မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ႏွင့္ မႏၲေလးတုိင္းေဒသႀကီး NLD အစုိးရအဖြဲ႔ထံသုိ႔ အရွင္ဝီရသူ (မစုိးရိမ္)၏ အိတ္ဖြင့္ေပးစာ (၁-ဃ-နိဂုံး)

မန္းမေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ေကာ္မတီကို အလႊာအသီးသီးနဲ႔ ဖြဲ႔စည္းထားပါတယ္။ ဒုတိယဥကၠ႒ သူရဦးေရႊလွဟာ မဆလေခတ္ တုိင္းေကာင္စီအုပ္ခ်ဳပ္ေရးဘက္မွာ အေတြ႔အႀကဳံရွိခဲ့သလို ဗိုလ္မွဴးေအာင္ခ်မ္းမင္းဟာလည္း အရင္ဝန္ႀကီးခ်ဳပ္ ဦးရဲျမင့္ရဲ႕ PSO ျဖစ္လုိ႔ ေျမယာႏွင့္ပတ္သက္ၿပီး အမ်ားႀကီးအေတြ႔အႀကဳံရွိပါတယ္။ ဒါ့အျပင္ ေရွ႕ေနမ်ား၊ ဥပေဒပညာရွင္မ်ား မ်ားစြာပါဝင္လုိ႔ အစုိးရပုိင္ေျမဆိုတာ ဘာ၊ အစုိးရစီမံခန္႔ခြဲပိုင္ခြင့္ရွိတဲ့ေျမဆိုတာ ဘာ အားလံုးကြဲကြဲျပားျပား သိနားလည္ၾကပါတယ္။ ၆(၁)နဲ႔ စြဲလို႔ရတယ္ မရဘူးဆိုတာေလာက္ေတာ့ ပမႊြားလုိ႔ပဲ ေျပာရမွာပါ။

အဲဒီလူေတြပါဝင္လုိ႔ဆုိၿပီး ႏိုင္ငံေရးလုိ႔ မထင္လုိက္ပါနဲ႔။ ဘယ္ပါတီကပဲလာလာ၊ မေဟာ္သဓာေရာက္ရင္ ပညာေရးပဲ ေဆြးေႏြးခြင့္ရွိသလို အားလံုးကလည္း ပညာေရးကလြဲလို႔ ဘာအေရာင္အေသြးမွ အစြန္းအထင္း မခံႏိုင္ၾကပါဘူး။ ေက်ာက္ေခ်ာရြာ ပညာဒါနက်ဴရွင္ေက်ာင္း ဖြင့္ပြဲတုန္းကလည္း တုိင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ဖိတ္စာပို႔ၿပီး ဖိတ္ၾကားခဲ့ပါေသးတယ္။ တကယ္လုိ႔ ႏိုင္ငံေရးရည္ရြယ္ခ်က္ မပါဘူးဆုိရင္ NLD ပါတီဝင္အခ်ဳိ႕ကို မေဟာ္သဓာကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ ေအာင္ျမင္ေရးေကာ္မတီထဲ ပါဝင္ခြင့္ျပဳႏိုင္မလားလုိ႔ ေမးလာရင္လည္း Warmly welcome လုိ႔ပဲ ဆုိရမွာပါ။ တစ္ခုေတာ့ရွိပါတယ္။ အဲဒီပုဂၢဳိလ္ေတြဟာ မ်ဳိးခ်စ္စိတ္ဓာတ္အေျခခံရွိသူေတာ့ ျဖစ္ရပါမယ္။ ဘာေၾကာင့္လဲဆုိရင္ မ်ဳိးခ်စ္စိတ္ဓာတ္မရွိရင္ မ်ဳိးခ်စ္အဖြဲ႔ထဲမွာ ၾကာရွည္ေနႏုိင္မွာ မဟုတ္လုိ႔ပါပဲ။

