သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (ဒ)

“သတင္းသမားက စစ္ေထာက္လွမ္းေရးဝင္လုပ္ေန”

မီဒီယာေတြနဲ႔ပတ္သက္လို႔ အတုိင္ပင္ခံႀကီးက ေမးခြန္းထုတ္ခဲ့ဖူးေသးတယ္။ “မီဒီယာေတြ ဘယ္ကေငြေၾကးနဲ႔ လည္ပတ္ေနတာလဲ”တဲ့။ ေျမြေျမြခ်င္း ေျချမင္လို႔ ဟန္႔လိုက္တာေနမွာေပါ့ေနာ္။ ဟိုတေလာက Eleven Media Group ေရးသားတဲ့သတင္းတစ္ပုဒ္ ဖတ္လိုက္ရတယ္။ “သတင္းသမားေတြက အလွဴခံပုဂၢဳိလ္ေတြလား၊ မီဒီယာေတြက အလွဴခံအဖြဲ႔အစည္းေတြလား”ဆိုတဲ့ေခါင္းစဥ္နဲ႔ ေရးသားထားတာပါ။ အေမရိကန္ေဒၚလာ ၂၅သန္းတန္ စီမံကိန္းအတြက္ ေရြးခ်ယ္ခံရတဲ့အဖြဲ႔သံုးဖြဲ႔ထဲမွာ ျမန္မာေနာင္းပါဝင္ေနပါတယ္။ အစြန္းထြက္ေလးနဲ႔တင္ စားမကုန္ေအာင္ ခ်မ္းသာေနပါၿပီ။ အဲဒီေငြေတြယူထားတာကို ျပည္သူေတြမသိေအာင္ ဖုန္းကြယ္လိုတဲ့သေဘာနဲ႔ လုိင္းေပၚမွာ အလွဴခံျပေနတာဟာ မ်က္ရည္ျခဴတဲ့အေနနဲ႔ ငိုျပတာလားကြာ။ အဲဒီေငြေတြရလို႔ ရခုိင္မေကာင္းေၾကာင္း၊ ဘုန္းႀကီးမေကာင္းေၾကာင္း၊ စစ္တပ္မေကာင္းေၾကာင္း၊ ဗုဒၶဘာသာမေကာင္းေၾကာင္းေတြပဲ ေရြးေရးေနတာလားကြာ။

ဝင္းေက်ာ္(CJ)ကလည္း ေရးသားထားေသးတယ္။ “ျပည္ပအဖြဲ႔အစည္းမ်ားမွ တာဝန္ခံပုဂၢဳိလ္မ်ား ကိုေဆြဝင္းရံုးခ်ိန္းတုိင္း ပါလာပါတယ္။ ကိုေဆြဝင္း ျပည္ပအေထာက္အပံ့ေတြ ယူတယ္ မယူဘူး သိခ်င္ရင္ ကိုေဆြဝင္းပိုင္တဲ့ ဘဏ္အေကာင့္ေတြ စစ္ေဆးလုိက္ရင္ သိမွာပါ”တဲ့။ “ရဲရဲႀကီး စိန္ေခၚရဲပါတယ္တဲ့။ သူေရးသလို ျပည္ပစပြန္ဆာေတြနဲ႔ ရံုးခ်ိန္းလာတာ ဟုတ္ မဟုတ္ ေျဖေပးပါလားကြာ။

