သတင္း

ေဒါက္တာေဇာ္ျမင့္ေမာင္အတြက္ ဆုေတာင္းေမတၱာပို႔သျခင္း

နေမာ တႆဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ
ျမတ္စြာဘုရား ဂုဏ္ေတာ္အေအးဓာတ္ေၾကာင့္ ဒကာေဇာ္ျမင့္ေမာင္ႏွလုံးသား ေအးျမပါေစသား။

ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္ ဦးပဥၥင္းဦးဝီရသူတုိ႔က ေဆြးမ်ဳိးနီးပါး ခ်စ္ခင္ရင္းနီးၾကတဲ့ ေတာ္လွန္ေရး ရဲေဘာ္ေတြပါ။ အိုးဘို ျမစ္ဆံု ဘဝတကၠသိုလ္ေက်ာင္းဆင္း ေက်ာင္းသားႀကီးေတြလည္းျဖစ္သလို ဦးဇင္းႏွင့္သူ၏ႏွင့္ ေတာ္လွန္ေရးကာလမွာ ပူေပါင္းၿပီး လွ်ဳိ႕ဝွက္ေတာ္လွန္ေရးေတြ ဆင္းႏႊဲခဲ့ဖူးတဲ့ ရဲေဘာ္အခ်င္းခ်င္းလည္း ျဖစ္ပါတယ္။ ဦးဇင္းရဲ႕ ငယ္ဆရာ မိခင္စာသင္တုိက္မွ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲဇနိတာဘိဝံသဟာ ဒကာေဇာ္ျမင့္ေမာင္တုိ႔ မိသားစုရဲ႕ ဆရာျဖစ္ပါတယ္။ ဒကာေဇာ္ျမင့္ေမာင္တုိ႔ငယ္စဥ္က အဲဒီဆရာေတာ္ထံမွာ ယဥ္ေက်းလိမၼာသင္တန္းေတြ တက္ခဲ့ၾကတာေပါ့။ အဲဒီဆရာေတာ္က ေဒါက္တာေဇာ္ျမင့္ေမာင္တုိ႔အိမ္မွာ ဆြမ္းခံၾကြခဲ့တယ္။
ဒါေၾကာင့္ ဆရာခ်င္းတူတဲ့ ဆရာတူတပည့္ေတြလည္း ျဖစ္ပါတယ္။ ဒီလိုသံေယာဇဥ္ေလးေတြေၾကာင့္ ပုဂၢဳိလ္ေရးရာ ခင္မင္ရင္းနီးမႈေတြနဲ႔အတူေပါ့။ ႏိုင္ငံေရးမွာ တစ္စံုတစ္ခုေသာအေၾကာင္းေၾကာင့္ အျမင္မတူေသာ္လည္းပဲ ေဒါက္တာေဇာ္ျမင့္ေမာင္ႏွလံုးသား ဦးပဥၥင္းေၾကာင့္ ပူေလာင္မွာ စုိးရိမ္ပါတယ္။ ဒီလို ႏွလံုးစိတ္ဝမ္း ပူပန္မွာစိုးတဲ့အတြက္ေၾကာင့္ ဦးပဥၥင္းက ဝါေခါင္လကေနစၿပီး ဒကာေဇာ္ျမင့္ေမာင္ကို ႏွလံုးစိတ္ဝမ္း ၿငိမ္းေအးေစလိုတဲ့ ေမတၱာေစတနာေတြနဲ႔ ေမတၱာပို႔ ဆုေတာင္းလာခဲ့တာပါ။
