သတင္း

ခ်င္းေတာင္တန္းသာသနာျပဳအလွဴေတာ္(၁)

ေတာ္သလင္းလဆုတ္ ၅ ရက္ (29.9.2018)ရက္ေန႔၊ မြန္းလြဲပိုင္းမွာ ခ်င္းျပည္နယ္၊ မင္းတပ္ၿမဳိ႕၊ ေတာင္တန္းသာသနာျပဳ(ဗဟုိ)ေက်ာင္းသုိ႔ေရာက္ရွိပါတယ္။မဟာဝိဇယဆရာေတာ္ ဘဒၵႏၲဝိစာရ ဦးေဆာင္ၿပီး လွဴဒါန္းတဲ့ ခ်င္းေတာင္တန္းသာသနာျပဳအလွဴေတာ္မွာ မန္း မဘသ ဝိုင္းေတာ္သားမ်ား ဝန္းရံအားျဖည့္ေပးၾကပါတယ္။

ဗဟိုေက်ာင္းကိုေရာက္ေတာ့ ခ်င္းရိုးရာအတီးအကမ်ားႏွင့္ ေမတၱာပို႔ကာ ခ်င္းတုိင္းရင္းသူမ်ားက ႀကဳိဆုိေနၾကတာကို ေတြ႔ရပါတယ္။ခဏတျဖဳတ္နားၿပီး ခ်င္းဗုဒၶသာသနပါလကရုံးမွာ အခမ္းအနားက်င္းပပါတယ္။ေဒသခံဌာေနတုိင္းရင္းသားတုိင္းရင္းသူမ်ားက ေဒသထြက္ တဘက္၊ လဘက္ေျခာက္မ်ား လွဴဒါန္းၾကပါတယ္။ဆရာေတာ္သံဃာေတာ္မ်ားက ပရိတ္တရားႏွင့္အတူ ၾသဝါဒမ်ား ခ်ီးျမႇင့္ၾကပါတယ္။စာေရးသူကေတာ့ နေမာတႆ နာနာဂရြတ္ဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

မဟာဝိဇယဆရာေတာ္အမွဴးျပဳေသာ သာသနာျပဳအဖြဲ႔ႏွင့္ မန္းမဘသဝိုင္းေတာ္သားမ်ားက ခ်င္းဗုဒၶသာသနပါလကအဖြဲ႔အား အလွဴေငြ (၈)သိန္းေက်ာ္ လွဴဒါန္းၾကပါတယ္။မနက္ျဖန္ ၃၀ ရက္ေန႔မွာ ဆုိင္ကယ္ (၂၆)စီး၊ ေမာ္ေတာ္ယဥ္(၁)စီး၊ ရိကၡာ (၆၉)ပံုးႏွင့္ ဆန္မ်ား၊ သကၤန္းမ်ား လွဴဒါန္းတဲ့အခမ္းအနား ဗဟိုေက်ာင္းမွာ က်င္းပဦးမွာပါ။

“ချင်းတောင်တန်းသာသနာပြုအလှူတော်(၁)”

တော်သလင်းလဆုတ် ၅ ရက် (29.9.2018)ရက်နေ့၊ မွန်းလွဲပိုင်းမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းသို့ရောက်ရှိပါတယ်။ မဟာဝိဇယဆရာတော် ဘဒ္ဒန္တဝိစာရ ဦးဆောင်ပြီး လှူဒါန်းတဲ့ ချင်းတောင်တန်းသာသနာပြုအလှူတော်မှာ မန်း မဘသ ဝိုင်းတော်သားများ ဝန်းရံအားဖြည့်ပေးကြပါတယ်။

ဗဟိုကျောင်းကိုရောက်တော့ ချင်းရိုးရာအတီးအကများနှင့် မေတ္တာပို့ကာ ချင်းတိုင်းရင်းသူများက ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ ခဏတဖြုတ်နားပြီး ချင်းဗုဒ္ဓသာသနပါလကရုံးမှာ အခမ်းအနားကျင်းပပါတယ်။ ဒေသခံဌာနေတိုင်းရင်းသားတိုင်းရင်းသူများက ဒေသထွက် တဘက်၊ လဘက်ခြောက်များ လှူဒါန်းကြပါတယ်။ ဆရာတော်သံဃာတော်များက ပရိတ်တရားနှင့်အတူ သြဝါဒများ ချီးမြှင့်ကြပါတယ်။ စာရေးသူကတော့ နမောတဿ နာနာဂရွတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မဟာဝိဇယဆရာတော်အမှူးပြုသော သာသနာပြုအဖွဲ့နှင့် မန်းမဘသဝိုင်းတော်သားများက ချင်းဗုဒ္ဓသာသနပါလကအဖွဲ့အား အလှူငွေ (၈)သိန်းကျော် လှူဒါန်းကြပါတယ်။ မနက်ဖြန် ၃၀ ရက်နေ့မှာ ဆိုင်ကယ် (၂၆)စီး၊ မော်တော်ယဉ်(၁)စီး၊ ရိက္ခာ (၆၉)ပုံးနှင့် ဆန်များ၊ သင်္ကန်းများ လှူဒါန်းတဲ့အခမ်းအနား ဗဟိုကျောင်းမှာ ကျင်းပဦးမှာပါ။