Daily Archives: June 27, 2018

သတင်း

မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကြီး

26.6.2018 ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ကံဦးရပ်ကွက်၊ မင်းကုန်းမဟာစာသင်တိုက်မှာ ကျင်းပပါတယ်။ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ မျိုးချစ်မောင်မယ်များ၊ ကျောင်းသူကျောင်းသားများ လာရောက်လှူဒါန်းကြပါတယ်။ မနက်ပိုင်းမှာ သွေးလှူရှင်များနှင့် မွေးနေ့ပွဲလာ ပရိသတ်များကို သမီးလေး နှင်းချယ်ရီက တေးသီချင်းများနှင့် ဖျော်ဖြေဧည့်ခံပါတယ်။ နေ့လည်ပိုင်းမှာ သမီးလေး သဒ္ဒါနန်းထိုက်က သီဆိုဖျော်ဖြေပါတယ်။ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်များ စုပေါင်းလှူဒါန်းသည့် သွေးအိတ်ပေါင်း (၃၉၈)အိတ် ရရှိပါတယ်။ သွေးလိုအပ်သော လူနာမှန်သမျှအား သွေးလှူဘဏ်ဝန်ထမ်းများမှတစ်ဆင့် လှူဒါန်းပေးသွားမှာပါ။ လူမျိုးမရွေး ဘာသာမရွေး သွေးလိုအပ်သူမှန်သမျှ သွေးရရှိမှာ ဖြစ်ပါတယ်။ ...
မန်းမဟော်သဓာသတင်း

ကျောက်ချောရွာ ပညာဒါနစာသင်ကျောင်းဖွင့်ပွဲ

24.6.2018 ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ ကျင်းပပါတယ်။ ပညာဒါနကျူရှင်ကျောင်း ဖွင့်ပွဲအခမ်းအနားပါ။ တောင်စလင်းတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ သံဃာတော်များ၊ မန်း မဟော်သဓာ အမျိုးသားရေး အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးကော်မတီဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ရပ်မိရပ်ဖများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အောင်မြင်သူများနှင့် မန်း မဘသ တိုင်းအဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲ အောင်မြင်သူများအား ဆုပေးပွဲနှင့် ပူးတွဲကျင်းပတာပါ။ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ ကျောင်းသားကျောင်းသူများနှင့် ...