ျမတ္စြာဘုရားရဲ႕ ဂုဏ္ေတာ္ေတြကလည္း ေအးျမတယ္။ ေမတၱာတရားကလည္း ေအးျမတယ္။ ေအးျမမႈႏွစ္ထပ္ကြမ္း ခံစားေစခ်င္လုိ႔ ဂုဏ္ေတာ္ပြားလုိက္ ေမတၱာပို႔ ဆုေတာင္းေပးလုိက္ လုပ္ခဲ့တာ ဝါေခါင္လဆိုေတာ့ အေတာ္ၾကာပါၿပီ။ ဒီကေန႔ေတာင္ တန္ေဆာင္မုန္းလျဖစ္ေနပါၿပီ။ တန္ေဆာင္မုန္းလေတာင္ ကုန္ေတာ့မွာပါ။
အဲဒီေနာက္ပိုင္း ေဒါက္တာေဇာ္ျမင့္ေမာင္ က်န္းမာေရးမေကာင္းဘူးလုိ႔ ၾကားတဲ့အခါက်ေတာ့ ေမတၱာပို႔တဲ့အခါ ေရာဂါေတြျမန္ျမန္ေပ်ာက္ၿပီး အျမန္က်န္းမာေစလို တာဝန္ေတြ အျမန္ျပန္ထမ္းေဆာင္ေစလုိတဲ့ ေမတၱာေစတနာေတြနဲ႔ ထပ္မံဆင့္ပြားၿပီး ေမတၱာပို႔လ်က္ ရွိပါတယ္။
ဒကာေဇာ္ျမင့္ေမာင္ဆိုတာ လက္ရံုးရည္ ႏွလံုးရည္ႏွင့္ အင္မတန္ျပည့္ဝတဲ့ ႏိုင္ငံေရးသမားႀကီးတစ္ေယာက္ပါ။ တစ္ခုိင္လံုးေရႊလုိ႔ ေျပာလုိ႔ရေအာင္ ဆရာဝန္ေတြေမြးဖြားေပးတဲ့ မိသားစု၊ ဆရာဝန္အမ်ားစုရွိတဲ့ မိသားစု၊ အငယ္ဆံုးေတာင္ အင္ဂ်င္နီယာဘြဲ႔ရအဆင့္မွာရွိတယ္လုိ႔ ဦးဇင္းရဲ႕ဆရာသမားက ခ်ီးက်ဴးခဲ့ဖူးပါတယ္။
ဒါေၾကာင့္ ဒီလုိအရည္အခ်င္းျပည့္ဝတဲ့ အစုိးရအႀကီးအကဲတစ္ေယာက္ ႏိုင္ငံ့သားေကာင္းတစ္ေယာက္ လက္လြတ္ဆံုးရံႈးမွာကို ဦးဇင္းတုိ႔ေတြလည္း ႏွေျမာသတ ျဖစ္မိပါတယ္။ ပုဂၢဳိလ္ေရး ခင္မင္ရင္းနီးတာလည္း တစ္ေၾကာင္းေပါ့။
ဒါေၾကာင့္ ဂုဏ္ေတာ္ပြားရင္း ဆက္လက္ေမတၱာပို႔သေနပါတယ္။

