သတင်း







ဝီရသူ (မစိုးရိမ်)
27.6.2018

 

“မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကြီး”

26.6.2018 ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကံဦးရပ်ကွက်၊ မင်းကုန်းမဟာစာသင်တိုက်မှာ ကျင်းပပါတယ်။

သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ မျိုးချစ်မောင်မယ်များ၊ ကျောင်းသူကျောင်းသားများ လာရောက်လှူဒါန်းကြပါတယ်။
မနက်ပိုင်းမှာ သွေးလှူရှင်များနှင့် မွေးနေ့ပွဲလာ ပရိသတ်များကို သမီးလေး နှင်းချယ်ရီက တေးသီချင်းများနှင့် ဖျော်ဖြေဧည့်ခံပါတယ်။

နေ့လည်ပိုင်းမှာ သမီးလေး သဒ္ဒါနန်းထိုက်က သီဆိုဖျော်ဖြေပါတယ်။ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်များ စုပေါင်းလှူဒါန်းသည့် သွေးအိတ်ပေါင်း (၃၉၈)အိတ် ရရှိပါတယ်။

သွေးလိုအပ်သော လူနာမှန်သမျှအား သွေးလှူဘဏ်ဝန်ထမ်းများမှတစ်ဆင့် လှူဒါန်းပေးသွားမှာပါ။ လူမျိုးမရွေး ဘာသာမရွေး သွေးလိုအပ်သူမှန်သမျှ သွေးရရှိမှာ ဖြစ်ပါတယ်။

ဦးပဉ္ဇင်းမွေးနေ့ကိုအကြောင်းပြုပြီး သွေးလှူဒါန်းကြသူများ၊ လှူဖွယ်ဝတ္ထုလှူဒါန်းကြသူများ၊ နဝကမ္မငွေ လှူဒါန်းကြသူများ၊ လုပ်အားဒါန လှူဒါန်းကြသူများအားလုံး ကုသိုလ်တိုးပွားတာကတော့ ထူးခြားတဲ့မင်္ဂလာပါပဲ။ အဲဒီအတွက် ပါရမီဖြည့်ဖက်အားလုံးကို ကျေးဇူးတင်ပါတယ်။

ဝီရသူ (မစိုးရိမ်)
27.6.2018