ဒါေတြအျပင္ မေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ ေအာင္ျမင္ေရးေကာ္မတီမွာ ဒကာေတာ္ဝန္ႀကီးခ်ဳပ္ကို နာယကအျဖစ္ထားၿပီး ပႏၷက္တင္ပြဲမွာ ဒကာေတာ္ ဝန္ႀကီးခ်ဳပ္ကို ဖိတ္ၾကားကာ ဆင္းရဲသူဆင္းရဲသား အမ်ားျပည္သူေတြရဲ႕ ပညာေရးကို အေႏွာက္အယွက္ ကင္းကင္းနဲ႔ ေျဖာင့္ျဖဴးစြာ လုပ္ေဆာင္လုိၾကတဲ့ဆႏၵေတြ မေဟာ္သဓာအမ်ဳိးသားေရး ကိုယ္ပုိင္အထက္တန္းေက်ာင္း ေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရးေကာ္မတီဝင္မ်ားမွာ အျပည့္အဝ ရွိေနပါတယ္။

မေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီးအား တုိင္းျပည္၏ အဓိကလိုအပ္ေနေသာ ပညာေရးကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏိုင္ရန္အတြက္ ေဆာင္ရြက္ေပးျခင္းျဖစ္ၿပီး မေဟာ္သဓာေက်ာင္းေဆာက္လုပ္မည့္ ေျမေနရာကလည္း ဥပေဒႏွင့္အညီ သတ္မွတ္ထားေသာ ဝန္ႀကီးဌာနမ်ားမွ ေထာက္ခံခ်က္မ်ား ျပည့္စံုေနၿပီျဖစ္ေသာေၾကာင့္ ၂၀၁၉ ခုႏွစ္ ပညာသင္ႏွစ္အမီ ဖြင့္လွစ္သင္ၾကားႏိုင္ေရးအတြက္ အျမန္ဆံုးခြင္ျပဳမိန္႔ေပးေစလုိေၾကာင္း အားလံုးက ဆႏၵရွိေနၾကပါတယ္။

ဦးပဥၥင္းတုိ႔က NLD အစိုးရနဲ႔ ထိပ္တုိက္မေတြ႔ခ်င္လုိ႔ စာအထပ္ထပ္တင္ၿပီး သိမ္သိမ္ေမြ႔ေမြ႔ ေဆာင္ရြက္ေနတာပါ။ ဒကာေတာ္ဝန္ႀကီးခ်ဳပ္အေနျဖင့္ ေဆာက္မိန္႔ခ်မေပးေတာ့ဘူးဆုိရင္လည္း ဘာေၾကာင့္ ခ်မေပးရတာလဲဆိုတာ စာထုတ္ေပးလုိက္ပါ။ အားလံုးပူးေပါင္းေဆာင္ရြက္တာပဲ ေကာင္းပါတယ္ဆုိရင္လည္း ေဆာက္မိန္႔ခ်ေပးလုိက္ပါ။ ဒါမွမဟုတ္ ငါနဲ႔မတူ ငါ့ရန္သူ သေဘာထားၿပီး ငါတုိ႔အစုိးရလက္ထက္ မင္းတုိ႔ဘာမွ လုပ္ခြင့္မရေစရ သေဘာမ်ဳိးနဲ႔ ႏွိပ္ကြပ္မယ္ဆုိရင္လည္း ပါတီအတြက္ အစိုးရအတြက္ ဘာေတြ အက်ဳိးအျမတ္ရႏိုင္မလဲ စဥ္းစားေပးပါ။

စစ္အစိုးရလက္ထက္တုန္းက ၾကည့္မရတဲ့သူဆုိ ၅(ည)ပုဒ္မတပ္ၿပီး ေထာင္ထဲပစ္ထည့္သလုိ ဒကာေတာ္တုိ႔ NLD အစုိးရလက္ထက္မွာလည္း ၾကည့္မရတဲ့သူဆို ၅၀၅ ပုဒ္မတပ္ၿပီး ေထာင္ထဲပစ္ထည့္ေနတာေတြ႔ရပါတယ္။ ဒကာေတာ္ဝန္ႀကီးခ်ဳပ္လည္း အုိးဘိုနဲ႔ ျမစ္ဆံုေထာင္ထြက္ပါ။ ဦးပဥၥင္းလည္း အိုးဘိ္ုနဲ႔ ျမစ္ဆံုေထာင္ထြက္ပါ။ ဒကာေတာ္တုိ႔ အတိတ္ေမ့ေရာဂါ စြဲကပ္မခံပါနဲ႔။ တကယ္လို႔ မေဟာ္သဓာေက်ာင္းေတာ္ႀကီးေဆာက္လည္း ၅၀၅ ပဲဆုိရင္ေတာ့ ဦးပဥၥင္း ဦးဝီရသူမွာသာ တာဝန္အျပည့္ရွိေၾကာင္း ေၾကညာေမာင္းခတ္ၿပီး ဝန္ခံကတိျပဳလိုက္ပါတယ္။

