သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း”(စ်)

“တုိက္ရင္ တန္းနစ္မွေတာ့ တုိက္တန္းနစ္ႀကီးေပါ့”
ကိုေဆြဝင္းေရ ရဟန္းသံဃာတုိ႔ လူပုဂၢဳိလ္တုိ႔မေျပာနဲ႔ တိရစၧာန္ေတြကို ေစာ္ကားျပစ္မွားရင္ေတာင္ အျပစ္ရွိပါတယ္ကြာ။ တိရစၧာန္ကို ျပစ္မွားလို႔ အရွင္လတ္လတ္ငရဲက်ရတဲ့ သီလ၀နာဂရာဇဇာတ္ေတာ္ ငါးရာငါးဆယ္နိပါတ္ေတာ္ထဲမွာ ရွိပါတယ္ေနာ္။ အိုးေဝညဳိျမရဲ႕ ကုန္းေဘာင္ရွာပံုေတာ္ထဲမွာလည္း ဖတ္ဖူးပါတယ္။ ပင္လယ္ထဲက ေရခဲေတာင္လိုေပါ့။ ေရေပၚေပၚေနတာက ေသးေသးေလးဆိုၿပီး အထင္မေသးနဲ႔ေလ။ ေရေအာက္ထုထည္က နည္းမွမနည္းတာ။ အျမင္နဲ႔တင္ အထင္ေသးၿပီး ၀င္တုိက္မိလို႔ သေဘၤာေမွာက္ခဲ့ရတဲ့ ရာဇဝင္ အထင္အရွားရွိခဲ့ပါတယ္ကြာ။ ဒါေၾကာင့္ အသံ၊ဟန္၊ ဝါစာေလးတင္ၾကည့္ၿပီး မုန္းတီးျပစ္မွားေနမယ္ဆိုရင္ေတာ့ ေစတနာနဲ႔ ေဒတာထုထည္ႀကီးကို ဝင္တိုက္မိေတာ့မွာပဲေလ။ တုိက္တန္းနစ္ေပါ့ေနာ္။ တုိက္ရင္ တန္းနစ္သြားတာေပါ့။

“နာမည္နဲ႔လုိက္ေအာင္ ပိန္းတဲ့ နီပိန္းေတြ”
ကိုေဆြဝင္းငိုခ်င္းခ်တဲ့ သတင္းတစ္ပုဒ္ထဲမွာ “ဦးဝီရသူရဲ႕ တပည့္ေတြက အၿပဳံးနဲ႔ႀကဳိဆိုတာေတြ႔ရတယ္”ဆိုတဲ့သေဘာ ကိုေဆြဝင္းေျပာထားတာ ဖတ္လုိက္ရတယ္။ ေက်းဇူးတင္ပါတယ္ ကိုေဆြဝင္း။ အဲဒါ ဦးပဥၥင္းတုိ႔ အမ်ဳိးသားေရးသမားေတြရဲ႕ စိတ္ရင္းအမွန္ပါပဲ။ ကိုေဆြဝင္းကသာ အသံနဲ႔လန္႔ၿပီး လူမုိက္ေတြေခၚလာ၊ အင္အားေတြလာျပနဲ႔ အကာအကြယ္ယူထားတာ ဦးပဥၥင္းတုိ႔ကေတာ့ တရားေတာင္စြဲခ်င္လြန္းလို႔ စြဲခဲ့တာမဟုတ္ဘူး။ ေျပာခဲ့ၿပီးပါေကာ။ ဦးပဥၥင္းတုိ႔ အမ်ဳိးသားေရးသမားေတြက တုိင္းရင္းသားေတြဆို ညီအစ္ကိုလိုို ခ်စ္ခင္ၾကေတာ့ ဗမာအခ်င္းခ်င္း၊ သံဃာအခ်င္းခ်င္းဆိုလွ်င္ေတာ့ ေျပာစရာမလိုေတာ့ပါဘူးေနာ္။
မဝတီမင္းႀကီးဆရာေတာ္နဲ႔ နီပိန္းေတြလည္း အံုနဲ႔က်င္းနဲ႔ ဝန္းရံေနတာ ေတြ႔ရတယ္။ သာသနာကို ေစာ္ကားတဲ့ စာေရးဆရာလိုလို ႏိုင္ငံေရးသမားလိုလို ေလာ္ဘီလုပ္စား သာသနာဖ်က္ အရက္သမားတုန္းကလည္း သကၤန္းမွ အားမနာ ေထာက္ခံအားေပးခဲ့တဲ့ ျမရွိသူမဟုတ္တဲ့ မ.