သတင္း

ဂ်ာမန္ဧည့္သည္ေတာ္ႀကီးႏွင့္ ခဏတာ

၃၁.၁.၂၀၁၈ ရက္ေန႔ မနက္အေစာႀကီးေရာက္ရွိလာတာပါ။ နာမည္က Dr. Erich Follath (ေဒါက္တာအဲရစ္ေဖာ္လက္) ျဖစ္ပါတယ္။ ခါတုိင္းလိုပဲ ေအာင့္ေမၿပီး ထြက္မေတြ႕ပါဘူး။ သူကလည္း ဇြဲႀကီးပါတယ္။ ငါးမိနစ္အခ်ိန္ေတာင္းပါတယ္။
မရတဲ့အခါ တစ္မိနစ္အခ်ိန္ေတာင္းပါတယ္။

ကင္မရာလည္းမပါဘူး၊ အသံလည္းမဖမ္းဘူး၊ စာအုပ္ကေလးလွဴခြင့္ရရင္ ေတာ္ပါၿပီဟု ေျပာလတာပါ။ ဘာစာအုပ္လဲ စုံစမ္းလုိက္ေတာ့ ဒလုိင္းလားမားအေၾကာင္း ျဖစ္ေနပါတယ္။ ဂ်ာမန္ဘာသာနဲ႔ ေရးထားတာျဖစ္ေပမဲ့ ဗုဒၶဘာသာဘုန္းေတာ္ႀကီးတစ္ပါးအေၾကာင္းျဖစ္ေနလုိ႔ လက္ေဆာင္ေပးခ်င္တာပါတဲ့။

ေနာက္ၿပီး သူက ကေမၻာဒီးယား ထုိင္း ထုိင္ဝမ္ တိဘတ္ တရုတ္ စတဲ့ ဗုဒၶဘာသာႏုိင္ငံေတြ လွည့္လည္ၿပီး ဗုဒၶဘာသာကို ေလ့လာခဲ့တဲ့သူပါ။ ျမန္မာျပည္ကုိလည္း လြန္ခဲ့တဲ့ အႏွစ္ေလးဆယ္ေက်ာ္တုန္းက ေရာက္ဖူးတယ္လုိ႔ ဆုိပါတယ္။ ဗုဒၶဘာသာကုိ ေလ့လာရင္းနဲ႔ စိတ္ဝင္စားလာၿပီး ဗုဒၶဘာသာခံယူဖုိ႔ ဆုံးျဖတ္ထားသူတစ္ေယာက္ပါ။

စာအုပ္ကပ္လွဴရုံေလာက္ေတာ့ ရပါတယ္ဆုိၿပီး ထြက္ေတြ႕လုိက္ပါတယ္။ စာနယ္ဇင္းသမားလည္းမဟုတ္၊ တစ္ျခားရုပ္သံမီဒီယာလည္းမဟုတ္၊ စာေရးဆရာသက္သက္ ျဖစ္ေနတာေၾကာင့္ လက္ခံစကားေျပာမိပါတယ္။ သူက ဗုဒၶဘာသာ အႏုိင္က်င့္ခံေနရတာေတြ သိခ်င္လုိ႔ ေမးပါတယ္။

ဘာသာျပန္ေပးမဲ့သူမရွိလုိ႔ ေဒၚဇာနီမန္ကုိ လွမ္းၿပီး အကူအညီေတာင္းရပါတယ္။ သူေမးတာေတြက ဗုဒၶဘာသာရယ္ ရခုိင္အေၾကာင္းရယ္ စာေရးသူအေၾကာင္းရယ္ ဒီေလာက္ပါပဲ။ တရားပြဲအပိတ္ခံထားရလုိ႔ အင္တာဗ်ဴးေတြ လက္မခံတာလားလုိ႔ ေမးပါေသးတယ္။

သတင္းသမားေတြက မီဒီယာလက္နက္နဲ႔ တုိက္ခုိက္ရုံသက္သက္ပဲ ႀကံစည္ေနၾကလုိ႔ လက္မခံတာျဖစ္ေၾကာင္း တရားပြဲအပိတ္ခံရတာနဲ႔ မဆုိင္ေၾကာင္း ယုံၾကည္စိတ္ခ်ရတဲ့သတင္းသမားဆုိရင္ ေျဖၾကားလုိ႔ရႏုိင္ေၾကာင္း ေျပာလုိက္ပါတယ္။ ဂ်ာမန္ဧည့္သည္ေတာ္ႀကီး ဂ်ာမန္ေတြကုိ ကာကြယ္ေစာင့္ေရွာက္ႏုိင္ပါေစ။ အခုအခ်ိန္မွာ မာကယ္ဟာ ကယ္တင္ရွင္အျဖစ္ ျပည္သူေတြ အထင္ခံရေပမဲ့ ေနာင္တစ္ခ်ိန္မွာ အမ်ဳိးသားသစၥာေဖာက္အျဖစ္ မွတ္တမ္းတင္ခံရႏုိင္ပါတယ္။ က်ဳပ္တုိ႔ႏုိင္ငံက စြာက်ယ္လည္း ဒီလုိပါပဲ။

