သတင်း

ငပလီမြို့၊ ပုလဲရတနာဆရာတော်ကြီး ဘုရားဖူးကြွရောက်

6.1.2018 ညနေ ၆း၀၀ နာရီ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ကင်းဝန်မင်းကြီးတိုက်၊ သာသနပါလကျောင်း(မဘသရုံး)သို့ ရောက်ရှိလာတာပါ။

ပုလဲရတနာဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာစာရနှင့်အတူ ဥပါသကာကြီး ဦးကယားကြီးနှင့် ကျောင်းဆရာ ဆရာမများ ထူးချွန်ကျောင်းသူ ကျောင်းသားများ ပါဝင်ကြပါတယ်။ ထူးချွန်ကျောင်းသူကျောင်းသားများကို ပုလဲရတနာဆရာတော်ကြီးကိုယ်တိုင် ပုဂံဘုရားဖူးလိုက်ပို့ရင်း မန္တလေးသို့ ရောက်ရှိလာတာပါ။

ရောက်တုန်းရောက်ခိုက် ပုလဲရတနာဆရာတော်ကြီးက မန်း မဟော်သဓာကျောင်းတော်ကြီးအတွက် အလှူငွေ ဆယ်သိန်းကျပ် လှူဒါန်းတော်မူပါတယ်။ မဘသရုံးမှာ ခဏနားပြီး ကျောက်စိမ်းစေတီတော်သို့ ဘုရားဖူးထွက်ခွာသွားကြပါတယ်။ မစိုးရိမ်တိုက်ကြီးမှ နိရုတ္တိဆရာတော် ညီတော်မောင် အရှင်ဣန္ဒာစက္ကာဘိဝံသအမှူးပြုသော မန်း မဘသ အဖွဲ့က လိုက်လံပို့သကြပါတယ်။ အပြန်မှာ မစိုးရိမ်တိုက်သစ်နှင့် မစိုးရိမ်တိုက်ကြီးသို့ ခဏဝင်ကြပါတယ်။

ထူးချွန်ကျောင်းသူကျောင်းသားများတော့ မသိပါ။ ကျောင်းဆရာကြီးကတော့ အသက်(၆၀)ရှိပြီ ဒီတစ်ခါပဲ မန္တလေးရောက်ဖူးတယ်လို့ ပြောပြီးပျော်ရွှင်နေပါတယ်။ ပုလဲရတနာဆရာတော်ကြီး ကျန်းမာချမ်းသာ ဘေးရန်ကွာပြီး လိုရာဆန္ဒပြည့်ဝပါစေ။