ရွိသူႀကီးကို မ၀တီလို႔ေခၚတယ္။(မ အႆ အတၳီတိ မ၀တီေပါ့ကြာ။ အဲဒီ မ၀တီႀကီးက လူေရွ႕သူေရွ႕ မီဒီယာေရွ႕မွာသာ သရဲေကာင္းလုပ္ျပေနတာ၊၀ီရသူနဲ႔ စကားစစ္ထိုးပြဲလုပ္ရင္း Liveလႊင့္ၾကမယ္လို႔ ဂ်ပန္သတင္းဌာနတစ္ခုက ကမ္းလွမ္းေတာ့ ေၾကာက္ခ်ီးကို ပန္းေနတာပဲတဲ့။) သနားစရာေတြေပါ့။ သူတုိ႔ဟာ သူတုိ႔မၾကည္ျဖဴတဲ့သူနဲ႔ အမႈျဖစ္ၿပီဆို ဘယ္သူျဖစ္ျဖစ္ အားေပးအားေျမႇာက္ျပဳဖို႔ ဝန္မေလးၾကတဲ့သူေတြပါ။ ဘုရားသားေတာ္ခ်င္း ရုိင္းပင္းရမယ္ဆိုတဲ့ အျမင္လည္း မရွိ၊ ရဟန္းသံဃာပါလားဆိုတဲ့ အသိလည္းမရွိၾကဘဲ ငါ့ရန္သူရဲ႕ ရန္သူဟာ ငါ့မိတ္ေဆြပဲဆိုၿပီး ဝန္းရံေနၾကတာဟာ ႏိုင္ငံေရးမလုပ္တတ္ၾကတာပဲလို႔ ေအာက္ေမ့မိခဲ့တယ္။ ရခုိင္ျပည္ႀကီးကို စကားတစ္ခြန္းနဲ႔ ကာကြယ္ခဲ့တဲ့ ရဟန္းေတာ္တစ္ပါးနဲ႔ ရခုိင္ျပည္ကို ေရာင္းစားဖုိ႔ ႀကံစည္ေနတဲ့ ပြဲစားမကို ကန္႔ကြန္႔ရႈတ္ခ်တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအစား ရွက္မိပါတယ္ဆိုၿပီး ပြဲစားမကို ေတာင္းပန္ခဲ့တဲ့ လူသားတစ္ဦး ဘယ္သူက ရန္သူ ဘယ္သူက မိတ္ေဆြဆိုတာ မခြဲျခားတတ္ရွာဘူးေနာ္။ ဒါေၾကာင့္လည္း နီပိန္း၊ နီေၾကာင္၊ နီေပါဆိုတဲ့ အမည္နာမ ဝိေသသအထူး ဂုဏ္ပုဒ္ရူးေတြကို ရရွိပိုင္ဆုိင္ခဲ့ၾကတာ ျဖစ္မွာပါ။

“အသင္အျပေကာင္းေသာ သတင္းသမား”
ေထာင္ထြက္ရာဇဝတ္သားေဟာင္းႀကီး ကိုေအာင္စိုးကို အင္တာဗ်ဴးတဲ့အခါ ဘယ္လိုဘယ္ပံု ေျဖဆိုဖုိ႔ ကိုေဆြဝင္းက သင္ျပေပးခဲ့ေၾကာင္း ရုပ္သံသတင္းတစ္ပုဒ္မွာ ေတြ႔ရတယ္။ အဲဒါ ဟုတ္ပါသလား အယ္ဒီတာခ်ဳပ္ႀကီးေရ…။ ကိုေအာင္စုိးဆိုတာ အိုးဘိုေထာင္တုိက္ဝင္းထဲ ျပစ္ဒဏ္နဲ႔ေရာက္လာမွ သိခဲ့ရတဲ့သူပါ။ သူ႔ကို ေထာင္ကအႏိုင္က်င့္ေနလို႔ ဦးပဥၥင္းကပဲ ကယ္တင္ခဲ့ရတာပါ။ အဲဒီေနာက္ပိုင္း အစားလည္းေကၽြး၊ အႀကံလည္းေပးနဲ႔ ကူညီခဲ့ရပါတယ္။ ျပႆနာတစ္ခုခုေပၚတုိင္း ဦးပဥၥင္းဆီ ရင္လာဖြင့္ပါတယ္။ အႀကံဉာဏ္လည္း ေတာင္းပါတယ္။ ဦးပဥၥင္းအႀကံဉာဏ္ေပးတုိင္း အဆင္ေျပသြားတာခ်ည္းပါပဲ။ ဦးပဥၥင္းေက်ာင္းျပန္ေရာက္မွ မစုိးရိမ္ကို ကိုေအာင္စိုးေရာက္လာပါေသးတယ္။ စာအုပ္ေရာင္းေပးဖုိ႔ လာအပ္တာပါ။ ဦးပဥၥင္းမရွိခုိက္ဆိုေတာ့ ေက်ာင္းကလည္း တည္းခိုခြင့္မေပးရဲဘူးေပါ့။ ဦးပဥၥင္းနဲ႔ေတြ႔ေတာ့ သူက ေလွ်ာက္ပါတယ္။ ျမန္မာအမ်ားစုက ဦးပဥၥင္းကို ေထာက္ခံပါတယ္တဲ့။ အထူးသျဖင့္ ဗုဒၶဘာသာေတြက ဦးဝီရသူမွ ဦးဝီရသူပါပဲတဲ့။ ဒီလိုခင္မင္ရင္းႏွီးသူတစ္ေယာက္က ဦးပဥၥင္းမေကာင္းေၾကာင္း အင္တာဗ်ဴးတာ ေထာင္သားသဘာဝမုိ႔လား၊ ကိုေဆြဝင္းသင္ျပေပးလုိ႔လား စဥ္းစားမရျဖစ္ေနမိတယ္။
ေထာင္သားေတာ္ေတာ္မ်ားမ်ားဟာ ေက်းဇူးမဲ့ဝါဒ က်င့္သံုးၾကသူေတြပါ။ အိုးဘိုေထာင္မွာ ေဆာင္ပုဒ္တစ္ခုရွိခဲ့တယ္။ “ဒီေန႔ေကၽြးတဲ့သူကို ေက်းဇူးတင္ပါတယ္။ မနက္ျဖန္ေကၽြးမည့္သူကို ႀကဳိဆိုပါတယ္။ မေန႔က ေကၽြးတဲ့သူကိုေတာ့ -ီးပဲ”တဲ့။ ကိုေအာင္စုိးက အဲဒီအမ်ဳိးအစားထဲ ေရာက္သြားလို႔လား၊ အယ္ဒီတာခ်ဳပ္ႀကီးက အသင္အျပေကာင္းလို႔လား ေျဖေပးပါဦးကြာ။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ဈ)

“တိုက်ရင် တန်းနစ်မှတော့ တိုက်တန်းနစ်ကြီးပေါ့”
ကိုဆွေဝင်းရေ ရဟန်းသံဃာတို့ လူပုဂ္ဂိုလ်တို့မပြောနဲ့ တိရစ္ဆာန်တွေကို စော်ကားပြစ်မှားရင်တောင် အပြစ်ရှိပါတယ်ကွာ။ တိရစ္ဆာန်ကို ပြစ်မှားလို့ အရှင်လတ်လတ်ငရဲကျရတဲ့ သီလဝနာဂရာဇဇာတ်တော် ငါးရာငါးဆယ်နိပါတ်တော်ထဲမှာ ရှိပါတယ်နော်။ အိုးဝေညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်ထဲမှာလည်း ဖတ်ဖူးပါတယ်။ ပင်လယ်ထဲက ရေခဲတောင်လိုပေါ့။ ရေပေါ်ပေါ်နေတာက သေးသေးလေးဆိုပြီး အထင်မသေးနဲ့လေ။ ရေအောက်ထုထည်က နည်းမှမနည်းတာ။ အမြင်နဲ့တင် အထင်သေးပြီး ဝင်တိုက်မိလို့ သင်္ဘောမှောက်ခဲ့ရတဲ့ ရာဇဝင် အထင်အရှားရှိခဲ့ပါတယ်ကွာ။ ဒါကြောင့် အသံ၊ဟန်၊ ဝါစာလေးတင်ကြည့်ပြီး မုန်းတီးပြစ်မှားနေမယ်ဆိုရင်တော့ စေတနာနဲ့ ဒေတာထုထည်ကြီးကို ဝင်တိုက်မိတော့မှာပဲလေ။ တိုက်တန်းနစ်ပေါ့နော်။ တိုက်ရင် တန်းနစ်သွားတာပေါ့။

“နာမည်နဲ့လိုက်အောင် ပိန်းတဲ့ နီပိန်းတွေ”