(ဦးပဥၥင္းကေတာ့ ခရိုနီေတြ ခရိုျပာေတြ စစ္တပ္ေတြ ႀကံ့ဖြံ႔ေတြ ခင္ညြန္႔ေတြ ေအာင္ေသာင္းေတြနဲ႔ အစြပ္စြဲခံေနရေပမယ့္ သူတို႔နဲ႔မပတ္သက္သလို သူတို႔ဆီကလည္း ဘာမွမရဖူးလို႔ ကိုေဆြဝင္းလို ေဒၚလာသန္းခ်ီကိုင္ႏိုင္ဖုိ႔ ေနေနသာသာ သိန္းခ်ီေေတာင္ မရဖူးပါဘူးကြာ။ ေဒၚလာတစ္ေသာင္းေတာ့ ႏွစ္ခါသံုးခါ ရဖူးပါတယ္။ ဦးပဥၥင္းကို ေျမးေလးတစ္ေယာက္လို သံေယာဇဥ္ႀကီးတဲ့ ထုိင္းဆရာေတာ္ႀကီးက သနားလို႔စြန္႔ႀကဲတဲ့ ေပးစာကမ္းစာေလးပါ။ ပညာေရးအကယ္ဒမီေက်ာင္း စာသင္ေဆာင္ႀကီး ေဆာက္ထားပါတယ္။ အေခ်ာေတာ့ မသပ္ႏိုင္ေသးဘူးေပါ့ကြာ။)

ေနာက္တစ္ခုက ဦးပဥၥင္းကို ဖမ္းမိႏိုင္ဖုိ႔အတြက္ သီးျခားေထာက္လွမ္းစံုစမ္းေနတယ္ဆိုတာေကာ ဟုတ္ပါသလား၊ ေငြေၾကးဘယ္ေရြ႕ဘယ္မွ်ေပးမယ္လို႔ တိတ္တဆိတ္သတင္းလႊင့္ထားတယ္ဆိုတာေကာ ဟုတ္ပါသလား၊ ဘာလို႔ အဲဒီလိုေမးရတာလဲဆိုေတာ့ ျမန္မာျပည္သတင္းသမားေတြက သတင္းတင္ ေထာက္လွမ္းတာ မဟုတ္ဘဲ စစ္ေထာက္လွမ္းေရးအလုပ္ေတြကိုပါ လုပ္ေနၾကတာ ေတြ႔ရလုိ႔ပါ။ မန္းသပိတ္စခန္းမွာ မ႑ပ္မီးဆင္ေပးတဲ့ ေဂ်ႀကီးဆိုတဲ့ လူငယ္ေလးလည္း ၅၀၅(ခ)နဲ႔ အစြဲခံခဲ့ရတယ္။ သူ႔ကိုသိတာ NLDပါတီဝင္ DVBသတင္းသမားတစ္ေယာက္ပဲရွိတယ္။ေဂ်ႀကီးနဲ႔ DVBသတင္းေထာက္က တစ္ရပ္ကြက္တည္းသားေတြ ျဖစ္တယ္။ ဦးပဥၥင္းနဲ႔ပတ္သက္လို႔ ဆုေတာင္းပြဲေတြ လုပ္ၾကတုန္းက တရားစြဲခံရတဲ့ ဦးဇင္းေတြရဲ႕ဘြဲ႔ေတြကို သတင္းသမားေတြပဲ သိၾကတာ။ ဥပမာ- ဦးေတေဇာ(ဝီရေတေဇာ)လိုမ်ဳိးေပါ့။ သူက ဆုေတာင္းပြဲမွာ ကင္မရာကိုင္ ဓာတ္ပုံရိုက္ သတင္းယူတာပဲရွိတာ။ ဒါေပမဲ့ မီဒီယာေက်းဇူးေၾကာင့္ မန္းကေန ရန္ကုန္ထိ တရားရင္ဆိုင္ေနရေတာ့တယ္။ ပိုၿပီးသိသာတာက ဦးဇင္းတစ္ပါးက ဘြဲ႔လႊဲေျဖခဲ့တယ္။ အဲဒီဘြဲ႔အမွားႀကီးနဲ႔ တရားစြဲထားတယ္။ ခုထိ ဘယ္သူဘယ္ဝါမွန္း မသိေသးဘဲ တရားစြဲထားတာ။ ဒါေၾကာင့္ သတင္းသမားေတြဟာ သတင္းေထာက္အဆင့္ထက္ အမ်ားႀကီးေက်ာ္သြားၿပီ၊ စစ္ေထာက္လွမ္းေရးအဆင့္ထိ ေရာက္ေနၿပီဆိုတာ သတင္းအယ္ဒီတာခ်ဳပ္ႀကီးကိုေဆြဝင္း သတိျပဳမိေလာက္ပါရဲ႕ေနာ္။ ဒါေၾကာင့္ေမးရတာပါကြာ။

