သတင္း

ငါမေသဘူး ေရကူးတတ္တယ္

ရဲေဘာ္ႀကီး က်န္းမာေရး အထူးေကာင္းမြန္ပါသည္။

ေန႔စဥ္ ကိုယ္အေလးခ်ိန္ တိုင္းပါသည္။
၁၂၆-၁၂၈ ေပါင္ ပုံမွန္ရွိပါသည္။

မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ပုံမွန္ေသြးခ်ိန္ပါသည္။
၁၂၀/၈၀ ဝန္းက်င္ ပုံမွန္ရွိပါသည္။

မ်က္ခြံေပၚ ကြမ္း႐ြက္ကပ္အိပ္တာလည္း ထူးျခားပါသည္။ ပထမသုံးလမွာ ဒီဂရီ ၅၀ ေလ်ာ့က်သြားပါသည္။ ထို႔ေၾကာင့္ ၂၅၀ ရွိရာမွ ၂၀၀ သာ က်န္ပါေတာ့သည္။
အခုေနာက္ဆုံး ဒီဂရီ ၁၅၀ သာ က်န္ပါေတာ့သည္။ ႏိုဝင္ဘာလကုန္ဆိုလွ်င္ ဒီဂရီ ၁၀၀ သာ က်န္ပါေတာ့မည္။

အၿမဲစားေနက် အားေဆးမ်ား လုံးဝ ရပ္နားထားပါသည္။ အင္ရႉးဝါးလည္း လုံးဝ မေသာက္ျဖစ္ေတာ့ပါ။
ေလာေလာဆယ္ ေဆးဝါးမမွီဝဲဘဲ ဓာတ္စာသာ မွီဝဲေနပါသည္။ ရဲယိုသီး၊ ပ်ားရည္၊ ထန္းလ်က္၊ ဆား အခ်ိဳးအစားမွ်တစြာ ေနႏွင့္ခ်က္ထားသည့္ ဓာတ္စာေၾကာင့္ ဝမ္းဗိုက္အဆီေတြ က်သြားလို႔ အရင္လို ဗိုက္႐ႊဲႀကီးပုံစံမ်ိဳး မဟုတ္ေတာ့ပါ။

အၿမဲႏွာေခ်ေနက် ေဝဒနာလည္း အေတာ္ႀကီး ေလ်ာ့က်လာပါၿပီ။ ေန႔အိပ္ရာထ လုံးဝ မေခ်ေတာ့ပါ။ မနက္အိပ္ရာထ ႏွာေခ်တာလည္း ဟတ္ခ်ိဳးအေရအတြက္ အေတာ္ႀကီးေလ်ာ့ပါးလာပါၿပီ။

ႂကြက္တက္ေရာဂါလည္း လုံးဝ ေပ်ာက္ကင္းသြားၿပီး ဘယ္ဘက္ေျခသလုံး အပူေအာင္းႂကြက္သားေတြလည္း အပူထုတ္ၿပီးသြားလို႔ ပုံမွန္ျပန္ျဖစ္သြားပါၿပီ။
ညာဘက္ေျခသလုံးကိုေတာ့ ႏိုဝင္ဘာလမွစၿပီး အပူထုတ္ပါမည္။ တစ္လအခ်ိန္ယူရမွာပါ။
ေဆးကေတာ့ မန္က်ည္းေရႏွင့္ ေျခသလုံးကို လိမ္းၿပီး ငွက္ေပ်ာ႐ြက္စည္းအိပ္ျခင္းပင္ျဖစ္ပါသည္။
ပိုက္ဆံမကုန္တဲ့ ေဆးေတြႏွင့္ မိမိကိုယ္ကို ကုသရင္း သုေတသနျပဳ ေလ့လာေနတာ အေတာ္ေလးသိသာထင္ရွားစြာ ေပ်ာက္ကင္းသြားသည္ကို ေတြ႕ရပါသည္။

