Daily Archives: May 13, 2018

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

မင်းကွန်းပုထိုးတော်ကြီးပညာဒါနစာသင်ကျောင်းသို့ သောကြာကြယ်ပညာရေးကျောင်းဆရာတော် ကြွရောက်အားပေး

ကျောက်ဆည်မြို့၊ ရွှေလှံထောင်ကျောင်းတိုက်၊ သောကြာကြယ်ပညာရေးကျောင်း လက်ထောက်ဆရာတော် ဦးတေဇောဘာသနှင့် ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇင်ဝင်းတို့က မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းသို့ ဒီကနေ့(12.5.2018)မှာ ရောက်ရှိလာပါတယ်။ အသစ်စက်စက်ဖွင့်လှစ်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီးပညာဒါနစာသင်ကျောင်းအတွက် လာရောက်အားပေးတာပါ။ တက္ကသိုလ်ဝင်တန်းနှင့်ပတ်သက်သော အကြောင်းရာများကိုပြောပြပြီး လိုအပ်ချက်များကိုလည်း ဖြည့်စည်းပေးမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားပါတယ်။ ဆရာ၊ ဆရာမများကိုလည်း ကျောင်း၏တိုးတက်ရာ တိုးတက်ကြောင်းများကို သာသာနာပြုစိတ်ဓာတ်ဖြင့် ဆောင်ရွက်စေလိုကြောင်း ဦးတေဇောဘာသမှ ဩဝါဒများပေးသွားပါတယ်။ သာသနာအတွက် တွဲလက်တို့ခိုင်ကြည်၊ ညီနောင်တွေ ဘယ်ရောက်ရောက် ဝိုင်းထောက်ကြမည်၊ သာသနာ ဓွန့်ကြာစေရည်မှန်း လှမ်းခဲ့ပါသည်။ 12.5.2018 မင်းကွန်းပုထိုးတော်ကြီး ပညာဒါစာသင်ကျောင်း ဝီရသူ ဝက်ဘ်ဆိုဒ် (အင်္ဂလိပ်) https://eng.wirathu.com/ ...
သတင်း

မန်း မဘသ တတိယအကြိမ် ယဉ်ကျေးလိမ္မာစာမေးပွဲကြီးကျင်းပ

ကဆုန်လပြည့်ကျော်(၁၁)ရက်၊ (10.5.2018)ရက်နေ့၊ မွန်းတည့်(၁၂း၀၀)နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပရိယတ္တိသာသနဟိတအသင်းတိုက် ဦးလှသိန်း သာသနာ့ဗိမာန်မှာ ကျင်းပပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး (မန်းမဘသ)အဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မန္တလေးတိုင်းအတွင်းရှိ ယဉ်ကျေးလိမ္မာသင်တန်းများမှ သင်တန်းသူသင်တန်းသား (၉၀၀)ကျော် တက်ရောက်ဖြေဆိုကြပါတယ်။ တတိယအကြိမ် ယဉ်ကျေးလိမ္မာစာမေးပွဲဖြစ်ပါတယ်။ ဂုဏ်ထူးရသူများ၊ အထူးအောင်များနှင့် နှစ်သိမ့်ဆုများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမှာပါ။ ယနေ့ နေ့လယ်စာကို မဟာဝိဇယဆရတော်ကြီး ဦးဝိစာရက ဆက်ကပ်လှူဒါန်းကျွေးမွေးပြီး အအေးကုသိုလ်ရှင်ကတော့ အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ MK ကျောက်မျက်လုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်းမိသားစု ဖြစ်ပါတယ်။ ရွှေပြည်တော်ဆုံမှတ်ပရဟိတအဖွဲ့ကလည်း ရေသန့်ဘူးများ လာရောက်လှူဒါန်းသွားပါတယ်။ ...
သတင်း

ငပလီမြို့ ကျောင်းရေစက်ချပွဲ(၂)

4.5.2018 ရက်နေ့၊ ည (၈း၀၀)နာရီမှာ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်၊ ပုလဲရတနာပရိယတ္တိစာသင်တိုက် နှစ်(၃၀)ပြည့် ပုလဲရတုအခမ်းအနားနှင့် ပင်မသာသနဗျူဟာကျောင်းဆောင် ရေစက်ချပွဲအခမ်းအနားပြင် ဟောပြောပွဲသို့ ရောက်ပါတယ်။ ပုလဲရတနာဆရာတော်က အဖွင့်သြဝါဒမိန့်ကြားပြီး မစိုးရိမ်တိုက်ကြီး နိရုတ္တိဆရတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ၊ ဇေတဝန်ဆရာတော် ဒေါက်တာအရှင်သောပါက၊ စာရေးဆရာကြီးမောင်သွေးချွန်တို့က အမျိုးဘာသာ သာသနာရေးနှင့်ပတ်သက်ပြီး တရားစကားများ ဟောပြောကြပါတယ်။ စာရေးသူက နောက်ဆုံးမှာဟောကြားပါတယ်။ ရှင်သာရိပုတ္တရာ၏ သာသနာပြုနည်း၊ ရှင်မဟာကစ္စည်းမထေရ်၏ သာသနာပြုနည်း၊ အရှင်ပိလိန္ဒဝစ္ဆမထေရ်၏ သာသနာပြုနည်းတို့ကို ဖြစ်ရပ်များဖြင့် ဟောကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓ၏ သာသနာပြုနည်းလည်း ထည့်ဟောပါတယ်။ ပုလဲရတနာဆရာတော်ကြီးရဲ့ နည်းဗျူဟာတွေပါ။ ...