မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ႏွင့္ မႏၲေလးတုိင္းေဒသႀကီး NLD အစုိးရအဖြဲ႔ထံသုိ႔ အရွင္ဝီရသူ (မစုိးရိမ္)၏ အိတ္ဖြင့္ေပးစာ (၁-ဂ)

မန္းမေဟာ္သဓာ ကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ဘ႑ာေငြရွာေဖြေရးအဖြဲ႔ဝင္တစ္ဦးက တိုင္းေဒသႀကီးဝန္ႀကီးတစ္ဦးကို သြားေရာက္ေမးျမန္းရာမွာေတာ့ လံုးဝ ခ်မေပးေတာ့မွန္း သိလုိက္ရပါတယ္။
တုိင္းေဒသႀကီး ဝန္ႀကီးတစ္ဦးက ေျပာဆုိရာမွာ အစိုးရပိုင္ေျမျဖစ္ေနလို႔ အေရာင္းအဝယ္လုပ္သူေတြကို ၆(၁)ျဖင့္ တရားစြဲလို႔ရေၾကာင္း ပါဝင္ၿပီး ႏိုင္ငံေရးကင္းရွင္းပါတယ္လုိ႔ ၁၀၀ ရာခုိင္ႏႈန္း အာမခံႏိုင္မလားဟု ေမးျမန္းေၾကာင္း သိရွိရပါတယ္။

၎ဝန္ႀကီးစကားအရ တုိင္းေဒသႀကီးအစုိးရဟာ အစုိးရပိုင္ေျမႏွင့္ အစုိးရစီမံခန္႔ခြဲပုိင္ခြင့္ရွိတဲ့ေျမ မကြဲျပားေသးမွန္း သိလုိက္ရပါတယ္။

၎ဝန္ႀကီးကို ေမးခ်င္ပါတယ္။ မန္းမေဟာ္သဓာေျမကြက္ဟာ အစုိးရပိုင္ေျမဆုိရင္ ဘယ္ဌာနပိုင္တဲ့ ေျမကြက္ျဖစ္ပါသလဲ?။ သစ္ေတာပိုင္ေျမဆုိရင္ သစ္ေတာဌာနက ကင္းလြတ္ေၾကာင္း ေထာက္ခံစာေပးထားပါတယ္။ ဆည္ေျမာင္း၊ လမ္းတံတား၊ လွ်ပ္စစ္ စတဲ့ ဌာနေတြရဲ႕ ေထာက္ခံစာေတြလည္း ဒကာေတာ္တုိ႔ရုံးမွာ ပူးတြဲတင္ျပထားပါတယ္။

အစုိးရစီမံခန္႔ခြဲပုိင္ခြင့္ရွိတဲ့ေျမမွာ ေဆာက္မိန္႔ေတာင္းတဲ့အခါ စည္းမ်ဥ္းဥပေဒေတြနဲ႔ ညီခဲ့ရင္ ပရဟိတအဖြဲ႔တုိ႔၊ ဘာသာေရးအဖြဲ႔တုိ႔ကို ဦးစားေပး ခြင့္ျပဳခဲ့ၾကတဲ့ အစဥ္အလာရွိခဲ့သလို ဒကာေတာ္တုိ႔အစုိးရ တက္ခါစတုန္းကလည္း ပရဟိတအဖြဲ႔အစည္းေတြ ေလွ်ာက္ထားႏိုင္ေၾကာင္း ဖိတ္ေခၚဖူးပါတယ္။

မန္းမေဟာ္သဓာ အခမဲ့ ကိုယ္ပိုင္အထက္တန္းေက်ာင္းေဆာင္ႀကီး တည္ေဆာက္တာဟာ ပညာေရးသက္သက္ ပရဟိတသက္သက္သာျဖစ္ပါတယ္။ သူပုန္စခန္းလည္း မဟုတ္၊ သပိတ္စခန္းလည္း မဟုတ္၊ ႏိုင္ငံေရးမႈိင္းသြင္းစခန္းလည္း မဟုတ္ပါဘူး။ ပညာေရးဟာ တုိင္းျပည္အတြက္ ဘယ္ေလာက္အေရးပါတယ္ ဆုိတာႏွင့္ မေဟာ္သဓာစီမံကိန္းဟာ ျပည္သူအတြက္ ဘယ္ေလာက္အက်ဳိးရွိတယ္ဆိုတာ ပညာေရး အေရးႀကီးေၾကာင္း အတုိက္အခံကာလတစ္ေလွ်ာက္ တြင္တြင္က်ယ္က်ယ္ေျပာလာခဲ့တဲ့ ဒကာေတာ္တုိ႔ အစိုးရအဖြဲ႔ အသိဆံုးျဖစ္မွာပါ။