အေၾကာင္းကေတာ့ အိုစာမင္းစာအျဖစ္ က်န္းမာေရးႏွင့္ အေရးေပၚ အသုံးျပဳရန္အတြက္ စုေဆာင္းထားတဲ့ ေငြေလး ခ်ိတ္ပိတ္ခံလိုက္ရလို႔ပါပဲ။ ၂၀၀၃ မတိုင္ခင္ ဘဏ္ထဲ ေငြအပ္ထားတာ ေထာင္ထဲမွာ ရွစ္ႏွစ္ေက်ာ္ေနလိုက္ရေတာ့ ေငြေသအျဖစ္ အတိုးေတြတက္သြားရာမွ ေထာင္မွထြက္ေတာ့ တစ္ႏွစ္လွ်င္ ဆယ္သိန္းက်ပ္ စုခဲ့တာပါ။ ၂၀၁၂-၂၀၁၃ အထိပဲ ေငြစုႏိုင္ၿပီး အဲဒီေနာက္ပိုင္း ေငြအထုတ္အသြင္းလုံးဝ မရွိေတာ့လို႔ ကိုယ္တိုင္ေငြသြားထုတ္မယ္ဆိုရင္ေတာင္ စာအုပ္အေပ်ာက္ေလွ်ာက္ၿပီး ျပန္က်လာမွ စာအုပ္သစ္ႏွင့္ ေငြထုတ္ရမွာပါ။

အခုအခ်ိန္မွာ ကိုယ္တိုင္ထုတ္ခြင့္ မရသလို အစိုးရကလည္း သိမ္းဆည္းခြင့္ မရွိပါဘူး။ မထုတ္မေျပာင္းႏိုင္ေအာင္ ထိန္းထား႐ုံပဲ ရွိပါတယ္။

ဥပမာေျပာရရင္ လူမေတြ႕လို႔ စာအုပ္သိမ္းသြားတယ္ဆိုတာမ်ိဳးေပါ့ဗ်ာ။ စာအုပ္သာလက္ထဲရွိတာ ကိုယ့္စာအုပ္မဟုတ္လို႔ ဘာမွလုပ္မရဘူးဆိုတာမ်ိဳးေပါ့ေနာ္။

ေကာင္းကြက္ေလးလည္း ရွိပါေသးတယ္။
ေအာင္ေသာင္းက သိန္းဘယ္ႏွစ္ေထာင္ ဘဏ္အပ္ေပးသြားတာတို႔၊ ေဆာ္ဒီမူဆလင္ေတြက သိန္းဘယ္ႏွစ္ေထာင္ လာဘ္ထိုးသြားတာတို႔၊ ဘဏ္ထဲမွာ သန္းေျခာက္ေထာင္ေတာင္ ရွိတယ္ဆိုတာတို႔ဟာ အမုန္းတရားသက္သက္ တိုက္ခိုက္မႈဆိုတာေလးေတာ့ ေပၚလြင္သြားတာေပါ့ေနာ္။

၂၀၂၀ အတြက္ ေမးခြန္း ၂၀ ႐ိုက္ကူးထားတာ ဇြန္လ လဆန္းပိုင္းကတည္းကပါ။
လႊင့္ေနတာ အမွတ္ ၁၅ အထိရွိၿပီး ေဒတာထည့္ အဆာသြတ္ ျပင္ဆင္တည္းျဖတ္ေနတာ ၁၉ အထိ ၿပီးပါၿပီ။
၂၀ အထိၿပီးရင္ စုေပါင္းျပပြဲေတြ ဆက္တိုက္က်င္းပသြားၾကမွာပါ။
ငါမေသဘူး ေရကူးတတ္တယ္ေပါ့ေနာ္။

အားလုံးနဲ႔ လိုင္းေပၚမွာ ဆုံျဖစ္ပါတယ္။
အားလုံးကို သတိရေနပါတယ္။
က်န္းမာေရး၊ စားေရး၊ ေနေရး၊ လုံၿခဳံေရး အစစအရာရာ အိုေက စိုေျပေနေၾကာင္းပါ။

ေၾသာ္..
အေရးႀကီးတာေလး
သိခ်င္ၾကမယ္ထင္လို႔ ေျပာရဦးမယ္။
ဘုန္းေက်ာင္းလည္းျဖစ္မယ္။
႐ြာႏွင့္လည္း ေဝးမယ္။
အနီအစိမ္း အဝင္အထြက္လည္းကင္းမယ္။
ေက်ာင္းဝင္းလည္း က်ယ္မယ္။
ေက်းငွက္သာရကာေတြလည္း ေပါမယ္။
ေတာရနံ႔ ေတာင္ရနံ႔ေတြလည္း သင္းမယ္။
အင္တာနက္လိုင္းလည္း ေကာင္းမယ္။
နားေအးပါးေအးလည္း ရွိမယ္။
အဲဒါဟာ ရဲေဘာ္ႀကီးရဲ႕ က်န္းမာခ်မ္းသာ တရားရိပ္သာေလးေပါ့ဗ်ာ။