ကိုဆွေဝင်းငိုချင်းချတဲ့ သတင်းတစ်ပုဒ်ထဲမှာ “ဦးဝီရသူရဲ့ တပည့်တွေက အပြုံးနဲ့ကြိုဆိုတာတွေ့ရတယ်”ဆိုတဲ့သဘော ကိုဆွေဝင်းပြောထားတာ ဖတ်လိုက်ရတယ်။ ကျေးဇူးတင်ပါတယ် ကိုဆွေဝင်း။ အဲဒါ ဦးပဉ္စင်းတို့ အမျိုးသားရေးသမားတွေရဲ့ စိတ်ရင်းအမှန်ပါပဲ။ ကိုဆွေဝင်းကသာ အသံနဲ့လန့်ပြီး လူမိုက်တွေခေါ်လာ၊ အင်အားတွေလာပြနဲ့ အကာအကွယ်ယူထားတာ ဦးပဉ္စင်းတို့ကတော့ တရားတောင်စွဲချင်လွန်းလို့ စွဲခဲ့တာမဟုတ်ဘူး။ ပြောခဲ့ပြီးပါကော။ ဦးပဉ္စင်းတို့ အမျိုးသားရေးသမားတွေက တိုင်းရင်းသားတွေဆို ညီအစ်ကိုလို ချစ်ခင်ကြတော့ ဗမာအချင်းချင်း၊ သံဃာအချင်းချင်းဆိုလျှင်တော့ ပြောစရာမလိုတော့ပါဘူးနော်။
မဝတီမင်းကြီးဆရာတော်နဲ့ နီပိန်းတွေလည်း အုံနဲ့ကျင်းနဲ့ ဝန်းရံနေတာ တွေ့ရတယ်။ သာသနာကို စော်ကားတဲ့ စာရေးဆရာလိုလို နိုင်ငံရေးသမားလိုလို လော်ဘီလုပ်စား သာသနာဖျက် အရက်သမားတုန်းကလည်း သင်္ကန်းမှ အားမနာ ထောက်ခံအားပေးခဲ့တဲ့ မြရှိသူမဟုတ်တဲ့ မ.ရှိသူကြီးကို မဝတီလို့ခေါ်တယ်။(မ အဿ အတ္ထီတိ မဝတီပေါ့ကွာ။ အဲဒီ မဝတီကြီးက လူရှေ့သူရှေ့ မီဒီယာရှေ့မှာသာ သရဲကောင်းလုပ်ပြနေတာ၊ဝီရသူနဲ့ စကားစစ်ထိုးပွဲလုပ်ရင်း Liveလွှင့်ကြမယ်လို့ ဂျပန်သတင်းဌာနတစ်ခုက ကမ်းလှမ်းတော့ ကြောက်ချီးကို ပန်းနေတာပဲတဲ့။) သနားစရာတွေပေါ့။ သူတို့ဟာ သူတို့မကြည်ဖြူတဲ့သူနဲ့ အမှုဖြစ်ပြီဆို ဘယ်သူဖြစ်ဖြစ် အားပေးအားမြှောက်ပြုဖို့ ဝန်မလေးကြတဲ့သူတွေပါ။ ဘုရားသားတော်ချင်း ရိုင်းပင်းရမယ်ဆိုတဲ့ အမြင်လည်း မရှိ၊ ရဟန်းသံဃာပါလားဆိုတဲ့ အသိလည်းမရှိကြဘဲ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေပဲဆိုပြီး ဝန်းရံနေကြတာဟာ နိုင်ငံရေးမလုပ်တတ်ကြတာပဲလို့ အောက်မေ့မိခဲ့တယ်။ ရခိုင်ပြည်ကြီးကို စကားတစ်ခွန်းနဲ့ ကာကွယ်ခဲ့တဲ့ ရဟန်းတော်တစ်ပါးနဲ့ ရခိုင်ပြည်ကို ရောင်းစားဖို့ ကြံစည်နေတဲ့ ပွဲစားမကို ကန့်ကွန့်ရှုတ်ချတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအစား ရှက်မိပါတယ်ဆိုပြီး ပွဲစားမကို တောင်းပန်ခဲ့တဲ့ လူသားတစ်ဦး ဘယ်သူက ရန်သူ ဘယ်သူက မိတ်ဆွေဆိုတာ မခွဲခြားတတ်ရှာဘူးနော်။ ဒါကြောင့်လည်း နီပိန်း၊ နီကြောင်၊ နီပေါဆိုတဲ့ အမည်နာမ ဝိသေသအထူး ဂုဏ်ပုဒ်ရူးတွေကို ရရှိပိုင်ဆိုင်ခဲ့ကြတာ ဖြစ်မှာပါ။

