သတင်း




ဆက်သွယ်ရန်

“ကျောက်ကပ်အစားထိုးလူနာ ဆေးကုသစရိတ်လိုအပ်နေ”

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ပန်းမရဲအုပ်စု၊ ရွာသစ်ကျေးရွာနေ ဦးသောဘန(ဓမ္မာစရိယတန်း) (၃၂)နှစ်၊ (၁၂)ဝါသည် ကျောက်ကပ်အစားထိုး လဲလှယ်ကုသရမည့် လူနာဖြစ်ပါသည်။
လောလောဆယ် မန္တလေး အင်ကြင်းဖြူဆေးရုံတွင် ဆရာဝန်ညွန်ကြားသည့်အတိုင်း မကြာမကြာ ဆေးစစ် သွေးစစ်နေရပါသည်။
ခန့်မှန်းကုန်ကျငွေ သိန်း(၂၀၀)နီးပါးရှိသော်လည်း လောလောဆယ် သိန်း(၁၀၀)ကျော်မျှသာ လက်ထဲရှိပါသည်။

ဝီရသူဖောင်ဒေးရှင်းသို့ လာရောက်အကူအညီတောင်းသောကြောင့် ဝီရသူဖောင်ဒေးရှင်းမှ ဦးဆောင်လှူဒါန်းမည်ဖြစ်ရာ ဘုရားသားတော်အချင်းချင်း ရိုင်းပင်းကူညီလိုကြသူများ၊ ဂိလာနသံဃာတော်တစ်ပါးအား ကျန်းမာရေးအတွက် ဆေးအလှူ(ဘေသဇ္ဇဒါန) လှူလိုသူများ ကာလဒါနအဖြစ် အရေးကြီးလူနာတစ်ဦးအား ထောက်ပံ့ကူညီလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်
ကျောက်ကပ်ဝေဒနာရှင် ဦးသောဘနဖုန်းနံပါတ် 09440606423 / 09692658318
အကျိုးဆောင်ဖုန်းနံပါတ် 09456768969