သတင္း

ခ်င္းေတာင္တန္းသာသနာျပဳအလွဴေတာ္(၃)

ေတာ္သလင္းလဆုတ္ ၆ ရက္ (30.9.2018)ရက္ေန႔၊ မနက္ ၈း၀၀ နာရီ၊ ခ်င္းျပည္နယ္၊ မင္းတပ္ၿမဳိ႕၊ ေတာင္တန္းသာသနာျပဳ(ဗဟုိ)ေက်ာင္းမွာက်င္းပပါတယ္။ ခ်င္းေတာင္တန္းသာသနာျပဳသံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား လွဴဒါန္းတဲ့အခမ္းအနားျဖစ္ပါတယ္။

ေတာင္တန္းသာသနာျပဳေက်ာင္းတုိက္ (၆၉)တုိက္မွ ေက်ာင္းထုိင္ဆရာေတာ္မ်ား၊ ခ်င္းဗုဒၶသာသနပါလကအဖြဲ႔ႏွင့္ ခ်င္းျပည္သူမ်ား၊ မန္းမဘသဝိုင္းေတာ္သားမ်ား၊ အလွဴရွင္ မဟာဝိဇယဆရာေတာ္အမွဴးျပဳေသာ ဒကာ ဒကာမမ်ား တက္ေရာက္ၾကပါတယ္။ အခမ္းအနားအၿပီးမွာ အလွဴရွင္မ်ားက ေတာင္တန္းသာသနာျပဳဆရာေတာ္မ်ားအား ရိကၡာႏွင့္ လွဴဖြယ္ပစၥည္းမ်ား ကံစမ္းမဲေဖာက္ၿပီး လွဴဒါန္းၾကပါတယ္။

ေက်ာင္းထုိင္ဆရာေတာ္ (၆၉)ပါးရွိရာ ဆုိင္ကယ္ (၂၆)စီးကို မဲေဖာက္လွဴျခင္းျဖစ္ပါတယ္။
ပထမအႀကိမ္ (၃၂)စီးလွဴစဥ္တုန္းက မဲေပါက္ၿပီးသားသံဃာမ်ားကို ရိကၡာႏွင့္ လွဴဖြယ္ပစၥည္းသာ လွဴပါတယ္။ က်န္ (၁၁)ပါးအတြက္ (၁၁)စီးကို ဆက္လက္လွဴဒါန္းသြားမွာပါ။ ကံစမ္းမဲေဖာက္ၿပီး (မဲႏႈိက္)လွဴဒါန္းရတာ ေပ်ာ္စရာေကာင္းပါတယ္။ ဆုိင္ကယ္မဲေပါက္သူ ကံထူးရွင္ဘုန္းဘုန္းေတြကို လက္ခုပ္ၾသဘာေပးၿပီး အားရပါးရ ေပ်ာ္ေပ်ာ္ပါးပါး လွဴဒါန္းၾကတာပါ။

“ချင်းတောင်တန်းသာသနာပြုအလှူတော်(၃)”

တော်သလင်းလဆုတ် ၆ ရက် (30.9.2018)ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းမှာကျင်းပပါတယ်။ ချင်းတောင်တန်းသာသနာပြုသံဃာတော်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်းတဲ့အခမ်းအနားဖြစ်ပါတယ်။

တောင်တန်းသာသနာပြုကျောင်းတိုက် (၆၉)တိုက်မှ ကျောင်းထိုင်ဆရာတော်များ၊ ချင်းဗုဒ္ဓသာသနပါလကအဖွဲ့နှင့် ချင်းပြည်သူများ၊ မန်းမဘသဝိုင်းတော်သားများ၊ အလှူရှင် မဟာဝိဇယဆရာတော်အမှူးပြုသော ဒကာ ဒကာမများ တက်ရောက်ကြပါတယ်။

အခမ်းအနားအပြီးမှာ အလှူရှင်များက တောင်တန်းသာသနာပြုဆရာတော်များအား ရိက္ခာနှင့် လှူဖွယ်ပစ္စည်းများ ကံစမ်းမဲဖောက်ပြီး လှူဒါန်းကြပါတယ်။ ကျောင်းထိုင်ဆရာတော် (၆၉)ပါးရှိရာ ဆိုင်ကယ် (၂၆)စီးကို မဲဖောက်လှူခြင်းဖြစ်ပါတယ်။ ပထမအကြိမ် (၃၂)စီးလှူစဉ်တုန်းက မဲပေါက်ပြီးသားသံဃာများကို ရိက္ခာနှင့် လှူဖွယ်ပစ္စည်းသာ လှူပါတယ်။

ကျန် (၁၁)ပါးအတွက် (၁၁)စီးကို ဆက်လက်လှူဒါန်းသွားမှာပါ။ ကံစမ်းမဲဖောက်ပြီး (မဲနှိုက်)လှူဒါန်းရတာ ပျော်စရာကောင်းပါတယ်။ ဆိုင်ကယ်မဲပေါက်သူ ကံထူးရှင်ဘုန်းဘုန်းတွေကို လက်ခုပ်သြဘာပေးပြီး အားရပါးရ ပျော်ပျော်ပါးပါး လှူဒါန်းကြတာပါ။