နေမာ တႆဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ
ဒကာေဇာ္ျမင့္ေမာင္ ႏွလံုးစိတ္ဝမ္း ေအးၿငိမ္း ခ်မ္းသာပါေစ…။

ဦးပဥၥင္း
ဝီရသူ(မစိုးရိမ္)

ဒေါက်တာဇော်မြင့်မောင်အတွက် ဆုတောင်းမေတ္တာပို့သခြင်း

နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
မြတ်စွာဘုရား ဂုဏ်တော်အအေးဓာတ်ကြောင့် ဒကာဇော်မြင့်မောင်နှလုံးသား အေးမြပါစေသား။

ဒေါက်တာဇော်မြင့်မောင်နှင့် ဦးပဉ္စင်းဦးဝီရသူတို့က ဆွေးမျိုးနီးပါး ချစ်ခင်ရင်းနီးကြတဲ့ တော်လှန်ရေး ရဲဘော်တွေပါ။ အိုးဘို မြစ်ဆုံ ဘဝတက္ကသိုလ်ကျောင်းဆင်း ကျောင်းသားကြီးတွေလည်းဖြစ်သလို ဦးဇင်းနှင့်သူ၏နှင့် တော်လှန်ရေးကာလမှာ ပူပေါင်းပြီး လျှို့ဝှက်တော်လှန်ရေးတွေ ဆင်းနွှဲခဲ့ဖူးတဲ့ ရဲဘော်အချင်းချင်းလည်း ဖြစ်ပါတယ်။ ဦးဇင်းရဲ့ ငယ်ဆရာ မိခင်စာသင်တိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသဟာ ဒကာဇော်မြင့်မောင်တို့ မိသားစုရဲ့ ဆရာဖြစ်ပါတယ်။ ဒကာဇော်မြင့်မောင်တို့ငယ်စဉ်က အဲဒီဆရာတော်ထံမှာ ယဉ်ကျေးလိမ္မာသင်တန်းတွေ တက်ခဲ့ကြတာပေါ့။ အဲဒီဆရာတော်က ဒေါက်တာဇော်မြင့်မောင်တို့အိမ်မှာ ဆွမ်းခံကြွခဲ့တယ်။
ဒါကြောင့် ဆရာချင်းတူတဲ့ ဆရာတူတပည့်တွေလည်း ဖြစ်ပါတယ်။ ဒီလိုသံယောဇဉ်လေးတွေကြောင့် ပုဂ္ဂိုလ်ရေးရာ ခင်မင်ရင်းနီးမှုတွေနဲ့အတူပေါ့။ နိုင်ငံရေးမှာ တစ်စုံတစ်ခုသောအကြောင်းကြောင့် အမြင်မတူသော်လည်းပဲ ဒေါက်တာဇော်မြင့်မောင်နှလုံးသား ဦးပဉ္စင်းကြောင့် ပူလောင်မှာ စိုးရိမ်ပါတယ်။ ဒီလို နှလုံးစိတ်ဝမ်း ပူပန်မှာစိုးတဲ့အတွက်ကြောင့် ဦးပဉ္စင်းက ဝါခေါင်လကနေစပြီး ဒကာဇော်မြင့်မောင်ကို နှလုံးစိတ်ဝမ်း ငြိမ်းအေးစေလိုတဲ့ မေတ္တာစေတနာတွေနဲ့ မေတ္တာပို့ ဆုတောင်းလာခဲ့တာပါ။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကလည်း အေးမြတယ်။ မေတ္တာတရားကလည်း အေးမြတယ်။ အေးမြမှုနှစ်ထပ်ကွမ်း ခံစားစေချင်လို့ ဂုဏ်တော်ပွားလိုက် မေတ္တာပို့ ဆုတောင်းပေးလိုက် လုပ်ခဲ့တာ ဝါခေါင်လဆိုတော့ အတော်ကြာပါပြီ။ ဒီကနေ့တောင် တန်ဆောင်မုန်းလဖြစ်နေပါပြီ။ တန်ဆောင်မုန်းလတောင် ကုန်တော့မှာပါ။
အဲဒီနောက်ပိုင်း ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးမကောင်းဘူးလို့ ကြားတဲ့အခါကျတော့ မေတ္တာပို့တဲ့အခါ ရောဂါတွေမြန်မြန်ပျောက်ပြီး အမြန်ကျန်းမာစေလို တာဝန်တွေ အမြန်ပြန်ထမ်းဆောင်စေလိုတဲ့ မေတ္တာစေတနာတွေနဲ့ ထပ်မံဆင့်ပွားပြီး မေတ္တာပို့လျက် ရှိပါတယ်။
ဒကာဇော်မြင့်မောင်ဆိုတာ လက်ရုံးရည် နှလုံးရည်နှင့် အင်မတန်ပြည့်ဝတဲ့ နိုင်ငံရေးသမားကြီးတစ်ယောက်ပါ။ တစ်ခိုင်လုံးရွှေလို့ ပြောလို့ရအောင် ဆရာဝန်တွေမွေးဖွားပေးတဲ့ မိသားစု၊ ဆရာဝန်အများစုရှိတဲ့ မိသားစု၊ အငယ်ဆုံးတောင် အင်ဂျင်နီယာဘွဲ့ရအဆင့်မှာရှိတယ်လို့ ဦးဇင်းရဲ့ဆရာသမားက ချီးကျူးခဲ့ဖူးပါတယ်။
ဒါကြောင့် ဒီလိုအရည်အချင်းပြည့်ဝတဲ့ အစိုးရအကြီးအကဲတစ်ယောက် နိုင်ငံ့သားကောင်းတစ်ယောက် လက်လွတ်ဆုံးရှုံးမှာကို ဦးဇင်းတို့တွေလည်း နှမြောသတ ဖြစ်မိပါတယ်။ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနီးတာလည်း တစ်ကြောင်းပေါ့။
ဒါကြောင့် ဂုဏ်တော်ပွားရင်း ဆက်လက်မေတ္တာပို့သနေပါတယ်။

နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဒကာဇော်မြင့်မောင် နှလုံးစိတ်ဝမ်း အေးငြိမ်း ချမ်းသာပါစေ…။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)