ဆရာတူတပည့္အခ်င္းခ်င္း ဘဝတကၠသုိလ္ေက်ာင္းထြက္ခ်င္း သံေယာဇဥ္ရွိလို႔သာ အခုလို အေရးတယူ ေရးသားရျခင္း ျဖစ္ပါေၾကာင္း…။

ဦးပဥၥင္း
ဝီရသူ (မစုိးရိမ္)
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္၊
မဟာေအာင္ေျမၿမဳိ႕နယ္၊
မႏၲေလးၿမဳိ႕

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့
အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ (၁-ဃ-နိဂုံး)

မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ကော်မတီကို အလွှာအသီးသီးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေလှဟာ မဆလခေတ် တိုင်းကောင်စီအုပ်ချုပ်ရေးဘက်မှာ အတွေ့အကြုံရှိခဲ့သလို ဗိုလ်မှူးအောင်ချမ်းမင်းဟာလည်း အရင်ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ PSO ဖြစ်လို့ မြေယာနှင့်ပတ်သက်ပြီး အများကြီးအတွေ့အကြုံရှိပါတယ်။ ဒါ့အပြင် ရှေ့နေများ၊ ဥပဒေပညာရှင်များ များစွာပါဝင်လို့ အစိုးရပိုင်မြေဆိုတာ ဘာ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေဆိုတာ ဘာ အားလုံးကွဲကွဲပြားပြား သိနားလည်ကြပါတယ်။ ၆(၁)နဲ့ စွဲလို့ရတယ် မရဘူးဆိုတာလောက်တော့ ပမွှွားလို့ပဲ ပြောရမှာပါ။

အဲဒီလူတွေပါဝင်လို့ဆိုပြီး နိုင်ငံရေးလို့ မထင်လိုက်ပါနဲ့။ ဘယ်ပါတီကပဲလာလာ၊ မဟော်သဓာရောက်ရင် ပညာရေးပဲ ဆွေးနွေးခွင့်ရှိသလို အားလုံးကလည်း ပညာရေးကလွဲလို့ ဘာအရောင်အသွေးမှ အစွန်းအထင်း မခံနိုင်ကြပါဘူး။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း ဖွင့်ပွဲတုန်းကလည်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်စာပို့ပြီး ဖိတ်ကြားခဲ့ပါသေးတယ်။ တကယ်လို့ နိုင်ငံရေးရည်ရွယ်ချက် မပါဘူးဆိုရင် NLD ပါတီဝင်အချို့ကို မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက် အောင်မြင်ရေးကော်မတီထဲ ပါဝင်ခွင့်ပြုနိုင်မလားလို့ မေးလာရင်လည်း Warmly welcome လို့ပဲ ဆိုရမှာပါ။ တစ်ခုတော့ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ မျိုးချစ်စိတ်ဓာတ်အခြေခံရှိသူတော့ ဖြစ်ရပါမယ်။ ဘာကြောင့်လဲဆိုရင် မျိုးချစ်စိတ်ဓာတ်မရှိရင် မျိုးချစ်အဖွဲ့ထဲမှာ ကြာရှည်နေနိုင်မှာ မဟုတ်လို့ပါပဲ။