ဝီရသူ(မစုိးရိမ္)
2.2.2018
PM 10:21

 

“ဂျာမန်ဧည့်သည်တော်ကြီးနှင့် ခဏတာ”

၃၁.၁.၂၀၁၈ ရက်နေ့ မနက်အစောကြီးရောက်ရှိလာတာပါ။ နာမည်က Dr. Erich Follath (ဒေါက်တာအဲရစ်ဖော်လက်) ဖြစ်ပါတယ်။ ခါတိုင်းလိုပဲ အောင့်မေပြီး ထွက်မတွေ့ပါဘူး။ သူကလည်း ဇွဲကြီးပါတယ်။ ငါးမိနစ်အချိန်တောင်းပါတယ်။ မရတဲ့အခါ တစ်မိနစ်အချိန်တောင်းပါတယ်။

ကင်မရာလည်းမပါဘူး၊ အသံလည်းမဖမ်းဘူး၊ စာအုပ်ကလေးလှူခွင့်ရရင် တော်ပါပြီဟု ပြောလတာပါ။ ဘာစာအုပ်လဲ စုံစမ်းလိုက်တော့ ဒလိုင်းလားမားအကြောင်း ဖြစ်နေပါတယ်။ ဂျာမန်ဘာသာနဲ့ ရေးထားတာဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးအကြောင်းဖြစ်နေလို့ လက်ဆောင်ပေးချင်တာပါတဲ့။

နောက်ပြီး သူက ကမ္ဘောဒီးယား ထိုင်း ထိုင်ဝမ် တိဘတ် တရုတ် စတဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေ လှည့်လည်ပြီး ဗုဒ္ဓဘာသာကို လေ့လာခဲ့တဲ့သူပါ။ မြန်မာပြည်ကိုလည်း လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်တုန်းက ရောက်ဖူးတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာကို လေ့လာရင်းနဲ့ စိတ်ဝင်စားလာပြီး ဗုဒ္ဓဘာသာခံယူဖို့ ဆုံးဖြတ်ထားသူတစ်ယောက်ပါ။

စာအုပ်ကပ်လှူရုံလောက်တော့ ရပါတယ်ဆိုပြီး ထွက်တွေ့လိုက်ပါတယ်။ စာနယ်ဇင်းသမားလည်းမဟုတ်၊ တစ်ခြားရုပ်သံမီဒီယာလည်းမဟုတ်၊ စာရေးဆရာသက်သက် ဖြစ်နေတာကြောင့် လက်ခံစကားပြောမိပါတယ်။ သူက ဗုဒ္ဓဘာသာ အနိုင်ကျင့်ခံနေရတာတွေ သိချင်လို့ မေးပါတယ်။

ဘာသာပြန်ပေးမဲ့သူမရှိလို့ ဒေါ်ဇာနီမန်ကို လှမ်းပြီး အကူအညီတောင်းရပါတယ်။ သူမေးတာတွေက ဗုဒ္ဓဘာသာရယ် ရခိုင်အကြောင်းရယ် စာရေးသူအကြောင်းရယ် ဒီလောက်ပါပဲ။ တရားပွဲအပိတ်ခံထားရလို့ အင်တာဗျူးတွေ လက်မခံတာလားလို့ မေးပါသေးတယ်။

သတင်းသမားတွေက မီဒီယာလက်နက်နဲ့ တိုက်ခိုက်ရုံသက်သက်ပဲ ကြံစည်နေကြလို့ လက်မခံတာဖြစ်ကြောင်း တရားပွဲအပိတ်ခံရတာနဲ့ မဆိုင်ကြောင်း ယုံကြည်စိတ်ချရတဲ့သတင်းသမားဆိုရင် ဖြေကြားလို့ရနိုင်ကြောင်း ပြောလိုက်ပါတယ်။
ဂျာမန်ဧည့်သည်တော်ကြီး ဂျာမန်တွေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ။ အခုအချိန်မှာ မာကယ်ဟာ ကယ်တင်ရှင်အဖြစ် ပြည်သူတွေ အထင်ခံရပေမဲ့ နောင်တစ်ချိန်မှာ အမျိုးသားသစ္စာဖောက်အဖြစ် မှတ်တမ်းတင်ခံရနိုင်ပါတယ်။ ကျုပ်တို့နိုင်ငံက စွာကျယ်လည်း ဒီလိုပါပဲ။

ဝီရသူ(မစိုးရိမ်)
2.2.2018
PM 10:21