အမ်ဳိးသားေရးသမာေးတြဆို ရန္သူႀကီးလို သေဘာထားၿပီး “တက္မလာနဲ႔ တက္လာရင္ ေတာက္ခ်လိုက္မယ္”ပုံစံမ်ဳိးခ်ဳိးေနၾကတာလား မသိ၊ လုံး၀မလႈပ္သာေအာင္ ႏွိမ္နင္းေနတာ ေတြ႔ရတယ္။ အရပ္သားအစုိးရလက္ထက္မွာ မ်ဳိးခ်စ္စိတ္ ထားခြင့္ မရွိဘူးဆိုရင္လည္း ပြင့္ပြင့္လင္းလင္း ေျပာပါကြာ။ဒီမိိုကေရစီေခတ္မွာ အမ်ဳိးသားေရး မလုပ္ေကာင္းဘူးလို႔ သတ္မွတ္ထားရင္လည္း အသိေပးပါဦးေနာ္။အရပ္သားအစိုးရလက္ထက္မွာ အမွန္တရားေတြ ထုတ္ေဖာ္ေရးသားေဟာၾကားခြင့္ မရွိဘူးဆိုရင္လည္း လက္တို႔လိုက္ပါဦးေနာ္။ျပည္သူ႔အစိုးရလက္ထက္မွာ သံဃာေတာေတြ ႏိုင္ငံေရးလုပ္ခြင့္မရွိဘူးလို႔ မူ၀ါဒခ်မွတ္ထားရင္လည္း အရိပ္အျမြက္ေလာက္ျဖစ္ျဖစ္ ပါးပါးေလးေလာက္ ထည့္ေရးေပးပါဦးေနာ္။ အစိုးရရဲ႕ သေဘာထားလည္း မသိရ၊ မီဒီယာရဲ႕ မူ၀ါဒလည္း မသိရေတာ့ အမ်ဳိးသားေရးသမားေတြ လုပ္သမွ် အစိုးရကို ကန္႔လန္႔တိုက္တယ္လို႔ ထင္ႏိုင္စရာ အေႀကာင္းရွိလို႔ပါ။ဒါေၾကာင့္ မ႑ိဳင္ဆုႀကီးရွင္ ကုိေဆြ၀င္းကို ေမးၾကည့္မိတာပါေလ။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဒ)

“သတင်းသမားက စစ်ထောက်လှမ်းရေးဝင်လုပ်နေ”

မီဒီယာတွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံကြီးက မေးခွန်းထုတ်ခဲ့ဖူးသေးတယ်။ “မီဒီယာတွေ ဘယ်ကငွေကြေးနဲ့ လည်ပတ်နေတာလဲ”တဲ့။ မြွေမြွေချင်း ခြေမြင်လို့ ဟန့်လိုက်တာနေမှာပေါ့နော်။ ဟိုတလောက Eleven Media Group ရေးသားတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ “သတင်းသမားတွေက အလှူခံပုဂ္ဂိုလ်တွေလား၊ မီဒီယာတွေက အလှူခံအဖွဲ့အစည်းတွေလား”ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာပါ။ အမေရိကန်ဒေါ်လာ ၂၅သန်းတန် စီမံကိန်းအတွက် ရွေးချယ်ခံရတဲ့အဖွဲ့သုံးဖွဲ့ထဲမှာ မြန်မာနောင်းပါဝင်နေပါတယ်။ အစွန်းထွက်လေးနဲ့တင် စားမကုန်အောင် ချမ်းသာနေပါပြီ။ အဲဒီငွေတွေယူထားတာကို ပြည်သူတွေမသိအောင် ဖုန်းကွယ်လိုတဲ့သဘောနဲ့ လိုင်းပေါ်မှာ အလှူခံပြနေတာဟာ မျက်ရည်ခြူတဲ့အနေနဲ့ ငိုပြတာလားကွာ။ အဲဒီငွေတွေရလို့ ရခိုင်မကောင်းကြောင်း၊ ဘုန်းကြီးမကောင်းကြောင်း၊ စစ်တပ်မကောင်းကြောင်း၊ ဗုဒ္ဓဘာသာမကောင်းကြောင်းတွေပဲ ရွေးရေးနေတာလားကွာ။

