သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း”(ထ)

“ေရွ႕ေနမမနဲ႔ တရားသူႀကီးမမ”
ေငြေၾကးအကုန္အက် မ်ားရတဲ့အေၾကာင္းတရားထဲမွာ ေရွ႕ေနေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းရတာလည္း ပါဝင္မွာပါေနာ္။ ပထမဆံုးေရွ႕ေန(ဆိုသူ)ႀကီးက ဗလိုင္းသမားႀကီးပါ။ ရုပ္သံဖြင့္ျပထားတာေတာင္ “ဒါ-ကိုေဆြဝင္းေျပာတာမဟုတ္ဘဲ အုိင္တီနည္းပညာနဲ႔ လုပ္ႀကံထားတာ မျဖစ္ႏိုင္ဘူးလား”ဆိုၿပီး ေျဗာင္ျငင္းလုိ႔ ကိုေဆြဝင္းဘက္ေတာ္သား တရားသူႀကီးမကေတာင္ သေဘာက်လို႔ ၿပဳံးမိသြားေသးတယ္။ အခုေနာက္ဆံုး ေရွ႕ေနမကေတာ့ အေတာ္အားကိုးရမွာပါေနာ္။ တရားသူႀကီးမကိုလည္း အေတာ္ပိုင္ပံုရတယ္။ အျခားအမႈ စစ္ေဆးေနခ်ိန္မွာေတာင္ ရံုးခန္းထဲဝင္ၿပီး မွာၾကားေနလို႔ စစ္လက္စအမႈကို ရပ္ထားၿပီး သူမွာတာနားေထာင္ေပးရတဲ့အဆင့္ထိ ေပါက္ေျမာက္တာပါ။ ဦးပဥၥင္းတုိ႔ မစိုးရိမ္တုိက္သစ္ထဲထိလာၿပီး ဂ်င္းထည့္သြားလို႔ ဦးပဥၥင္းရဲ႕ေနာင္ေတာ္ႀကီးက အထင္လြဲၿပီး သက္ေသျပန္ရုပ္သိမ္းဖုိ႔လုပ္ပါေသးတယ္။ အဲဒါကို စာေရးခိုင္းၿပီး အဲဒီစာကို ခရိုင္အဆင့္ NLDအဖုိးႀကီးတစ္ေယာက္က လာယူၿပီး တရားရံုးထိသြားပို႔ၾကတယ္လုိ႔ သိရပါတယ္။တရားခံေရွ႕ေနက လိုျပသက္ေသထံ အဲဒီလို လာစည္းရံုးခြင့္ရွိလားဟင္၊ တရားလိုရဲ႕ ဥပေဒအက်ဳိးေဆာင္က လိုျပသက္ေသရုပ္သိမ္းလႊာ မတင္ဘဲ ၾကားလူက အဲဒီလ ိုတင္ခြင့္ရွိလားကြာ။

“သတင္းထုတ္တာလား အတင္းတုတ္တာလား”
ကမၻာနဲ႔ခ်ီၿပီး အလုပ္လုပ္ေနတဲ့သတင္းသမားႀကီးမုိ႔ ေမးရဦးမယ္။ ကိုေဆြဝင္း ရခုိင္လာတုန္းက ရခုိင္ေတြဆီမွာတည္းၿပီး ဘဂၤလီေတြဆီပဲ သတင္းသြားယူတယ္လို႔ ရခုိင္အမ်ဳိးသမီးႀကီးတစ္ဦးေျပာလို႔ သိခဲ့ရဖူးတယ္။ အဲဒါ ဟုတ္ပါသလား…။ ကိုေဆြဝင္းေရးတဲ့ အဂၤလိပ္သတင္းေတြထဲမွာ ရခိုင္မေကာင္းေၾကာင္းနဲ႔ ဘဂၤလီေကာင္းေၾကာင္းေတြပဲ ေတြ႔ရွိရလုိ႔ပါ။ ဖိလစ္ပိုင္ဆုေပးပြဲတုန္းကလည္း စစ္တပ္မေကာင္းေၾကာင္း စစ္သားမေကာင္းေၾကာင္းေတြ မိန္႔ခြန္းေျပာခဲ့တာ ေတြ႔ရတယ္။ သူမ်ားႏိုင္ငံသြားၿပီး ကိုယ့္ႏိုင္ငံမေကာင္းေျပာတာဟာ အတင္းတုတ္တာပါပဲကြာ။ ႏိုင္ငံေရးသမားေတြက တုိင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာကို တန္ဖိုးမထားၾကဘူး။ ကိုယ့္မိသားစုမေကာင္းတာကို အရပ္တကာလွည့္ အတင္းေျပာသလုိႀကီး ျဖစ္ေနေတာ့တာေပါ့။ ဖုန္းနဲ႔ၿခိမ္းေျခာက္ခံရတာေလးေတာင္ အေမရိကန္တုိင္ရတာနဲ႔ ကုလသမဂၢတုိင္ရတာနဲ႔ အတြင္းမီးအျပင္ထုတ္ခဲ့ၾကတယ္မဟုတ္လား။ ကိုေဆြဝင္းလည္း အဲလိုႀကီးမ်ား ျဖစ္ေနသလားကြာ။ သတင္းသမားက သတင္းဆုသြားယူတာ မိန္႔ခြန္းေျပာမယ္ဆို ျမန္မာျပည္ဟာ သတင္းလြတ္လပ္မႈ ဘယ္ေလာက္ရွိတယ္၊ စာနယ္ဇင္းလြတ္လပ္မႈ ဘယ္လိုရွိတယ္၊ စစ္အစိုးရလက္ထက္မွာ ဘယ္လို၊ စစ္ထြက္လက္ထက္မွာဘယ္လို၊ အရပ္သားလက္ထက္မွာ ဘယ္လို ဒီလိုပဲ ေျပာသင့္တာမဟုတ္လား။ဒါမွမဟုတ္ ဒီမိုကေရစီဘက္ေတာ္သားပီပီ လက္ရွိအစိုးရဟာ ဒီမိုကေရစီသြားေနတာလား အာဏာရွင္ဆန္ေနတာလား။ျပည္သူေတြရဲ႕ စား၀တ္ေနေရးဟာ အရင္အစိုးရတုန္းက ဘယ္လို အခုအစိုးရမွာ ဘယ္လို၊ႏိုင္ငံရဲ႕ စီးပြါးေရးဟာ က်သြားတာလား တက္လာတာလား စတာေတြကို ႏႈိင္းယွဥ္ေျပာျပမွ အမွန္တရားကို ေဖာ္ထုတ္တဲ့ သတင္းသမားပီသမွာေပါ့။ အခုဟာက သတင္းသမားမဟုတ္သလိုပါပဲကြာ။လူေရွ႕သူေရွ႕ အတင္းသြားေျပာေနသလိုႀကီးပါကြာ။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ထ)

“ရှေ့နေမမနဲ့ တရားသူကြီးမမ”
ငွေကြေးအကုန်အကျ များရတဲ့အကြောင်းတရားထဲမှာ ရှေ့နေတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းရတာလည်း ပါဝင်မှာပါနော်။ ပထမဆုံးရှေ့နေ(ဆိုသူ)ကြီးက ဗလိုင်းသမားကြီးပါ။ ရုပ်သံဖွင့်ပြထားတာတောင် “ဒါ-ကိုဆွေဝင်းပြောတာမဟုတ်ဘဲ အိုင်တီနည်းပညာနဲ့ လုပ်ကြံထားတာ မဖြစ်နိုင်ဘူးလား”ဆိုပြီး ဗြောင်ငြင်းလို့ ကိုဆွေဝင်းဘက်တော်သား တရားသူကြီးမကတောင် သဘောကျလို့ ပြုံးမိသွားသေးတယ်။ အခုနောက်ဆုံး ရှေ့နေမကတော့ အတော်အားကိုးရမှာပါနော်။ တရားသူကြီးမကိုလည်း အတော်ပိုင်ပုံရတယ်။ အခြားအမှု စစ်ဆေးနေချိန်မှာတောင် ရုံးခန်းထဲဝင်ပြီး မှာကြားနေလို့ စစ်လက်စအမှုကို ရပ်ထားပြီး သူမှာတာနားထောင်ပေးရတဲ့အဆင့်ထိ ပေါက်မြောက်တာပါ။ ဦးပဉ္စင်းတို့ မစိုးရိမ်တိုက်သစ်ထဲထိလာပြီး ဂျင်းထည့်သွားလို့ ဦးပဉ္စင်းရဲ့နောင်တော်ကြီးက အထင်လွဲပြီး သက်သေပြန်ရုပ်သိမ်းဖို့လုပ်ပါသေးတယ်။ အဲဒါကို စာရေးခိုင်းပြီး အဲဒီစာကို ခရိုင်အဆင့် NLDအဖိုးကြီးတစ်ယောက်က လာယူပြီး တရားရုံးထိသွားပို့ကြတယ်လို့ သိရပါတယ်။တရားခံရှေ့နေက လိုပြသက်သေထံ အဲဒီလို လာစည်းရုံးခွင့်ရှိလားဟင်၊ တရားလိုရဲ့ ဥပဒေအကျိုးဆောင်က လိုပြသက်သေရုပ်သိမ်းလွှာ မတင်ဘဲ ကြားလူက အဲဒီလ ိုတင်ခွင့်ရှိလားကွာ။

