

—————————-—

ဆုရကျောင်းသား/သူများ
အဋ္ဌမတန်း –
—————————————
နဝမတန်း –
———————————–—
ဒသမတန်း



ဆက်သွယ်ရန် –
–ဆရာစိုင်း–

“ပညာရေးအကယ်ဒမီ ထူးချွန်ဆုပေးပွဲ”

9.11.2019 ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ မင်းကွန်းပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။

ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်း ကျောင်းတွင်းစာမေးပွဲဖြေဆိုရာတွင် ၈-၉-၁၀ တန်းမှ ပ-ဒု-တ ရရှိကြတဲ့ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီကျောင်းတိုက် လက်ထောက်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။
ပါဠိပါရဂူဆရာတော်ကြီးမှ ကျေးဇူးတရားနှင့်စပ်ဆိုင်သော သြဝါဒများ မိန့်ကြားချီးမြှင့်တော်မူကာ
ဆုရကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးတော်မူပါတယ်။
—————————-—

ဆုရကျောင်းသား/သူများ
အဋ္ဌမတန်း –
ပထမ – မဆုမြတ်ကို – ၅၆၈ မှတ်၊ ဆုငွေ ၁၅၀၀ဝိ
ဒုတိယ – မရွှေရည်ဦး – ၅၅၆ မှတ်၊ ဆုငွေ ၁၀၀၀ဝိ
တတိယ – မနန္ဒာအောင် – ၅၅၄ မှတ်၊ ဆုငွေ ၅၀၀ဝိ
—————————————
နဝမတန်း –
ပထမ – မငြိမ်းငြိမ်းအေး – ၅၉၆ မှတ်၊ ဆုငွေ ၂၀၀၀ဝိ
ဒုတိယ – မအေမီမီဟန် – ၅၉၄ မှတ်၊ ဆုငွေ ၁၅၀၀ဝိ
တတိယ – မနန်းရွက်နုမေ – ၅၈၈ မှတ်၊ ဆုငွေ ၁၀၀၀ဝိ
———————————–—
ဒသမတန်း
ပထမ – မောင်ဝိုင်းချစ် – ၄၆၃ မှတ်၊ ဆုငွေ ၃၀၀၀ဝိ
ဒုတိယ – မဥမ္မာမြိုင် – ၄၅၇ မှတ်၊ ဆုငွေ ၂၅၀၀ဝိ
တတိယ – မောင်သက်ချိုဦး – ၄၄၃ မှတ်၊ ဆုငွေ ၂၀၀၀ဝိ

ပညာရေးအကယ်ဒမီကျောင်းကို ဆရာတော်ဦးဝီရသူနှင့် ဓမ္မစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိန္ဒာလင်္ကာရတို့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။
ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းသား/သူပေါင်း ၃၂၀ ဦး၊ ဆရာ/မ ၂၃ ဦး ရှိပါတယ်။

အလှူရှင်များအနေဖြင့်
မနက်စာ (ဟင်းကောင်းတစ်မျိုး) – ၁၀၀၀၀ဝိ၊
နေ့စာ (ဟင်းကောင်းနှစ်မျိုး) – ၂၀၀၀၀ဝိ၊
ည နေစာ (ဟင်းကောင်းတစ်မျိုး) – ၁၅၀၀၀ဝိ ဖြင့်
အာဟာရဒါန လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန် –
ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌ-၀၉ ၇၈၁ ၅၁၃ ၉၈၀
–ဆရာစိုင်း–