မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ထံ အိတ္ဖြင့္ေပးစာ အမွတ္(၂) (ဂ)

(စာသင္ေက်ာင္းေဆာက္လည္း ၅၀၅-ခ ပဲ ဆုိရင္ေတာ့ ဆယ္ခါျပန္ ေထာင္က်ရဲပါတယ္ဗ်ာ။)

တုိင္းဥကၠ႒ဆရာေတာ္ႀကီး ေက်ာက္ေခ်ာရြာမွအျပန္ ၾကားရတာေလးတစ္ခု ရွိပါေသးတယ္။ ဝီရသူကပဲ ပညာေရးကိုဗန္းျပၿပီး ႏိုင္ငံေရးလုပ္ေနသလုိလို အစုိးရကို ႏိုင္ငံေရးအရ တုိက္ခုိက္ခ်င္လို႔ မန္းမေဟာ္သဓာေက်ာင္း ေတာ္ႀကီးကို အေဆာက္ျပေနသလိုလို ဆိုတာပါပဲ။ ဂ်င္းထည့္ကၽြမ္းတဲ့ ႏုိင္ငံေရးအသိုင္းအဝိုင္းက ဆရာေတာ္ေတြကို ဂ်င္းထည့္သြားၾကတာေလးပါ။ မန္းေဟာ္သဓာနဲ႔ပတ္သက္ၿပီး ဝီရသူအမည္ကို လံုးဝ မသံုးခဲ့ပါဘူး။ ဦးမ်ဳိးျမင့္ဦး နာမည္နဲ႔တင္ၿပီး ဝါခင္းကုန္းျဗဟၼစိုရ္ဆရာေတာ္ႀကီးရဲ႕ ေထာက္ခံစာနဲ႔ပဲ တင္ခဲ့တာပါ။ စိတ္ရွည္ရွည္နဲ႔ သည္းခံ ေစာင့္ဆုိင္းခဲ့တာလည္း ၂ ႏွစ္ျပည့္ပါေတာ့မယ္ေနာ္။ ဒါဆိုရင္ ပညာေရးကို အမွန္တကယ္လိုလားလုိ႔ လုပ္တာလား၊ ပညာေရးဗန္းျပၿပီး ႏိုင္ငံေရးလုပ္တာလား ရွင္းေလာက္ပါၿပီေလ။
ေနာက္တစ္ခု ၾကားရေသးတယ္ဗ်။ ေက်ာက္ေခ်ာမွာအေစာင့္ထားတဲ့ ဦးဇင္းေလးႏွစ္ပါးကပဲ ကာလာခ်ိန္းၿပီး ကာရာအိုေကသြားသလုိလုိ အရက္ဘီယာေသာက္စားသလုိလို အပုပ္ခ်တဲ့သတင္းပါ။ မန္းမေဟာ္သဓာမွာ ဦးဇင္း ႏွစ္းပါးရွိပါတယ္။ တစ္ပါးက ေဝယ်ာဝစၥအတြက္ပါ။ က်န္တစ္ပါးက ပညာဒါနက်ဴရွင္ေက်ာင္းရဲ႕ ေက်ာင္းအုပ္ ဆရာေတာ္ေလးပါ။ ဗုဒၶတကၠသိုလ္မွ MA ဘြဲ႔ရခဲ့သူပါ။ ဒီဦးဇင္းေလးေတြလည္း ဝီရသူကို ဝန္းရံမွပဲ ကာရာအိုေက သမား၊ အရက္သမား လံုးလံုးႀကီးကို ျဖစ္သြားရရွာေတာ့တာပါပဲ။ ဝီရသူကို မၾကည္ျဖဴတာနဲ႔ပဲ ဝီရသူနားကသူေတြကို အရက္သမားျဖစ္ေအာင္ ကာရာအိုေကသမားျဖစ္ေအာင္ ေသြးထုိးလုပ္ႀကံရက္တဲ့ ႏိုင္ငံေရးသမားေတြရဲ႕ နည္းဗ်ဴဟာ ကေတာ့ သူေတာ္ေကာင္းေတြ ႏွာေခါင္းရႈံ႕စရာပါပဲ။

