သတင္း

“ ေ႐ႊမ်က္စဥ္း၏ ထူးျခားသည့္လကၡဏာမ်ာ” (၄)

ေ႐ႊမ်က္စဥ္း၏ ထူးျခားေသာလကၡဏာတစ္ခုမွာ မ်က္စဥ္းခတ္ၿပီးလွ်င္ မ်က္စိထဲ ခဲဝင္သလို ခိုးလိုးခုလုျဖစ္ေနတတ္ျခင္းပင္။ ထိုသို႔ျဖစ္ျခင္းမွာ မ်က္ေၾကာမ်ား ေျပေလ်ာ့သြားျခင္းေၾကာင့္ပင္။ ေသြးေၾကာမွ်င္ေလးမ်ားတင္းၾကပ္ေနျခင္းသည္ မ်က္လုံးကို သေရကြင္းျဖင့္ တင္းၾကပ္စြာ စည္းထားသလို ႏွစ္ေပါင္းမ်ားစြာ ခံစားေနရာမွ ႐ုတ္တရက္ ေျပေလ်ာ့သြားသည့္အခါ အတြန႔္အလိပ္ေလးမ်ား ျဖစ္သြားျခင္းေၾကာင့္ မ်က္ခြံႏွင့္ထိမိတိုင္း ေထာက္ေထာက္ေနတတ္သလို မ်က္လုံးအိမ္ထဲမွာလည္း ခုခုေနတတ္ပါသည္။ အႏၲရာယ္မရွိပါ။ ေၾကာက္စရာမလိုပါ။ အခိုက္အတန႔္မွ်သာ ၾကာတတ္ပါသည္။ အိပ္လိုက္လွ်င္ ေပ်ာက္သြားတတ္ပါသည္။ မ်က္စဥ္းထပ္ခတ္လိုက္လွ်င္လည္း ေပ်ာက္သြားတတ္ပါသည္။ အိပ္ရာဝင္ခ်ိန္ေဝးေသးလွ်င္ မ်က္စဥ္းထပ္ခတ္ေပးပါ။

ေန႔စဥ္ခတ္ေပးလွ်င္ မ်က္ေၾကာမ်ားတင္းၾကပ္မႈ လုံးဝမရွိေတာ့ဘဲ အၿမဲတန္း အေၾကာေျပကာ လြတ္လပ္သက္သာ ေပါ့ပါးခ်မ္းသာစြာ ၾကည့္ရႈႏိုင္ျခင္း အက်ိဳးခံစားရပါမည္။

မန္က်ည္းသီးမွည့္ႏွင့္ မိုးေရတို႔ျဖင့္သာ ေဖာ္စပ္ထားသည့္ သဘာဝမ်က္စဥ္းျဖစ္ပါသည္။ မ်က္စဥ္းအိုးထဲ မ်က္လုံးႏွစ္ထားလွ်င္ပင္ ျပႆနာမရွိပါ။ မန္က်ည္းေရျဖင့္ မ်က္ႏွာသစ္ျခင္း၊ ေခါင္းေလွ်ာ္ျခင္း၊ ေရခ်ိဳးျခင္းျပဳလုပ္လွ်င္ပင္ အပူၿငိမ္း၍ ေၾကးေညႇာ္ထြက္တတ္ပါသည္။

ေ႐ႊမ်က္စဥ္းသည္ မ်က္လုံးကို အပူထုတ္ျခင္း၊ အေၾကာေျဖျခင္း၊ သန႔္စင္ေဆးေၾကာေပးျခင္း ကိစၥသုံးရပ္ကို လုပ္ကိုင္ေဆာင္႐ြက္သျဖင့္ မ်က္လုံးေအးျခင္း၊ အေညာင္းေျပျခင္း၊ ၾကည္လင္သန႔္ရွင္းျခင္းအက်ိဳးတို႔ကို တိုက္႐ိုက္ခံစားရၿပီး ဦးေခါင္းေပါ့ျခင္း၊ ဇက္ေၾကာေလ်ာ့ျခင္း၊ လြတ္လပ္ေပါ့ပါး လန္းဆန္းတက္ႂကြသည့္ ခ်မ္းသာသုခတစ္မ်ိဳးကိုလည္း အက်ိဳးဆက္အားျဖင့္ ခံစားရပါမည္။