ဝင်းကျော်(CJ)ကလည်း ရေးသားထားသေးတယ်။ “ပြည်ပအဖွဲ့အစည်းများမှ တာဝန်ခံပုဂ္ဂိုလ်များ ကိုဆွေဝင်းရုံးချိန်းတိုင်း ပါလာပါတယ်။ ကိုဆွေဝင်း ပြည်ပအထောက်အပံ့တွေ ယူတယ် မယူဘူး သိချင်ရင် ကိုဆွေဝင်းပိုင်တဲ့ ဘဏ်အကောင့်တွေ စစ်ဆေးလိုက်ရင် သိမှာပါ”တဲ့။ “ရဲရဲကြီး စိန်ခေါ်ရဲပါတယ်တဲ့။ သူရေးသလို ပြည်ပစပွန်ဆာတွေနဲ့ ရုံးချိန်းလာတာ ဟုတ် မဟုတ် ဖြေပေးပါလားကွာ။

(ဦးပဉ္စင်းကတော့ ခရိုနီတွေ ခရိုပြာတွေ စစ်တပ်တွေ ကြံ့ဖွံ့တွေ ခင်ညွန့်တွေ အောင်သောင်းတွေနဲ့ အစွပ်စွဲခံနေရပေမယ့် သူတို့နဲ့မပတ်သက်သလို သူတို့ဆီကလည်း ဘာမှမရဖူးလို့ ကိုဆွေဝင်းလို ဒေါ်လာသန်းချီကိုင်နိုင်ဖို့ နေနေသာသာ သိန်းချီေတောင် မရဖူးပါဘူးကွာ။ ဒေါ်လာတစ်သောင်းတော့ နှစ်ခါသုံးခါ ရဖူးပါတယ်။ ဦးပဉ္စင်းကို မြေးလေးတစ်ယောက်လို သံယောဇဉ်ကြီးတဲ့ ထိုင်းဆရာတော်ကြီးက သနားလို့စွန့်ကြဲတဲ့ ပေးစာကမ်းစာလေးပါ။ ပညာရေးအကယ်ဒမီကျောင်း စာသင်ဆောင်ကြီး ဆောက်ထားပါတယ်။ အချောတော့ မသပ်နိုင်သေးဘူးပေါ့ကွာ။)