ဝီရသူ(မစိုးရိမ္)
31.10.2019
PM-1:04

“ငါမသေဘူး ရေကူးတတ်တယ်”

ရဲဘော်ကြီး ကျန်းမာရေး အထူးကောင်းမွန်ပါသည်။

နေ့စဉ် ကိုယ်အလေးချိန် တိုင်းပါသည်။
၁၂၆-၁၂၈ ပေါင် ပုံမှန်ရှိပါသည်။

မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်သွေးချိန်ပါသည်။
၁၂၀/၈၀ ဝန်းကျင် ပုံမှန်ရှိပါသည်။

မျက်ခွံပေါ် ကွမ်းရွက်ကပ်အိပ်တာလည်း ထူးခြားပါသည်။ ပထမသုံးလမှာ ဒီဂရီ ၅၀ လျော့ကျသွားပါသည်။ ထို့ကြောင့် ၂၅၀ ရှိရာမှ ၂၀၀ သာ ကျန်ပါတော့သည်။
အခုနောက်ဆုံး ဒီဂရီ ၁၅၀ သာ ကျန်ပါတော့သည်။ နိုဝင်ဘာလကုန်ဆိုလျှင် ဒီဂရီ ၁၀၀ သာ ကျန်ပါတော့မည်။

အမြဲစားနေကျ အားဆေးများ လုံးဝ ရပ်နားထားပါသည်။ အင်ရှူးဝါးလည်း လုံးဝ မသောက်ဖြစ်တော့ပါ။
လောလောဆယ် ဆေးဝါးမမှီဝဲဘဲ ဓာတ်စာသာ မှီဝဲနေပါသည်။ ရဲယိုသီး၊ ပျားရည်၊ ထန်းလျက်၊ ဆား အချိုးအစားမျှတစွာ နေနှင့်ချက်ထားသည့် ဓာတ်စာကြောင့် ဝမ်းဗိုက်အဆီတွေ ကျသွားလို့ အရင်လို ဗိုက်ရွှဲကြီးပုံစံမျိုး မဟုတ်တော့ပါ။

အမြဲနှာချေနေကျ ဝေဒနာလည်း အတော်ကြီး လျော့ကျလာပါပြီ။ နေ့အိပ်ရာထ လုံးဝ မချေတော့ပါ။ မနက်အိပ်ရာထ နှာချေတာလည်း ဟတ်ချိုးအရေအတွက် အတော်ကြီးလျော့ပါးလာပါပြီ။

ကြွက်တက်ရောဂါလည်း လုံးဝ ပျောက်ကင်းသွားပြီး ဘယ်ဘက်ခြေသလုံး အပူအောင်းကြွက်သားတွေလည်း အပူထုတ်ပြီးသွားလို့ ပုံမှန်ပြန်ဖြစ်သွားပါပြီ။
ညာဘက်ခြေသလုံးကိုတော့ နိုဝင်ဘာလမှစပြီး အပူထုတ်ပါမည်။ တစ်လအချိန်ယူရမှာပါ။
ဆေးကတော့ မန်ကျည်းရေနှင့် ခြေသလုံးကို လိမ်းပြီး ငှက်ပျောရွက်စည်းအိပ်ခြင်းပင်ဖြစ်ပါသည်။
ပိုက်ဆံမကုန်တဲ့ ဆေးတွေနှင့် မိမိကိုယ်ကို ကုသရင်း သုတေသနပြု လေ့လာနေတာ အတော်လေးသိသာထင်ရှားစွာ ပျောက်ကင်းသွားသည်ကို တွေ့ရပါသည်။