ႏိုင္ငံေရးကင္းရွင္းပါတယ္လုိ႔ ၁၀၀ ရာခိုင္ႏႈန္း အာမခံႏိုင္မလား ေမးတဲ့ တုိင္းဝန္ႀကီးကို ေျပာခ်င္ပါတယ္။ ၁၀၀ ရာခုိင္ႏႈန္း အျပည့္အဝ အာမခံပါတယ္လို႔ ကတိေပးတဲ့အေၾကာင္းပါ။ ဦးပဥၥင္းတည္ေထာင္ထားတဲ့ ေလာကအလင္းပညာဒါနစာသင္ေက်ာင္း သက္တမ္းက ခုနစ္ႏွစ္ရွိပါၿပီ။ ဆယ္တန္းသီးသန္႔က်ဴရွင္ေက်ာင္းပါ။ ႏိုင္ငံေရး အမ်ဳိးသားေရး ဘာတစ္ခြန္းမွ် မေျပာခဲ့သလို ဘယ္ပါတီကိုမဲထည့္ပါ ဘယ္ပါတီကို မဲမထည့္ပါနဲ႔လုိ႔လည္း တုိက္တြန္းတာေတြ တားျမစ္တာေတြ လံုးဝ မလုပ္ခဲ့ပါဘူး။ လိ္မၼာေရးျခားရွိဖုိ႔ႏွင့္ စာႀကဳိးစားဖုိ႔ပဲ သြန္သင္ခဲ့တာပါ။ ၂၀၁၂-၂၀၁၃ ပညာသင္ႏွစ္ ေအာင္ျမင္သူ ၁၅ ဦးရွိတဲ့အထဲမွာ တစ္ဘာသာဂုဏ္ထူးရွင္ မူဆလင္ ေက်ာင္းသားေလးတစ္ဦးလည္း ပါဝင္ခဲ့ပါတယ္။ ယခုႏွစ္ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္မွာ ၂၅ ဦး ေအာင္ျမင္ခဲ့လုိ႔ ေျခာက္ႏွစ္တာကာလမွာ ဆယ္တန္းေအာင္ျမင္သူ တစ္ရာေက်ာ္ရွိပါၿပီ။ ဒကာေတာ္တုိ႔ တုိင္းေဒသႀကီးအစုိးရအေနနဲ႔ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္ရွိ ေလာကအလင္းပညာဒါန စာသင္ေက်ာင္းကို ပတ္ဝန္းက်င္ ေလ့လာနည္းနဲ႔ပဲျဖစ္ျဖစ္ ေက်ာင္းသူေက်ာင္းသားမ်ား မိဘျပည္သူမ်ားႏွင့္ တုိက္ရိုက္ေတြ႔ဆံုတဲ့နည္းနဲ႔ပဲျဖစ္ျဖစ္ လူယုံအေထာက္ေတာ္မ်ား လွ်ဳိ႕ဝွက္ေစလႊတ္တဲ့နည္းနဲ႔ပဲျဖစ္ျဖစ္ အခ်ိန္မေရြး စံုစမ္းႏိုင္ပါတယ္။

ဒါ့အျပင္ ေရွ႕သြားရွိႏွင့္ေနၿပီးသားျဖစ္တဲ့ ရန္ကုန္မေဟာ္သဓာႏွင့္ ေတာင္ကုတ္မေဟာ္သဓာတုိ႔ အေၾကာင္းကိုလည္း ခေရေစ့တြင္းက် ေလ့လာစံုစမ္းႏိုင္ပါတယ္။

အခုဆုိရင္ ေက်ာက္ေခ်ာရြာ ပညာဒါနက်ဴရွင္ေက်ာင္းလည္း ဖြင့္လွစ္ထားပါၿပီ။ ကိုးတန္း ဆယ္တန္း ကေလးငယ္မ်ား ႏွစ္ရာနီးပါး အခမဲ့ ပညာသင္ယူေနၾကပါၿပီ။ မိဘျပည္သူမ်ား ရြာသူရြာသားမ်ား စိတ္ခ်မ္းသာၾကသလို ေက်ာင္းသူေက်ာင္းသားမ်ား ေပ်ာ္ရႊင္ေနၾကပါတယ္။ မန္းမေဟာ္သဓာ အမ်ဳိးသားေရးအခမဲ့ ကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟုိေကာ္မတီက ဦးစီးတည္ေထာင္ထားတဲ့ ပညာဒါနက်ဴရွင္ေက်ာင္းတည္ရွိရာ ေက်ာက္ေခ်ာေက်းရြာကိုလည္း ကြင္းဆင္းစံုစမ္းႏိုင္ပါတယ္။

