ ပေးရုံလောက်ပဲ သင့်တော်တာ။ ဆွေးနွေး တဲ့အခါကျတော့ ဦးဇင်းတို့ အငယ်ပိုင်းတွေ နဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရ တာပေါ့နော့။

ပြောရမယ်ဆိုရင်တော့ မဘသအဖွဲ့ ကြီးထဲမှာ ဦးဇင်း လုပ်ပေးခဲ့တာတွေက တော့ နေရာမလပ်ပါပဲ။ မဘသ အဖွဲ့ အစည်းကြီးထဲမှာ ဦးဇင်းအတွက် နေရာ မရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ။

(မြန်မာ့ဥဒါန်းဂျာနယ် အမှတ် ၁၇၊ ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူးမှ ကောက်နုတ်ချက်)