“အသင်အပြကောင်းသော သတင်းသမား”
ထောင်ထွက်ရာဇဝတ်သားဟောင်းကြီး ကိုအောင်စိုးကို အင်တာဗျူးတဲ့အခါ ဘယ်လိုဘယ်ပုံ ဖြေဆိုဖို့ ကိုဆွေဝင်းက သင်ပြပေးခဲ့ကြောင်း ရုပ်သံသတင်းတစ်ပုဒ်မှာ တွေ့ရတယ်။ အဲဒါ ဟုတ်ပါသလား အယ်ဒီတာချုပ်ကြီးရေ…။ ကိုအောင်စိုးဆိုတာ အိုးဘိုထောင်တိုက်ဝင်းထဲ ပြစ်ဒဏ်နဲ့ရောက်လာမှ သိခဲ့ရတဲ့သူပါ။ သူ့ကို ထောင်ကအနိုင်ကျင့်နေလို့ ဦးပဉ္စင်းကပဲ ကယ်တင်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်း အစားလည်းကျွေး၊ အကြံလည်းပေးနဲ့ ကူညီခဲ့ရပါတယ်။ ပြဿနာတစ်ခုခုပေါ်တိုင်း ဦးပဉ္စင်းဆီ ရင်လာဖွင့်ပါတယ်။ အကြံဉာဏ်လည်း တောင်းပါတယ်။ ဦးပဉ္စင်းအကြံဉာဏ်ပေးတိုင်း အဆင်ပြေသွားတာချည်းပါပဲ။ ဦးပဉ္စင်းကျောင်းပြန်ရောက်မှ မစိုးရိမ်ကို ကိုအောင်စိုးရောက်လာပါသေးတယ်။ စာအုပ်ရောင်းပေးဖို့ လာအပ်တာပါ။ ဦးပဉ္စင်းမရှိခိုက်ဆိုတော့ ကျောင်းကလည်း တည်းခိုခွင့်မပေးရဲဘူးပေါ့။ ဦးပဉ္စင်းနဲ့တွေ့တော့ သူက လျှောက်ပါတယ်။ မြန်မာအများစုက ဦးပဉ္စင်းကို ထောက်ခံပါတယ်တဲ့။ အထူးသဖြင့် ဗုဒ္ဓဘာသာတွေက ဦးဝီရသူမှ ဦးဝီရသူပါပဲတဲ့။ ဒီလိုခင်မင်ရင်းနှီးသူတစ်ယောက်က ဦးပဉ္စင်းမကောင်းကြောင်း အင်တာဗျူးတာ ထောင်သားသဘာဝမို့လား၊ ကိုဆွေဝင်းသင်ပြပေးလို့လား စဉ်းစားမရဖြစ်နေမိတယ်။
ထောင်သားတော်တော်များများဟာ ကျေးဇူးမဲ့ဝါဒ ကျင့်သုံးကြသူတွေပါ။ အိုးဘိုထောင်မှာ ဆောင်ပုဒ်တစ်ခုရှိခဲ့တယ်။ “ဒီနေ့ကျွေးတဲ့သူကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျွေးမည့်သူကို ကြိုဆိုပါတယ်။ မနေ့က ကျွေးတဲ့သူကိုတော့ -ီးပဲ”တဲ့။ ကိုအောင်စိုးက အဲဒီအမျိုးအစားထဲ ရောက်သွားလို့လား၊ အယ်ဒီတာချုပ်ကြီးက အသင်အပြကောင်းလို့လား ဖြေပေးပါဦးကွာ။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020