မင္းကြန္း ႏိုဝင္ဘာ-၉
စစ္ကိုင္းတိုင္းေဒသႀကီး မင္းကြန္းေတာင္႐ိုး ပုထိုးေတာ္ႀကီးဘုရား အနီး ဓမၼေစတီေက်ာင္းတိုက္တြင္ သီတင္းသံုးေတာ္မူေသာ သံဃာေတာ္အရွင္သူျမတ္မ်ား ကထိန္ခင္းႏိုင္ရန္အတြက္ ကထိန္လ်ာဉတ္သကၤန္းႏွင့္ အျခံအရံလႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းပြဲႏွင့္ ပညာေရးအကယ္ဒမီအတြက္ ပညာေရးေငြပေဒသာပင္ စိုက္ထူလႉဒါန္းပြဲကို ႏိုဝင္ဘာလ ၉ ရက္ နံနက္ပိုင္းက ဓမၼေစတီေက်ာင္းတိုက္၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ပညာေရးအကယ္ဒမီ ဩဝါဒါစရိယ မႏၲေလးၿမိဳ႕ ဘုရားႀကီးတိုက္ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ ဘဒၵႏၲကုသလ(ပါဠိပါရဂူ)၊ ပညာေရးအကယ္ဒမီ ေက်ာင္းအုပ္ဆရာေတာ္ ဘဒၵႏၲဥကၠ႒၊ ဓမၼေစတီေက်ာင္း တိုက္အုပ္ဆရာေတာ္ ဘဒၵႏၲသုမနာလကၤာရတို႔ အမႉးျပဳေသာ ဆရာေတာ္ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးေျမႇာက္ၾကသည္။

ကထိန္ဒါယကာ ဒါယိကာမမ်ား ျဖစ္ၾကေသာ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ လမ္း၄၀× ၄၁လမ္းၾကား၊ ၈၄×၈၅လမ္းၾကားေန ဦးျမင့္ေဌး+ ေဒၚခင္မမ( ေရႊမန္းေမအထည္ဆိုင္၊ မန္းၿမိဳ႕ေစ်း) မိသားစုမ်ား၊ ဖိတ္ၾကားထားသူမ်ား၊ ပညာေရးအကယ္ဒမီေက်ာင္း ဆရာ ဆရာမမ်ားႏွင့္ ေက်ာင္းသား ေက်ာင္းသူမ်ား တက္ေရာက္ၾကသည္။

ဆရာေတာ္ ဘဒၵႏၲကုသလ(ပါဠိပါရဂူ)မွ ငါးပါးသီလႏွင့္ အႏုေမာဒနာတရား ခ်ီးျမႇင့္ေတာ္မူသည္။

ပညာေရး အကယ္ဒမီ အတြက္ ထာဝရေငြပေဒသာပင္ ေငြက်ပ္ သိန္း ၂၀ တိတိကို ေပးအပ္လႉဒါန္းရာ ေက်ာင္းဆရာမႀကီး ေဒၚေမာ္ေမာ္က လက္ခံရယူခဲ့သည္။

ထို႔ျပင္ ကထိန္ဒါယကာ ဒါယိကာမမ်ား ျဖစ္ၾကေသာ ဦးျမင့္ေဌး+ ေဒၚခင္မမ- ေရႊမန္းေမ အထည္ဆိုင္မိသားစုသည္ ပညာေရးအကယ္ဒမီ၌ ပညာသင္ၾကားသင္ယူေနၾကေသာ ဆရာ ဆရာမမ်ား၊ ေက်ာင္းသား ေက်ာင္းသူမ်ားအား တစ္ေန႔တာ အာဟာရဒါန ဒန္ေပါက္ထမင္း ေကြ်းေမြးလႉဒါန္း ကုသိုလ္ယူၾကေၾကာင္း သိရသည္။

ဦးႏိုင္(ျပည္ခ်စ္သား)

ပညာရေးအကယ်ဒမီ ကထိန်အလှူတော်

မင်းကွန်း နိုဝင်ဘာ-၉
စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းတောင်ရိုး ပုထိုးတော်ကြီးဘုရား အနီး ဓမ္မစေတီကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ ကထိန်ခင်းနိုင်ရန်အတွက် ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲနှင့် ပညာရေးအကယ်ဒမီအတွက် ပညာရေးငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲကို နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက ဓမ္မစေတီကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပညာရေးအကယ်ဒမီ ဩဝါဒါစရိယ မန္တလေးမြို့ ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)၊ ပညာရေးအကယ်ဒမီ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဓမ္မစေတီကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရတို့ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှောက်ကြသည်။

ကထိန်ဒါယကာ ဒါယိကာမများ ဖြစ်ကြသော မန္တလေးမြို့ မဟာအောင်မြေမြို့နယ် လမ်း၄၀× ၄၁လမ်းကြား၊ ၈၄×၈၅လမ်းကြားနေ ဦးမြင့်ဌေး+ ဒေါ်ခင်မမ( ရွှေမန်းမေအထည်ဆိုင်၊ မန်းမြို့ဈေး) မိသားစုများ၊ ဖိတ်ကြားထားသူများ၊ ပညာရေးအကယ်ဒမီကျောင်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)မှ ငါးပါးသီလနှင့် အနုမောဒနာတရား ချီးမြှင့်တော်မူသည်။

ပညာရေး အကယ်ဒမီ အတွက် ထာဝရငွေပဒေသာပင် ငွေကျပ် သိန်း ၂၀ တိတိကို ပေးအပ်လှူဒါန်းရာ ကျောင်းဆရာမကြီး ဒေါ်မော်မော်က လက်ခံရယူခဲ့သည်။

ထို့ပြင် ကထိန်ဒါယကာ ဒါယိကာမများ ဖြစ်ကြသော ဦးမြင့်ဌေး+ ဒေါ်ခင်မမ- ရွှေမန်းမေ အထည်ဆိုင်မိသားစုသည် ပညာရေးအကယ်ဒမီ၌ ပညာသင်ကြားသင်ယူနေကြသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား တစ်နေ့တာ အာဟာရဒါန ဒန်ပေါက်ထမင်း ကျွေးမွေးလှူဒါန်း ကုသိုလ်ယူကြကြောင်း သိရသည်။

ဦးနိုင်(ပြည်ချစ်သား)