မန္းမေဟာ္သဓာသတင္း

ေက်ာက္ေခ်ာရြာ ပညာဒါနစာသင္ေက်ာင္းဖြင့္ပြဲ

24.6.2018 ရက္ေန႔၊ မနက္ ၉း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာမွာ က်င္းပပါတယ္။ ပညာဒါနက်ဴရွင္ေက်ာင္း ဖြင့္ပြဲအခမ္းအနားပါ။

ေတာင္စလင္းတုိက္သစ္ တုိက္အုပ္ဆရာေတာ္ ဘဒၵႏၲေနမိႏၵ အမွဴးျပဳေသာ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးမ်ား သံဃာေတာ္မ်ား၊ မန္း မေဟာ္သဓာ အမ်ဳိးသားေရး အခမဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္္ေျမာက္ေအာင္ျမင္ေရးေကာ္မတီဝင္မ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ ရပ္မိရပ္ဖမ်ား မိဘျပည္သူမ်ား တက္ေရာက္ၾကပါတယ္။

ပထမအႀကိမ္ ေႏြရာသီ ယဥ္ေက်းလိမၼာသင္တန္း ေအာင္ျမင္သူမ်ားႏွင့္ မန္း မဘသ တုိင္းအဆင့္ ယဥ္ေက်းလိမၼာစာေမးပြဲ ေအာင္ျမင္သူမ်ားအား ဆုေပးပြဲႏွင့္ ပူးတြဲက်င္းပတာပါ။ ဆရာေတာ္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ပါတယ္။ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ပရိသတ္မ်ားအား ေရခဲမုန္႔ႏွင့္ ကိတ္မုန္႔ ဧည့္ခံေကၽြးေမြးပါတယ္။

ေက်ာက္ေခ်ာရြာ ပညာဒါနစာသင္ေက်ာင္း ဖြင့္ပြဲအခမ္းအနားအၿပီးမွာ ဆရာ ဆရာမမ်ားႏွင့္္ ေက်ာင္းသူေက်ာင္သားမ်ားအား မိတ္ဆက္ေပးၿပီး 25.6.2018 ရက္ေန႔မွစတင္ကာ စာသင္ေပးေတာ့မည္ျဖစ္ေၾကာင္း၊ စည္းကမ္းလိုက္နာဖုိ႔ႏွင့္ စာႀကဳိးစားဖုိ႔ တုိ္က္တြန္းခဲ့ပါတယ္။

ယခု စာသင္ေက်ာင္းဖြင့္လွစ္ထားပါၿပီ။ ေက်ာက္ေခ်ာရြာ ပညာဒါနက်ဴရွင္ေက်ာင္းကို မန္း မေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟိုေကာ္မတီက ဦးစီးတည္ေထာင္ေပးတာပါ။ မန္း မေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး ေဆာက္လုပ္မၿပီးေသးခင္ ေက်းရြာသူ ေက်းရြာသားမ်ားအတြက္ ကနဦးတည္ေထာင္ေပးလိုက္ျခင္းပဲ ျဖစ္ပါတယ္။ ေလာေလာဆယ္ မနက္ ၆း၀၀ – ၈း၀၀၊ ည ေန ၄း၀၀ – ၆း၀၀ မွာ သင္ၾကားေရးဆရာမ်ား ဂိုက္ဆရာမ်ားႏွင့္ ႀကီးၾကပ္သင္ၾကားေပးေနပါၿပီ။ ဆယ္တန္း ၉၉ ဦး၊ ကိုးတန္း ၇၅ ဦး တက္ေရာက္သင္ယူေနၾကပါၿပီ။

ဝီရသူ (မစိုးရိမ္)
27.6.2018

 

“ကျောက်ချောရွာ ပညာဒါနစာသင်ကျောင်းဖွင့်ပွဲ”

24.6.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ ကျင်းပပါတယ်။ ပညာဒါနကျူရှင်ကျောင်း ဖွင့်ပွဲအခမ်းအနားပါ။

တောင်စလင်းတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ သံဃာတော်များ၊ မန်း မဟော်သဓာ အမျိုးသားရေး အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ရပ်မိရပ်ဖများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။

ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အောင်မြင်သူများနှင့် မန်း မဘသ တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲ အောင်မြင်သူများအား ဆုပေးပွဲနှင့် ပူးတွဲကျင်းပတာပါ။ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ ကျောင်းသားကျောင်းသူများနှင့် ပရိသတ်များအား ရေခဲမုန့်နှင့် ကိတ်မုန့် ဧည့်ခံကျွေးမွေးပါတယ်။

ကျောက်ချောရွာ ပညာဒါနစာသင်ကျောင်း ဖွင့်ပွဲအခမ်းအနားအပြီးမှာ ဆရာ ဆရာမများနှင့်် ကျောင်းသူကျောင်သားများအား မိတ်ဆက်ပေးပြီး 25.6.2018 ရက်နေ့မှစတင်ကာ စာသင်ပေးတော့မည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာဖို့နှင့် စာကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်။

ယခု စာသင်ကျောင်းဖွင့်လှစ်ထားပါပြီ။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းကို မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ဦးစီးတည်ထောင်ပေးတာပါ။ မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်မပြီးသေးခင် ကျေးရွာသူ ကျေးရွာသားများအတွက် ကနဦးတည်ထောင်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လောလောဆယ် မနက် ၆း၀၀ – ၈း၀၀၊ ည နေ ၄း၀၀ – ၆း၀၀ မှာ သင်ကြားရေးဆရာများ ဂိုက်ဆရာများနှင့် ကြီးကြပ်သင်ကြားပေးနေပါပြီ။

ဆယ်တန်း ၉၉ ဦး၊
ကိုးတန်း ၇၅ ဦး တက်ရောက်သင်ယူနေကြပါပြီ။

ဝီရသူ (မစိုးရိမ်)
27.6.2018