အဲဒီလိုစုံစမ္းတဲ့အခါ ဦးပဥၥင္းဟာ အမ်ဳိးသားေရးအျမင္အရသာ ဒကာေတာ္တုိ႔အစုိးရကို ေဝဖန္ ေထာက္ျပခဲ့တာျဖစ္ၿပီး ပရဟိတလုပ္တဲ့ေနရာမွာေတာ့ ဘာႏိုင္ငံေရးရည္ရြယ္ခ်က္မွ မရွိဘဲ ေစတနာသန္႔သန္႔ စိတ္သန္႔သန္႔နဲ႔ လိပ္ျပာလံုလံု လုပ္ေနတဲ့သူဆိုတာ ေတြ႔ရပါလိမ့္မယ္။
(ဆက္လက္ေဖာ္ျပပါမည္)


အိတ္ဖြင့္ေပးစာ စာအုပ္ကို
မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ရႏိုင္ပါသည္။
ေစ်းႏႈန္း – ၁၅၀၀

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့
အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ (၁-ဂ)

မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင်တစ်ဦးက တိုင်းဒေသကြီးဝန်ကြီးတစ်ဦးကို သွားရောက်မေးမြန်းရာမှာတော့ လုံးဝ ချမပေးတော့မှန်း သိလိုက်ရပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးတစ်ဦးက ပြောဆိုရာမှာ အစိုးရပိုင်မြေဖြစ်နေလို့ အရောင်းအဝယ်လုပ်သူတွေကို ၆(၁)ဖြင့် တရားစွဲလို့ရကြောင်း ပါဝင်ပြီး နိုင်ငံရေးကင်းရှင်းပါတယ်လို့ ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်မလားဟု မေးမြန်းကြောင်း သိရှိရပါတယ်။

၎င်းဝန်ကြီးစကားအရ တိုင်းဒေသကြီးအစိုးရဟာ အစိုးရပိုင်မြေနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေ မကွဲပြားသေးမှန်း သိလိုက်ရပါတယ်။

၎င်းဝန်ကြီးကို မေးချင်ပါတယ်။ မန်းမဟော်သဓာမြေကွက်ဟာ အစိုးရပိုင်မြေဆိုရင် ဘယ်ဌာနပိုင်တဲ့ မြေကွက်ဖြစ်ပါသလဲ?။ သစ်တောပိုင်မြေဆိုရင် သစ်တောဌာနက ကင်းလွတ်ကြောင်း ထောက်ခံစာပေးထားပါတယ်။ ဆည်မြောင်း၊ လမ်းတံတား၊ လျှပ်စစ် စတဲ့ ဌာနတွေရဲ့ ထောက်ခံစာတွေလည်း ဒကာတော်တို့ရုံးမှာ ပူးတွဲတင်ပြထားပါတယ်။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေမှာ ဆောက်မိန့်တောင်းတဲ့အခါ စည်းမျဉ်းဥပဒေတွေနဲ့ ညီခဲ့ရင် ပရဟိတအဖွဲ့တို့၊ ဘာသာရေးအဖွဲ့တို့ကို ဦးစားပေး ခွင့်ပြုခဲ့ကြတဲ့ အစဉ်အလာရှိခဲ့သလို ဒကာတော်တို့အစိုးရ တက်ခါစတုန်းကလည်း ပရဟိတအဖွဲ့အစည်းတွေ လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်ဖူးပါတယ်။

မန်းမဟော်သဓာ အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းဆောင်ကြီး တည်ဆောက်တာဟာ ပညာရေးသက်သက် ပရဟိတသက်သက်သာဖြစ်ပါတယ်။ သူပုန်စခန်းလည်း မဟုတ်၊ သပိတ်စခန်းလည်း မဟုတ်၊ နိုင်ငံရေးမှိုင်းသွင်းစခန်းလည်း မဟုတ်ပါဘူး။ ပညာရေးဟာ တိုင်းပြည်အတွက် ဘယ်လောက်အရေးပါတယ် ဆိုတာနှင့် မဟော်သဓာစီမံကိန်းဟာ ပြည်သူအတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာ ပညာရေး အရေးကြီးကြောင်း အတိုက်အခံကာလတစ်လျှောက် တွင်တွင်ကျယ်ကျယ်ပြောလာခဲ့တဲ့ ဒကာတော်တို့ အစိုးရအဖွဲ့ အသိဆုံးဖြစ်မှာပါ။