နောက်တစ်ခုက ဦးပဉ္စင်းကို ဖမ်းမိနိုင်ဖို့အတွက် သီးခြားထောက်လှမ်းစုံစမ်းနေတယ်ဆိုတာကော ဟုတ်ပါသလား၊ ငွေကြေးဘယ်ရွေ့ဘယ်မျှပေးမယ်လို့ တိတ်တဆိတ်သတင်းလွှင့်ထားတယ်ဆိုတာကော ဟုတ်ပါသလား၊ ဘာလို့ အဲဒီလိုမေးရတာလဲဆိုတော့ မြန်မာပြည်သတင်းသမားတွေက သတင်းတင် ထောက်လှမ်းတာ မဟုတ်ဘဲ စစ်ထောက်လှမ်းရေးအလုပ်တွေကိုပါ လုပ်နေကြတာ တွေ့ရလို့ပါ။ မန်းသပိတ်စခန်းမှာ မဏ္ဍပ်မီးဆင်ပေးတဲ့ ဂျေကြီးဆိုတဲ့ လူငယ်လေးလည်း ၅၀၅(ခ)နဲ့ အစွဲခံခဲ့ရတယ်။ သူ့ကိုသိတာ NLDပါတီဝင် DVBသတင်းသမားတစ်ယောက်ပဲရှိတယ်။ဂျေကြီးနဲ့ DVBသတင်းထောက်က တစ်ရပ်ကွက်တည်းသားတွေ ဖြစ်တယ်။ ဦးပဉ္စင်းနဲ့ပတ်သက်လို့ ဆုတောင်းပွဲတွေ လုပ်ကြတုန်းက တရားစွဲခံရတဲ့ ဦးဇင်းတွေရဲ့ဘွဲ့တွေကို သတင်းသမားတွေပဲ သိကြတာ။ ဥပမာ- ဦးတေဇော(ဝီရတေဇော)လိုမျိုးပေါ့။ သူက ဆုတောင်းပွဲမှာ ကင်မရာကိုင် ဓာတ်ပုံရိုက် သတင်းယူတာပဲရှိတာ။ ဒါပေမဲ့ မီဒီယာကျေးဇူးကြောင့် မန်းကနေ ရန်ကုန်ထိ တရားရင်ဆိုင်နေရတော့တယ်။ ပိုပြီးသိသာတာက ဦးဇင်းတစ်ပါးက ဘွဲ့လွှဲဖြေခဲ့တယ်။ အဲဒီဘွဲ့အမှားကြီးနဲ့ တရားစွဲထားတယ်။ ခုထိ ဘယ်သူဘယ်ဝါမှန်း မသိသေးဘဲ တရားစွဲထားတာ။ ဒါကြောင့် သတင်းသမားတွေဟာ သတင်းထောက်အဆင့်ထက် အများကြီးကျော်သွားပြီ၊ စစ်ထောက်လှမ်းရေးအဆင့်ထိ ရောက်နေပြီဆိုတာ သတင်းအယ်ဒီတာချုပ်ကြီးကိုဆွေဝင်း သတိပြုမိလောက်ပါရဲ့နော်။ ဒါကြောင့်မေးရတာပါကွာ။

အမျိုးသားရေးသမာေးတွဆို ရန်သူကြီးလို သဘောထားပြီး “တက်မလာနဲ့ တက်လာရင် တောက်ချလိုက်မယ်”ပုံစံမျိုးချိုးနေကြတာလား မသိ၊ လုံးဝမလှုပ်သာအောင် နှိမ်နင်းနေတာ တွေ့ရတယ်။ အရပ်သားအစိုးရလက်ထက်မှာ မျိုးချစ်စိတ် ထားခွင့် မရှိဘူးဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါကွာ။ဒီမိုကရေစီခေတ်မှာ အမျိုးသားရေး မလုပ်ကောင်းဘူးလို့ သတ်မှတ်ထားရင်လည်း အသိပေးပါဦးနော်။အရပ်သားအစိုးရလက်ထက်မှာ အမှန်တရားတွေ ထုတ်ဖော်ရေးသားဟောကြားခွင့် မရှိဘူးဆိုရင်လည်း လက်တို့လိုက်ပါဦးနော်။ပြည်သူ့အစိုးရလက်ထက်မှာ သံဃာတောတွေ နိုင်ငံရေးလုပ်ခွင့်မရှိဘူးလို့ မူဝါဒချမှတ်ထားရင်လည်း အရိပ်အမြွက်လောက်ဖြစ်ဖြစ် ပါးပါးလေးလောက် ထည့်ရေးပေးပါဦးနော်။ အစိုးရရဲ့ သဘောထားလည်း မသိရ၊ မီဒီယာရဲ့ မူဝါဒလည်း မသိရတော့ အမျိုးသားရေးသမားတွေ လုပ်သမျှ အစိုးရကို ကန့်လန့်တိုက်တယ်လို့ ထင်နိုင်စရာ အကြောင်းရှိလို့ပါ။ဒါကြောင့် မဏ္ဍိုင်ဆုကြီးရှင် ကိုဆွေဝင်းကို မေးကြည့်မိတာပါလေ။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020