ဒါတွေအပြင် မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက် အောင်မြင်ရေးကော်မတီမှာ ဒကာတော်ဝန်ကြီးချုပ်ကို နာယကအဖြစ်ထားပြီး ပန္နက်တင်ပွဲမှာ ဒကာတော် ဝန်ကြီးချုပ်ကို ဖိတ်ကြားကာ ဆင်းရဲသူဆင်းရဲသား အများပြည်သူတွေရဲ့ ပညာရေးကို အနှောက်အယှက် ကင်းကင်းနဲ့ ဖြောင့်ဖြူးစွာ လုပ်ဆောင်လိုကြတဲ့ဆန္ဒတွေ မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီဝင်များမှာ အပြည့်အဝ ရှိနေပါတယ်။

မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအား တိုင်းပြည်၏ အဓိကလိုအပ်နေသော ပညာရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မဟော်သဓာကျောင်းဆောက်လုပ်မည့် မြေနေရာကလည်း ဥပဒေနှင့်အညီ သတ်မှတ်ထားသော ဝန်ကြီးဌာနများမှ ထောက်ခံချက်များ ပြည့်စုံနေပြီဖြစ်သောကြောင့် ၂၀၁၉ ခုနှစ် ပညာသင်နှစ်အမီ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် အမြန်ဆုံးခွင်ပြုမိန့်ပေးစေလိုကြောင်း အားလုံးက ဆန္ဒရှိနေကြပါတယ်။

ဦးပဉ္စင်းတို့က NLD အစိုးရနဲ့ ထိပ်တိုက်မတွေ့ချင်လို့ စာအထပ်ထပ်တင်ပြီး သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်နေတာပါ။ ဒကာတော်ဝန်ကြီးချုပ်အနေဖြင့် ဆောက်မိန့်ချမပေးတော့ဘူးဆိုရင်လည်း ဘာကြောင့် ချမပေးရတာလဲဆိုတာ စာထုတ်ပေးလိုက်ပါ။ အားလုံးပူးပေါင်းဆောင်ရွက်တာပဲ ကောင်းပါတယ်ဆိုရင်လည်း ဆောက်မိန့်ချပေးလိုက်ပါ။ ဒါမှမဟုတ် ငါနဲ့မတူ ငါ့ရန်သူ သဘောထားပြီး ငါတို့အစိုးရလက်ထက် မင်းတို့ဘာမှ လုပ်ခွင့်မရစေရ သဘောမျိုးနဲ့ နှိပ်ကွပ်မယ်ဆိုရင်လည်း ပါတီအတွက် အစိုးရအတွက် ဘာတွေ အကျိုးအမြတ်ရနိုင်မလဲ စဉ်းစားပေးပါ။

စစ်အစိုးရလက်ထက်တုန်းက ကြည့်မရတဲ့သူဆို ၅(ည)ပုဒ်မတပ်ပြီး ထောင်ထဲပစ်ထည့်သလို ဒကာတော်တို့ NLD အစိုးရလက်ထက်မှာလည်း ကြည့်မရတဲ့သူဆို ၅၀၅ ပုဒ်မတပ်ပြီး ထောင်ထဲပစ်ထည့်နေတာတွေ့ရပါတယ်။ ဒကာတော်ဝန်ကြီးချုပ်လည်း အိုးဘိုနဲ့ မြစ်ဆုံထောင်ထွက်ပါ။ ဦးပဉ္စင်းလည်း အိုးဘိုနဲ့ မြစ်ဆုံထောင်ထွက်ပါ။ ဒကာတော်တို့ အတိတ်မေ့ရောဂါ စွဲကပ်မခံပါနဲ့။ တကယ်လို့ မဟော်သဓာကျောင်းတော်ကြီးဆောက်လည်း ၅၀၅ ပဲဆိုရင်တော့ ဦးပဉ္စင်း ဦးဝီရသူမှာသာ တာဝန်အပြည့်ရှိကြောင်း ကြေညာမောင်းခတ်ပြီး ဝန်ခံကတိပြုလိုက်ပါတယ်။

ဆရာတူတပည့်အချင်းချင်း ဘဝတက္ကသိုလ်ကျောင်းထွက်ချင်း သံယောဇဉ်ရှိလို့သာ အခုလို အရေးတယူ ရေးသားရခြင်း ဖြစ်ပါကြောင်း…။

ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့