ဒကာေတာ္တုိ႔ကို သိေစခ်င္တာက ဒကာေတာ္တုိ႔ အားကိုးအားထားျပဳရာ သံဃာ့အဖြဲ႔အစည္းရဲ႕ နာယကဆရာေတာ္ေတြထဲ မာတုဂါမေတြနဲ႔ တစ္မိုးတစ္ရံတည္း တစ္ေဆာင္တည္းမွာ အခန္းဖြဲ႔ၿပီးေနၾကတဲ့ အခ်ဳိ႕ပုဂၢဳိလ္ေတြရွိပါတယ္။ သူတုိ႔တေတြသာ ဂရုကအာပတ္နဲ႔ ၿငိေကာင္းၿငိႏိုင္မယ္။ (နီးစပ္လို႔ပါ)။ မန္းမေဟာ္ သဓာဦးဇင္းႏွစ္ပါးကေတာ့ ေက်ာက္ေခ်ာရြာသူရြာသားေတြရဲ႕ ဝန္းရံေစာင့္ေရွာက္မႈေၾကာင့္ ကာရာအိုေကတုိ႔ အရက္တုိ႔ဆိုတာ ရြာနာမည္လား ၿမဳိ႕နာမည္လားလို႔ေတာင္ ျပန္ေမးၾကမည့္ သံဃာေတာ္ေတြ ျဖစ္ပါတယ္။ (၉-၁၀ တန္း တစ္ရာေက်ာ္ကို မနက္ ၆း၀၀ နာရီမွ ည ၁၀း၀၀ နာရီအထိ တာဝန္ယူေစာင့္ေရွာက္ေနတဲ့ ေက်ာင္းအုပ္ ဆရာေတာ္ေလးက ဘယ္အခ်ိန္ ကာရာအိုေကသြားမွာလဲဗ်ာ၊ ေက်ာင္းဆရာေတြ ေက်ာင္းသားေတြ ရြာသားေတြနဲ႔ အကာမပါတဲ့ ဓမၼာရုံမွာ အတူေနရတဲ့ ကိုယ္ေတာ္ေလးက ဘယ္လိုအရက္ေသာက္မွာလဲဗ်ာ)။
ေနာက္တစ္ခု ၾကားရေသးတယ္ဗ်။ ဝါခင္းကုန္းဆရာေတာ္ႀကီးက သတိမေကာင္းေတာ့ဘူး။ ဟိုဟာေမ့ ဒီဟာေမ့ ေမ့တတ္ကုန္ၿပီ။ ဒီလိုအခ်ိန္မွာ ဝီရသူက အခြင့္ေကာင္းယူၿပီး အတင္းအၾကပ္လက္မွတ္ထိုးခိုင္းသလိုလို ႏိုင္ငံေရးသမားေတြ မစိုးရိမ္ထဲ ဂ်င္းလာထည့္သြားတဲ့သတင္းပါ။ ဆရာေတာ္ေတြလည္း အာဏာပိုင္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနက်ျဖစ္လုိ႔ထင္ပါရဲ႕ ယုံၾကတာပဲဗ်။
မေဟာ္သဓာေက်ာင္းေဆာက္ဖုိ႔ ေျမကြက္ရၿပီဆိုေတာ့ ဝါခင္းကုန္းဆရာေတာ္ႀကီးက ခ်က္ခ်င္းကို လိုက္ ၾကည့္တာပါ။ သေဘာက်သြားၿပီး သိန္း(၅၀) လွဴပါတယ္။ ဒါဟာ ပဏာမပဲ ရွိေသးတယ္။ ေနာက္ထပ္ ထပ္လွဴ ဦးမယ္လုိ႔လည္း မိန္႔ေတာ္မူပါေသးတယ္။ မေဟာ္သဓာအမ်ဳိးသားေရး ကိုယ္ပိုင္အထက္တန္းေက်ာင္း ေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရးေကာ္မတီကိုလည္း ဝါခင္းကုန္းေက်ာင္းမွာပဲ ဖြဲ႔စည္းခဲ့တာပါ။ ဝါခင္းကုန္းဆရာေတာ္ႀကီး ကိုယ္တုိင္ ေက်ာင္းေတာ္ႀကီးျဖစ္ေျမာက္ေအာင္ျမင္ေအာင္ ညီညီညြတ္ညြတ္ ႀကဳိးစားေဆာင္ရြက္ၾကဖုိ႔ ၾသဝါဒေပး ခဲ့ပါတယ္။ အလွဴရွင္ေတြကို အမွတ္တရျပန္ေပးတဲ့ ဂုဏ္ျပဳလႊြာမွာလည္း ဝါခင္းကုန္းဆရာေတာ္ႀကီးရဲ႕ ဘြဲ႔ေတာ္ႏွင့္ လက္မွတ္(Sign) တံဆိပ္တုံးကိုလည္း ပံုႏွိပ္ထားပါတယ္။ ဒကာေတာ္တုိ႔ထံ တင္တဲ့စာထဲမွာလည္း ဝါခင္းကုန္း ဆရာေတာ္ႀကီးရဲ႕ ေထာက္ခံစာ ပါပါတယ္။ ဆရာေတာ္ႀကီးကိုယ္တုိင္ လက္မွတ္ေရးထုိးေပးတာပါ။ လက္ရွိမေဟာ္ သဓာေျမကြက္ထဲမွာ ေဆာက္ထားတဲ့ ရွင္းလင္းေဆာင္ဟာလည္း ဝါခင္းကုန္းဆရာေတာ္ႀကီးရဲ႕ ညႊန္ၾကားခ်က္အရ ေဆာက္ထားတဲ့အေဆာင္ေလးပါပဲ။ ပညာဒါနက်ဴရွင္ေက်ာင္းကလည္း ဝါခင္းကုန္းဆရာေတာ္ႀကီး ေဆာက္ခုိင္းတဲ့ အေဆာင္ေလးပါပဲ။
ဝါခင္းကုန္းဆရာေတာ္ႀကီးက ပညာေရးလည္းျဖစ္ ပရဟိတလည္းျဖစ္လုိ႔ အလြယ္တကူေဆာက္မိန္႔က်မွာပဲ ထင္ခဲ့ၿပီး လိုလို္လားလား တက္တက္ၾကြၾကြ ဦးေဆာင္ခဲ့တာပါ။ အခုလို ၾကန္႔ၾကာေနတာကို တအံ့တၾသနဲ႔ စိတ္ထိခုိက္ၿပီး ခဏခဏညည္းေတာ္မူပါတယ္။
ေနာက္ပိုင္း ဒကာေတာ္တုိ႔ NLD အစုိးရက တားျမစ္တာတို႔ ေခၚစစ္တာတုိ႔၊ ဓမၼစကူးလ္ဆရာမကိုပါ ခ်မ္းသာမေပးဘဲ ဆင့္ေခၚလက္မွတ္ထိုးခိုင္းတာတုိ႔ လုပ္လာမွ ဆရာေတာ္ႀကီးက စိတ္ေလွ်ာ့သြားတာပါ။ ဒါကို တုိက္အုပ္ဆရာေတာ္ ဦးေနမိႏၵ အကုန္သိပါတယ္။ ဦးပဥၥင္း ဆရာေတာ္ႀကီးဆီေရာက္တုိင္း ဆရာေတာ္ႀကီးနားမွာ တုိ္က္အုပ္ဆရာေတာ္ဦးေနမိႏၵ အၿမဲရွိပါတယ္။
ဒကာေတာ္တုိ႔ေမးရမွာက ဝါခင္းကုန္းဆရာေတာ္ႀကီး လက္မွတ္ ဟုတ္လား မဟုတ္လားပဲ ေမးရမွာပါ။ ဝါခင္းကုန္းဆရာေတာ္ႀကီး ဦးေဆာင္တာလား ဝီရသူဦးေဆာင္တာလား ေမးစရာမလုိပါဘူး။ ဝါခင္းကုန္းဆရာေတာ္ ႀကီး ဦးေဆာင္တာ ဟုတ္ မဟုတ္ စံုစမ္းေနကတည္းက ပုဂၢဳိလ္ေရးျပႆနာဆိုတာ ေသခ်ာသြားပါၿပီ။ ဝန္ခံလုိက္ပါ ဝန္ႀကီးခ်ဳပ္ရာ။
(ဆက္လက္ေဖာ္ျပပါမည္)

အိတ္ဖြင့္ေပးစာ စာအုပ္ကို
မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ရႏိုင္ပါသည္။
ေစ်းႏႈန္း – ၁၅၀၀

“ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ထံ အိတ်ဖွင့်ပေးစာ အမှတ်(၂)” (ဂ)

(စာသင်ကျောင်းဆောက်လည်း ၅၀၅-ခ ပဲ ဆိုရင်တော့ ဆယ်ခါပြန် ထောင်ကျရဲပါတယ်ဗျာ။)

တိုင်းဥက္ကဋ္ဌဆရာတော်ကြီး ကျောက်ချောရွာမှအပြန် ကြားရတာလေးတစ်ခု ရှိပါသေးတယ်။ ဝီရသူကပဲ ပညာရေးကိုဗန်းပြပြီး နိုင်ငံရေးလုပ်နေသလိုလို အစိုးရကို နိုင်ငံရေးအရ တိုက်ခိုက်ချင်လို့ မန်းမဟော်သဓာကျောင်း တော်ကြီးကို အဆောက်ပြနေသလိုလို ဆိုတာပါပဲ။ ဂျင်းထည့်ကျွမ်းတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆရာတော်တွေကို ဂျင်းထည့်သွားကြတာလေးပါ။ မန်းဟော်သဓာနဲ့ပတ်သက်ပြီး ဝီရသူအမည်ကို လုံးဝ မသုံးခဲ့ပါဘူး။ ဦးမျိုးမြင့်ဦး နာမည်နဲ့တင်ပြီး ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးရဲ့ ထောက်ခံစာနဲ့ပဲ တင်ခဲ့တာပါ။ စိတ်ရှည်ရှည်နဲ့ သည်းခံ စောင့်ဆိုင်းခဲ့တာလည်း ၂ နှစ်ပြည့်ပါတော့မယ်နော်။ ဒါဆိုရင် ပညာရေးကို အမှန်တကယ်လိုလားလို့ လုပ်တာလား၊ ပညာရေးဗန်းပြပြီး နိုင်ငံရေးလုပ်တာလား ရှင်းလောက်ပါပြီလေ။
နောက်တစ်ခု ကြားရသေးတယ်ဗျ။ ကျောက်ချောမှာအစောင့်ထားတဲ့ ဦးဇင်းလေးနှစ်ပါးကပဲ ကာလာချိန်းပြီး ကာရာအိုကေသွားသလိုလို အရက်ဘီယာသောက်စားသလိုလို အပုပ်ချတဲ့သတင်းပါ။ မန်းမဟော်သဓာမှာ ဦးဇင်း နှစ်းပါးရှိပါတယ်။ တစ်ပါးက ဝေယျာဝစ္စအတွက်ပါ။ ကျန်တစ်ပါးက ပညာဒါနကျူရှင်ကျောင်းရဲ့ ကျောင်းအုပ် ဆရာတော်လေးပါ။ ဗုဒ္ဓတက္ကသိုလ်မှ MA ဘွဲ့ရခဲ့သူပါ။ ဒီဦးဇင်းလေးတွေလည်း ဝီရသူကို ဝန်းရံမှပဲ ကာရာအိုကေ သမား၊ အရက်သမား လုံးလုံးကြီးကို ဖြစ်သွားရရှာတော့တာပါပဲ။ ဝီရသူကို မကြည်ဖြူတာနဲ့ပဲ ဝီရသူနားကသူတွေကို အရက်သမားဖြစ်အောင် ကာရာအိုကေသမားဖြစ်အောင် သွေးထိုးလုပ်ကြံရက်တဲ့ နိုင်ငံရေးသမားတွေရဲ့ နည်းဗျူဟာ ကတော့ သူတော်ကောင်းတွေ နှာခေါင်းရှုံ့စရာပါပဲ။

