မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္းသုိ႔အလည္တစ္ေခါက္(၁)

မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းသို႔ ေရာက္ရွိခဲ့ပါတယ္။ ေတာင္သလင္းလျပည့္ေက်ာ္ ၈ ရက္ (2.10.2018) ရက္ေန႔ ဥပုသ္ေန႔ျဖစ္တာမုိ႔ ကထိန္ဒါယကာ ဦးမုိးကိုႏွင့္အတူ သြားခဲ့ၾကတာပါ။

ကေလးေတြ စာက်က္ဝုိင္းထိုင္ေနၾကတာ ေတြ႔ရသလုိ အတန္းငယ္သူေတြ ေဝယ်ာဝစၥလုပ္ေနတာလည္းေတြ႔ရပါတယ္။ ေယာက်္ားေလးေတြတက္တဲ့အိမ္သာမွာ မိလႅာစနစ္ျပဳျပင္ေနတာေတြကို လုိက္လံၾကည့္ရႈၿပီး စာသင္ေဆာင္ျပင္ဆင္မည့္အေနအထားကိုလည္း ေသခ်ာၾကည့္ခဲ့ၾကပါတယ္။ ဒီႏွစ္ကထိန္ကို ဝီရသူေဖာင္ေဒးရွင္းတည္ေထာင္သူ ဦးမုိကို+ေဒၚခုိင္မာဝင္း (MK ေက်ာက္မ်က္ရတနာ)မိသားစုက ခင္းမွာပါ။

ေလာကအလင္းေက်ာင္းသူေက်ာင္းသားမ်ား၊ ေက်ာက္ေခ်ာရြာက်ဴရွင္ေက်ာင္း ေက်ာင္းသူေက်ာင္းသားမ်ား၊ မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီမွ ေက်ာင္းသူေက်ာင္းသားမ်ား ဆံုစည္းၾကမယ့္ပြဲျဖစ္ပါတယ္။ ၎ကထိန္မွာ ဝီရသူေဖာင္ေဒးရွင္းအတြက္ ေခြးဘီလူးကားတစ္စီးႏွင့္ စာသင္ေဆာင္အၿပီးသတ္ဖုိ႔ သိန္း(၂၀၀)က်ပ္ကိုပါ ပေဒသာပင္သီးကာ လွဴဒါန္းၾကမွာျဖစ္ပါတယ္။

“ပညာရေးအကယ်ဒမီကျောင်းသို့အလည်တစ်ခေါက်(၁)”

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ တောင်သလင်းလပြည့်ကျော် ၈ ရက် (2.10.2018) ရက်နေ့ ဥပုသ်နေ့ဖြစ်တာမို့ ကထိန်ဒါယကာ ဦးမိုးကိုနှင့်အတူ သွားခဲ့ကြတာပါ။

ကလေးတွေ စာကျက်ဝိုင်းထိုင်နေကြတာ တွေ့ရသလို အတန်းငယ်သူတွေ ဝေယျာဝစ္စလုပ်နေတာလည်းတွေ့ရပါတယ်။ ယောကျ်ားလေးတွေတက်တဲ့အိမ်သာမှာ မိလ္လာစနစ်ပြုပြင်နေတာတွေကို လိုက်လံကြည့်ရှုပြီး စာသင်ဆောင်ပြင်ဆင်မည့်အနေအထားကိုလည်း သေချာကြည့်ခဲ့ကြပါတယ်။ ဒီနှစ်ကထိန်ကို ဝီရသူဖောင်ဒေးရှင်းတည်ထောင်သူ ဦးမိုကို+ဒေါ်ခိုင်မာဝင်း (MK ကျောက်မျက်ရတနာ)မိသားစုက ခင်းမှာပါ။

လောကအလင်းကျောင်းသူကျောင်းသားများ၊ ကျောက်ချောရွာကျူရှင်ကျောင်း ကျောင်းသူကျောင်းသားများ၊ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီမှ ကျောင်းသူကျောင်းသားများ ဆုံစည်းကြမယ့်ပွဲဖြစ်ပါတယ်။ ၎င်းကထိန်မှာ ဝီရသူဖောင်ဒေးရှင်းအတွက် ခွေးဘီလူးကားတစ်စီးနှင့် စာသင်ဆောင်အပြီးသတ်ဖို့ သိန်း(၂၀၀)ကျပ်ကိုပါ ပဒေသာပင်သီးကာ လှူဒါန်းကြမှာဖြစ်ပါတယ်။