လူသားအားလုံး စကၡဳသုခႏွင့္ ျပည့္စုံၾကပါေစ။
ၾကည္လင္သန႔္ရွင္း ေ႐ႊမ်က္စဥ္း။
မ်က္လုံးက်န္းမာ စိတ္ခ်မ္းသာ။
ေ႐ႊမ်က္စဥ္းဖန္တီးရွင္
25.7.2020

“ ရွှေမျက်စဉ်း၏ ထူးခြားသည့်လက္ခဏာမျာ” (၄)

ရွှေမျက်စဉ်း၏ ထူးခြားသောလက္ခဏာတစ်ခုမှာ မျက်စဉ်းခတ်ပြီးလျှင် မျက်စိထဲ ခဲဝင်သလို ခိုးလိုးခုလုဖြစ်နေတတ်ခြင်းပင်။ ထိုသို့ဖြစ်ခြင်းမှာ မျက်ကြောများ ပြေလျော့သွားခြင်းကြောင့်ပင်။ သွေးကြောမျှင်လေးများတင်းကြပ်နေခြင်းသည် မျက်လုံးကို သရေကွင်းဖြင့် တင်းကြပ်စွာ စည်းထားသလို နှစ်ပေါင်းများစွာ ခံစားနေရာမှ ရုတ်တရက် ပြေလျော့သွားသည့်အခါ အတွန့်အလိပ်လေးများ ဖြစ်သွားခြင်းကြောင့် မျက်ခွံနှင့်ထိမိတိုင်း ထောက်ထောက်နေတတ်သလို မျက်လုံးအိမ်ထဲမှာလည်း ခုခုနေတတ်ပါသည်။ အန္တရာယ်မရှိပါ။ ကြောက်စရာမလိုပါ။ အခိုက်အတန့်မျှသာ ကြာတတ်ပါသည်။ အိပ်လိုက်လျှင် ပျောက်သွားတတ်ပါသည်။ မျက်စဉ်းထပ်ခတ်လိုက်လျှင်လည်း ပျောက်သွားတတ်ပါသည်။ အိပ်ရာဝင်ချိန်ဝေးသေးလျှင် မျက်စဉ်းထပ်ခတ်ပေးပါ။

နေ့စဉ်ခတ်ပေးလျှင် မျက်ကြောများတင်းကြပ်မှု လုံးဝမရှိတော့ဘဲ အမြဲတန်း အကြောပြေကာ လွတ်လပ်သက်သာ ပေါ့ပါးချမ်းသာစွာ ကြည့်ရှုနိုင်ခြင်း အကျိုးခံစားရပါမည်။

မန်ကျည်းသီးမှည့်နှင့် မိုးရေတို့ဖြင့်သာ ဖော်စပ်ထားသည့် သဘာဝမျက်စဉ်းဖြစ်ပါသည်။ မျက်စဉ်းအိုးထဲ မျက်လုံးနှစ်ထားလျှင်ပင် ပြဿနာမရှိပါ။ မန်ကျည်းရေဖြင့် မျက်နှာသစ်ခြင်း၊ ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်းပြုလုပ်လျှင်ပင် အပူငြိမ်း၍ ကြေးညှော်ထွက်တတ်ပါသည်။

ရွှေမျက်စဉ်းသည် မျက်လုံးကို အပူထုတ်ခြင်း၊ အကြောဖြေခြင်း၊ သန့်စင်ဆေးကြောပေးခြင်း ကိစ္စသုံးရပ်ကို လုပ်ကိုင်ဆောင်ရွက်သဖြင့် မျက်လုံးအေးခြင်း၊ အညောင်းပြေခြင်း၊ ကြည်လင်သန့်ရှင်းခြင်းအကျိုးတို့ကို တိုက်ရိုက်ခံစားရပြီး ဦးခေါင်းပေါ့ခြင်း၊ ဇက်ကြောလျော့ခြင်း၊ လွတ်လပ်ပေါ့ပါး လန်းဆန်းတက်ကြွသည့် ချမ်းသာသုခတစ်မျိုးကိုလည်း အကျိုးဆက်အားဖြင့် ခံစားရပါမည်။

လူသားအားလုံး စက္ခုသုခနှင့် ပြည့်စုံကြပါစေ။
ကြည်လင်သန့်ရှင်း ရွှေမျက်စဉ်း။
မျက်လုံးကျန်းမာ စိတ်ချမ်းသာ။
ရွှေမျက်စဉ်းဖန်တီးရှင်
25.7.2020