အကြောင်းကတော့ အိုစာမင်းစာအဖြစ် ကျန်းမာရေးနှင့် အရေးပေါ် အသုံးပြုရန်အတွက် စုဆောင်းထားတဲ့ ငွေလေး ချိတ်ပိတ်ခံလိုက်ရလို့ပါပဲ။ ၂၀၀၃ မတိုင်ခင် ဘဏ်ထဲ ငွေအပ်ထားတာ ထောင်ထဲမှာ ရှစ်နှစ်ကျော်နေလိုက်ရတော့ ငွေသေအဖြစ် အတိုးတွေတက်သွားရာမှ ထောင်မှထွက်တော့ တစ်နှစ်လျှင် ဆယ်သိန်းကျပ် စုခဲ့တာပါ။ ၂၀၁၂-၂၀၁၃ အထိပဲ ငွေစုနိုင်ပြီး အဲဒီနောက်ပိုင်း ငွေအထုတ်အသွင်းလုံးဝ မရှိတော့လို့ ကိုယ်တိုင်ငွေသွားထုတ်မယ်ဆိုရင်တောင် စာအုပ်အပျောက်လျှောက်ပြီး ပြန်ကျလာမှ စာအုပ်သစ်နှင့် ငွေထုတ်ရမှာပါ။

အခုအချိန်မှာ ကိုယ်တိုင်ထုတ်ခွင့် မရသလို အစိုးရကလည်း သိမ်းဆည်းခွင့် မရှိပါဘူး။ မထုတ်မပြောင်းနိုင်အောင် ထိန်းထားရုံပဲ ရှိပါတယ်။

ဥပမာပြောရရင် လူမတွေ့လို့ စာအုပ်သိမ်းသွားတယ်ဆိုတာမျိုးပေါ့ဗျာ။ စာအုပ်သာလက်ထဲရှိတာ ကိုယ့်စာအုပ်မဟုတ်လို့ ဘာမှလုပ်မရဘူးဆိုတာမျိုးပေါ့နော်။

ကောင်းကွက်လေးလည်း ရှိပါသေးတယ်။
အောင်သောင်းက သိန်းဘယ်နှစ်ထောင် ဘဏ်အပ်ပေးသွားတာတို့၊ ဆော်ဒီမူဆလင်တွေက သိန်းဘယ်နှစ်ထောင် လာဘ်ထိုးသွားတာတို့၊ ဘဏ်ထဲမှာ သန်းခြောက်ထောင်တောင် ရှိတယ်ဆိုတာတို့ဟာ အမုန်းတရားသက်သက် တိုက်ခိုက်မှုဆိုတာလေးတော့ ပေါ်လွင်သွားတာပေါ့နော်။

၂၀၂၀ အတွက် မေးခွန်း ၂၀ ရိုက်ကူးထားတာ ဇွန်လ လဆန်းပိုင်းကတည်းကပါ။
လွှင့်နေတာ အမှတ် ၁၅ အထိရှိပြီး ဒေတာထည့် အဆာသွတ် ပြင်ဆင်တည်းဖြတ်နေတာ ၁၉ အထိ ပြီးပါပြီ။
၂၀ အထိပြီးရင် စုပေါင်းပြပွဲတွေ ဆက်တိုက်ကျင်းပသွားကြမှာပါ။
ငါမသေဘူး ရေကူးတတ်တယ်ပေါ့နော်။

အားလုံးနဲ့ လိုင်းပေါ်မှာ ဆုံဖြစ်ပါတယ်။
အားလုံးကို သတိရနေပါတယ်။
ကျန်းမာရေး၊ စားရေး၊ နေရေး၊ လုံခြုံရေး အစစအရာရာ အိုကေ စိုပြေနေကြောင်းပါ။

သြော်..
အရေးကြီးတာလေး
သိချင်ကြမယ်ထင်လို့ ပြောရဦးမယ်။
ဘုန်းကျောင်းလည်းဖြစ်မယ်။
ရွာနှင့်လည်း ဝေးမယ်။
အနီအစိမ်း အဝင်အထွက်လည်းကင်းမယ်။
ကျောင်းဝင်းလည်း ကျယ်မယ်။
ကျေးငှက်သာရကာတွေလည်း ပေါမယ်။
တောရနံ့ တောင်ရနံ့တွေလည်း သင်းမယ်။
အင်တာနက်လိုင်းလည်း ကောင်းမယ်။
နားအေးပါးအေးလည်း ရှိမယ်။
အဲဒါဟာ ရဲဘော်ကြီးရဲ့ ကျန်းမာချမ်းသာ တရားရိပ်သာလေးပေါ့ဗျာ။

ဝီရသူ(မစိုးရိမ်)
31.10.2019
PM-1:04