နိုင်ငံရေးကင်းရှင်းပါတယ်လို့ ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်မလား မေးတဲ့ တိုင်းဝန်ကြီးကို ပြောချင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အာမခံပါတယ်လို့ ကတိပေးတဲ့အကြောင်းပါ။ ဦးပဉ္စင်းတည်ထောင်ထားတဲ့ လောကအလင်းပညာဒါနစာသင်ကျောင်း သက်တမ်းက ခုနစ်နှစ်ရှိပါပြီ။ ဆယ်တန်းသီးသန့်ကျူရှင်ကျောင်းပါ။ နိုင်ငံရေး အမျိုးသားရေး ဘာတစ်ခွန်းမျှ မပြောခဲ့သလို ဘယ်ပါတီကိုမဲထည့်ပါ ဘယ်ပါတီကို မဲမထည့်ပါနဲ့လို့လည်း တိုက်တွန်းတာတွေ တားမြစ်တာတွေ လုံးဝ မလုပ်ခဲ့ပါဘူး။ လိမ္မာရေးခြားရှိဖို့နှင့် စာကြိုးစားဖို့ပဲ သွန်သင်ခဲ့တာပါ။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အောင်မြင်သူ ၁၅ ဦးရှိတဲ့အထဲမှာ တစ်ဘာသာဂုဏ်ထူးရှင် မူဆလင် ကျောင်းသားလေးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ယခုနှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ၂၅ ဦး အောင်မြင်ခဲ့လို့ ခြောက်နှစ်တာကာလမှာ ဆယ်တန်းအောင်မြင်သူ တစ်ရာကျော်ရှိပါပြီ။ ဒကာတော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ လောကအလင်းပညာဒါန စာသင်ကျောင်းကို ပတ်ဝန်းကျင် လေ့လာနည်းနဲ့ပဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားများ မိဘပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံတဲ့နည်းနဲ့ပဲဖြစ်ဖြစ် လူယုံအထောက်တော်များ လျှို့ဝှက်စေလွှတ်တဲ့နည်းနဲ့ပဲဖြစ်ဖြစ် အချိန်မရွေး စုံစမ်းနိုင်ပါတယ်။

ဒါ့အပြင် ရှေ့သွားရှိနှင့်နေပြီးသားဖြစ်တဲ့ ရန်ကုန်မဟော်သဓာနှင့် တောင်ကုတ်မဟော်သဓာတို့ အကြောင်းကိုလည်း ခရေစေ့တွင်းကျ လေ့လာစုံစမ်းနိုင်ပါတယ်။

အခုဆိုရင် ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းလည်း ဖွင့်လှစ်ထားပါပြီ။ ကိုးတန်း ဆယ်တန်း ကလေးငယ်များ နှစ်ရာနီးပါး အခမဲ့ ပညာသင်ယူနေကြပါပြီ။ မိဘပြည်သူများ ရွာသူရွာသားများ စိတ်ချမ်းသာကြသလို ကျောင်းသူကျောင်းသားများ ပျော်ရွှင်နေကြပါတယ်။ မန်းမဟော်သဓာ အမျိုးသားရေးအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ဦးစီးတည်ထောင်ထားတဲ့ ပညာဒါနကျူရှင်ကျောင်းတည်ရှိရာ ကျောက်ချောကျေးရွာကိုလည်း ကွင်းဆင်းစုံစမ်းနိုင်ပါတယ်။

အဲဒီလိုစုံစမ်းတဲ့အခါ ဦးပဉ္စင်းဟာ အမျိုးသားရေးအမြင်အရသာ ဒကာတော်တို့အစိုးရကို ဝေဖန် ထောက်ပြခဲ့တာဖြစ်ပြီး ပရဟိတလုပ်တဲ့နေရာမှာတော့ ဘာနိုင်ငံရေးရည်ရွယ်ချက်မှ မရှိဘဲ စေတနာသန့်သန့် စိတ်သန့်သန့်နဲ့ လိပ်ပြာလုံလုံ လုပ်နေတဲ့သူဆိုတာ တွေ့ရပါလိမ့်မယ်။
(ဆက်လက်ဖော်ပြပါမည်)
အိတ်ဖွင့်ပေးစာ စာအုပ်ကို
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ရနိုင်ပါသည်။
ဈေးနှုန်း – ၁၅၀၀