“သတင်းထုတ်တာလား အတင်းတုတ်တာလား”
ကမ္ဘာနဲ့ချီပြီး အလုပ်လုပ်နေတဲ့သတင်းသမားကြီးမို့ မေးရဦးမယ်။ ကိုဆွေဝင်း ရခိုင်လာတုန်းက ရခိုင်တွေဆီမှာတည်းပြီး ဘင်္ဂလီတွေဆီပဲ သတင်းသွားယူတယ်လို့ ရခိုင်အမျိုးသမီးကြီးတစ်ဦးပြောလို့ သိခဲ့ရဖူးတယ်။ အဲဒါ ဟုတ်ပါသလား…။ ကိုဆွေဝင်းရေးတဲ့ အင်္ဂလိပ်သတင်းတွေထဲမှာ ရခိုင်မကောင်းကြောင်းနဲ့ ဘင်္ဂလီကောင်းကြောင်းတွေပဲ တွေ့ရှိရလို့ပါ။ ဖိလစ်ပိုင်ဆုပေးပွဲတုန်းကလည်း စစ်တပ်မကောင်းကြောင်း စစ်သားမကောင်းကြောင်းတွေ မိန့်ခွန်းပြောခဲ့တာ တွေ့ရတယ်။ သူများနိုင်ငံသွားပြီး ကိုယ့်နိုင်ငံမကောင်းပြောတာဟာ အတင်းတုတ်တာပါပဲကွာ။ နိုင်ငံရေးသမားတွေက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို တန်ဖိုးမထားကြဘူး။ ကိုယ့်မိသားစုမကောင်းတာကို အရပ်တကာလှည့် အတင်းပြောသလိုကြီး ဖြစ်နေတော့တာပေါ့။ ဖုန်းနဲ့ခြိမ်းခြောက်ခံရတာလေးတောင် အမေရိကန်တိုင်ရတာနဲ့ ကုလသမဂ္ဂတိုင်ရတာနဲ့ အတွင်းမီးအပြင်ထုတ်ခဲ့ကြတယ်မဟုတ်လား။ ကိုဆွေဝင်းလည်း အဲလိုကြီးများ ဖြစ်နေသလားကွာ။ သတင်းသမားက သတင်းဆုသွားယူတာ မိန့်ခွန်းပြောမယ်ဆို မြန်မာပြည်ဟာ သတင်းလွတ်လပ်မှု ဘယ်လောက်ရှိတယ်၊ စာနယ်ဇင်းလွတ်လပ်မှု ဘယ်လိုရှိတယ်၊ စစ်အစိုးရလက်ထက်မှာ ဘယ်လို၊ စစ်ထွက်လက်ထက်မှာဘယ်လို၊ အရပ်သားလက်ထက်မှာ ဘယ်လို ဒီလိုပဲ ပြောသင့်တာမဟုတ်လား။ဒါမှမဟုတ် ဒီမိုကရေစီဘက်တော်သားပီပီ လက်ရှိအစိုးရဟာ ဒီမိုကရေစီသွားနေတာလား အာဏာရှင်ဆန်နေတာလား။ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ အရင်အစိုးရတုန်းက ဘယ်လို အခုအစိုးရမှာ ဘယ်လို၊နိုင်ငံရဲ့ စီးပွါးရေးဟာ ကျသွားတာလား တက်လာတာလား စတာတွေကို နှိုင်းယှဉ်ပြောပြမှ အမှန်တရားကို ဖော်ထုတ်တဲ့ သတင်းသမားပီသမှာပေါ့။ အခုဟာက သတင်းသမားမဟုတ်သလိုပါပဲကွာ။လူရှေ့သူရှေ့ အတင်းသွားပြောနေသလိုကြီးပါကွာ။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020