ဒကာတော်တို့ကို သိစေချင်တာက ဒကာတော်တို့ အားကိုးအားထားပြုရာ သံဃာ့အဖွဲ့အစည်းရဲ့ နာယကဆရာတော်တွေထဲ မာတုဂါမတွေနဲ့ တစ်မိုးတစ်ရံတည်း တစ်ဆောင်တည်းမှာ အခန်းဖွဲ့ပြီးနေကြတဲ့ အချို့ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့တတွေသာ ဂရုကအာပတ်နဲ့ ငြိကောင်းငြိနိုင်မယ်။ (နီးစပ်လို့ပါ)။ မန်းမဟော် သဓာဦးဇင်းနှစ်ပါးကတော့ ကျောက်ချောရွာသူရွာသားတွေရဲ့ ဝန်းရံစောင့်ရှောက်မှုကြောင့် ကာရာအိုကေတို့ အရက်တို့ဆိုတာ ရွာနာမည်လား မြို့နာမည်လားလို့တောင် ပြန်မေးကြမည့် သံဃာတော်တွေ ဖြစ်ပါတယ်။ (၉-၁၀ တန်း တစ်ရာကျော်ကို မနက် ၆း၀၀ နာရီမှ ည ၁၀း၀၀ နာရီအထိ တာဝန်ယူစောင့်ရှောက်နေတဲ့ ကျောင်းအုပ် ဆရာတော်လေးက ဘယ်အချိန် ကာရာအိုကေသွားမှာလဲဗျာ၊ ကျောင်းဆရာတွေ ကျောင်းသားတွေ ရွာသားတွေနဲ့ အကာမပါတဲ့ ဓမ္မာရုံမှာ အတူနေရတဲ့ ကိုယ်တော်လေးက ဘယ်လိုအရက်သောက်မှာလဲဗျာ)။
နောက်တစ်ခု ကြားရသေးတယ်ဗျ။ ဝါခင်းကုန်းဆရာတော်ကြီးက သတိမကောင်းတော့ဘူး။ ဟိုဟာမေ့ ဒီဟာမေ့ မေ့တတ်ကုန်ပြီ။ ဒီလိုအချိန်မှာ ဝီရသူက အခွင့်ကောင်းယူပြီး အတင်းအကြပ်လက်မှတ်ထိုးခိုင်းသလိုလို နိုင်ငံရေးသမားတွေ မစိုးရိမ်ထဲ ဂျင်းလာထည့်သွားတဲ့သတင်းပါ။ ဆရာတော်တွေလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကျဖြစ်လို့ထင်ပါရဲ့ ယုံကြတာပဲဗျ။
မဟော်သဓာကျောင်းဆောက်ဖို့ မြေကွက်ရပြီဆိုတော့ ဝါခင်းကုန်းဆရာတော်ကြီးက ချက်ချင်းကို လိုက် ကြည့်တာပါ။ သဘောကျသွားပြီး သိန်း(၅၀) လှူပါတယ်။ ဒါဟာ ပဏာမပဲ ရှိသေးတယ်။ နောက်ထပ် ထပ်လှူ ဦးမယ်လို့လည်း မိန့်တော်မူပါသေးတယ်။ မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီကိုလည်း ဝါခင်းကုန်းကျောင်းမှာပဲ ဖွဲ့စည်းခဲ့တာပါ။ ဝါခင်းကုန်းဆရာတော်ကြီး ကိုယ်တိုင် ကျောင်းတော်ကြီးဖြစ်မြောက်အောင်မြင်အောင် ညီညီညွတ်ညွတ် ကြိုးစားဆောင်ရွက်ကြဖို့ သြဝါဒပေး ခဲ့ပါတယ်။ အလှူရှင်တွေကို အမှတ်တရပြန်ပေးတဲ့ ဂုဏ်ပြုလွှွာမှာလည်း ဝါခင်းကုန်းဆရာတော်ကြီးရဲ့ ဘွဲ့တော်နှင့် လက်မှတ်(Sign) တံဆိပ်တုံးကိုလည်း ပုံနှိပ်ထားပါတယ်။ ဒကာတော်တို့ထံ တင်တဲ့စာထဲမှာလည်း ဝါခင်းကုန်း ဆရာတော်ကြီးရဲ့ ထောက်ခံစာ ပါပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးပေးတာပါ။ လက်ရှိမဟော် သဓာမြေကွက်ထဲမှာ ဆောက်ထားတဲ့ ရှင်းလင်းဆောင်ဟာလည်း ဝါခင်းကုန်းဆရာတော်ကြီးရဲ့ ညွှန်ကြားချက်အရ ဆောက်ထားတဲ့အဆောင်လေးပါပဲ။ ပညာဒါနကျူရှင်ကျောင်းကလည်း ဝါခင်းကုန်းဆရာတော်ကြီး ဆောက်ခိုင်းတဲ့ အဆောင်လေးပါပဲ။
ဝါခင်းကုန်းဆရာတော်ကြီးက ပညာရေးလည်းဖြစ် ပရဟိတလည်းဖြစ်လို့ အလွယ်တကူဆောက်မိန့်ကျမှာပဲ ထင်ခဲ့ပြီး လိုလိုလားလား တက်တက်ကြွကြွ ဦးဆောင်ခဲ့တာပါ။ အခုလို ကြန့်ကြာနေတာကို တအံ့တသြနဲ့ စိတ်ထိခိုက်ပြီး ခဏခဏညည်းတော်မူပါတယ်။
နောက်ပိုင်း ဒကာတော်တို့ NLD အစိုးရက တားမြစ်တာတို့ ခေါ်စစ်တာတို့၊ ဓမ္မစကူးလ်ဆရာမကိုပါ ချမ်းသာမပေးဘဲ ဆင့်ခေါ်လက်မှတ်ထိုးခိုင်းတာတို့ လုပ်လာမှ ဆရာတော်ကြီးက စိတ်လျှော့သွားတာပါ။ ဒါကို တိုက်အုပ်ဆရာတော် ဦးနေမိန္ဒ အကုန်သိပါတယ်။ ဦးပဉ္စင်း ဆရာတော်ကြီးဆီရောက်တိုင်း ဆရာတော်ကြီးနားမှာ တိုက်အုပ်ဆရာတော်ဦးနေမိန္ဒ အမြဲရှိပါတယ်။
ဒကာတော်တို့မေးရမှာက ဝါခင်းကုန်းဆရာတော်ကြီး လက်မှတ် ဟုတ်လား မဟုတ်လားပဲ မေးရမှာပါ။ ဝါခင်းကုန်းဆရာတော်ကြီး ဦးဆောင်တာလား ဝီရသူဦးဆောင်တာလား မေးစရာမလိုပါဘူး။ ဝါခင်းကုန်းဆရာတော် ကြီး ဦးဆောင်တာ ဟုတ် မဟုတ် စုံစမ်းနေကတည်းက ပုဂ္ဂိုလ်ရေးပြဿနာဆိုတာ သေချာသွားပါပြီ။ ဝန်ခံလိုက်ပါ ဝန်ကြီးချုပ်ရာ။
(ဆက်လက်ဖော်ပြပါမည်)

အိတ်ဖွင့်ပေးစာ စာအုပ်ကို
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ရနိုင်ပါသည်။
ဈေးနှုန်း – ၁၅၀၀