သတင္း

ဒကာေတာ္ေဇာ္ျမင့္ေမာင္ ေရာဂါေ၀ဒနာမ်ား အျမန္ဆုံးေပ်ာက္ကင္းပါေစ က်န္းမာစြာ ျပန္လည္တာ၀န္ထမ္းေဆာင္ႏိုင္ပါေစ

ဒကာေတာ္ေဇာ္ျမင့္ေမာင္
ေရာဂါေ၀ဒနာမ်ား အျမန္ဆုံးေပ်ာက္ကင္းပါေစ
က်န္းမာစြာ ျပန္လည္တာ၀န္ထမ္းေဆာင္ႏိုင္ပါေစ………

ဦးပဥၥင္း
၀ီရသူ(မစိုးရိမ္)
1.11.2019
Pm 10:27
——————————-—

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးလည္းျဖစ္ကာ မႏၲေလး တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ဝန္ႀကီးခ်ဳပ္ျဖစ္သူ ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕၌ ေဆးကုသစစ္ေဆးမႈမ်ား ခံယူေနသည့္အတြက္ တိုင္းေဒသႀကီးအစိုးရ အဖြဲ႕လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ဝန္ႀကီးခ်ဳပ္တာဝန္ကို ေခတၱထမ္းေဆာင္ေနေၾကာင္း သိရသည္။
The Myanmar Times
https://myanmar.mmtimes.com/news/130332.html?fbclid=I..
—————————–—

နိုဝင္ဘာလ ၁ရက္၊ နံနက္ ၁၀နာရီ၊ ၃၀မိနစ္တြင္ မဇၩိမကို အတည္ျပဳ ေျပာၾကားသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ဒုဥကၠ႒ (၂)လည္းျဖစ္သူ ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ေအာက္တိုဘာ ၂၄ရက္က ျပဳလုပ္သည့္ အစိုးရ၊ လႊတ္ေတာ္၊ ပါတီ သတၱမအႀကိမ္ စုံညီေတြ႕ဆုံပြဲအၿပီးတြင္ ေဆးကုသမွုခံယူရန္ ထိုင္းနိုင္ငံသို့ ထြက္ခြာသြားျခင္း ျဖစ္သည္။

“ေဆးကုေနတာေလ၊ ဘာမွ မျဖစ္ပါဘူး။ အေျခအေန ေကာင္းပါတယ္” ဟု မႏၲေလးတိုင္းအစိုးရအဖြဲ႕မွ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ေဒါက္တာစိုးသန္းက ေျပာသည္။

လတ္တေလာတြင္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ လၽွပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေခတၱ တာဝန္ယူထားရၿပီး ေဒါက္တာေဇာ္ျမင့္ေမာင္ ျပန္လာမည့္ရက္ကို အတိအက် မသိရေသးေပ။

ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ၿပီးခဲ့သည့္ ၂၀၁၂ခုႏွစ္၊ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ေက်ာက္ပန္းေတာင္းၿမိဳ့နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရသလို ၂၀၁၅ခုႏွစ္၊ အေထြေထြေရြးေကာက္ပြဲတြင္လည္း အမရပူရၿမိဳ့နယ္မွ တိုင္းလႊတ္ေတာ္အမတ္အျဖစ္ အနိုင္ရရွိကာ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ေပးအပ္ျခင္း ခံခဲ့ရသည္။

၎သည္ ၁၉၉၀ျပည့္ႏွစ္ ေရြးေကာက္ပြဲတြင္လည္း ျပည္သူ႔လႊတ္ေတာ္အမတ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရေသာ္လည္း ထိုစဥ္ စစ္အစိုးရက အာဏာလႊဲေျပာင္းေပးခဲ့ျခင္း မရွိခဲ့ေပ။ ထို့ေနာက္ ၎၏ နိုင္ငံေရးလွုပ္ရွားမွုမ်ားေၾကာင့္ ၁၉ႏွစ္ၾကာ ေထာင္တြင္း အက်ဥ္းခ်ခံခဲ့ရသည္။

Mizzima
——————————–—

ေဒါက္တာေဇာ္ျမင့္ေမာင္ ထိုင္းတြင္ ေဆးကုသမွု ခံယူေနရ

အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ အေရးပါသည့္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားတြင္ ပါဝင္သည့္ မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ့တြင္ ေဆးကုသမွုခံယူေနသျဖင့္ ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ လၽွပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က တာဝန္ ထမ္းေဆာင္ေနသည္ဟု တိုင္းအစိုးရအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

“အေသးစိတ္ေတာ့ ေျပာလို့မရပါဘူး။ ဝန္ႀကီးခ်ဳပ္ကေတာ့ ျပန္မေရာက္ေသးဘူး” ဟု တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးမ်ိဳးသစ္က ေျပာသည္။ သို့ေသာ္ မည္သည့္ေန႔ရက္မွစ၍ မည္သည့္ကာလအထိ တာဝန္ယူရန္ရွိသည္ႏွင့္ ေဒါက္တာေဇာ္ျမင့္ေမာင္၏ က်န္းမာေရးအေျခအေန မည္သို့ရွိသည္တို့ကို ေျဖၾကားရန္ကိုမူ ၎က ျငင္းဆိုသည္။

ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္ကို Myanmar Now က ဆက္သြယ္ခဲ့ေသာ္လည္း အစည္းအေဝးခန္းထဲ ေရာက္ေနသည္ဟုသာ ေျပာသည္။

Myanmar Now က ရရွိထားေသာ သတင္းမ်ားအရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ (၂) အျဖစ္ တာဝန္ယူထားသူ အသက္ ၆၈ ႏွစ္အရြယ္ ရွိၿပီျဖစ္သည့္ ေဒါက္တာ ေဇာ္ျမင့္ေမာင္သည္ ေသြး၊ ႏွလုံးႏွင့္သက္ဆိုင္ေသာ ေရာဂါမ်ား ခံစားေနရေၾကာင္း သိရသည္။

“ေဆးစစ္တဲ့အခါမွာ တခ်ိဳ့ေသာ ေတြ႕ရွိခ်က္ေတြအရ ကုသရတာမ်ိဳးကေတာ့ ရွိပါတယ္။ အေျခအေနကေတာ့ သူျပန္လာမွပဲ သိမွာပါ” ဟု ဒီခ်ဳပ္ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာမ်ိဳးညြန႔္က Myanmar Now ကို ေျပာသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ရန္ကုန္ၿမိဳ့၌ ေအာက္တိုဘာလ ၂၄ ရက္ေန႔က က်င္းပသည့္ အစိုးရ၊ လႊတ္ေတာ္၊ ပါတီ သတၱမအႀကိမ္ စုံညီေတြ႕ဆုံပြဲအၿပီးတြင္ ေလေၾကာင္းခရီးျဖင့္ ထိုင္းနိုင္ငံသို့ ထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္း ဒီခ်ဳပ္ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမွူး မုံရြာေအာင္ရွင္က Myanmar Now ကို ေျပာသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္၏ က်န္းမာေရးသည္ ဒီခ်ဳပ္ပါတီ၏ နိုင္ငံေရးႏွင့္ ျမန္မာ့ဒီမိုကေရစီအေရးတို့အတြက္ လြန္စြာအေရးပါေၾကာင္း မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ့နယ္ ျပည့္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာလွမိုးက မွတ္ခ်က္ျပဳသည္။

“ေထာင္ထဲမွာ ခံစားခဲ့ရတဲ့ ဒဏ္ေတြေပါ့ဗ်ာ” ဟု ၎က ဆိုသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္ခံခဲ့ရေသာ္လည္း ထိုအခ်ိန္က စစ္အစိုးရက အာဏာလႊဲအပ္ျခင္း မရွိခဲ့ေပ။ ၎၏ နိုင္ငံေရးတြင္ပါဝင္မွုမ်ားေၾကာင့္ ၎ကို ၁၉၉၀ ျပည့္ႏွစ္ နိုဝင္ဘာလမွ ၂၀၀၉ ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ၁၉ ႏွစ္ၾကာေအာင္ စစ္အစိုးရက ေထာင္သြင္း အက်ဥ္းခ်ထားခဲ့သည္။

၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ေက်ာက္ပန္းေတာင္းမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္လာခဲ့ၿပီး ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ အမရပူရ မဲဆႏၵနယ္မွ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ျဖစ္လာကာ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ေပးအပ္ခံခဲ့ရသည္။

TOPICS: NLD
https://www.facebook.com/search/top/?q=ေဒ..

ဒကာတော်ဇော်မြင့်မောင်
ရောဂါဝေဒနာများ အမြန်ဆုံးပျောက်ကင်းပါစေ
ကျန်းမာစွာ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ပါစေ………

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
1.11.2019
Pm 10:27
——————————-—

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ကာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ဆေးကုသစစ်ဆေးမှုများ ခံယူနေသည့်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်နေကြောင်း သိရသည်။
The Myanmar Times
https://myanmar.mmtimes.com/news/130332.html?fbclid=I..
—————————–—

နိုဝင်ဘာလ ၁ရက်၊ နံနက် ၁၀နာရီ၊ ၃၀မိနစ်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ (၂)လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၂၄ရက်က ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီးတွင် ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

“ဆေးကုနေတာလေ၊ ဘာမှ မဖြစ်ပါဘူး။ အခြေအနေ ကောင်းပါတယ်” ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

လတ်တလောတွင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ခေတ္တ တာဝန်ယူထားရပြီး ဒေါက်တာဇော်မြင့်မောင် ပြန်လာမည့်ရက်ကို အတိအကျ မသိရသေးပေ။

ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသလို ၂၀၁၅ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း အမရပူရမြို့နယ်မှ တိုင်းလွှတ်တော်အမတ်အဖြစ် အနိုင်ရရှိကာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

၎င်းသည် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း ထိုစဉ် စစ်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပေ။ ထို့နောက် ၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ၁၉နှစ်ကြာ ထောင်တွင်း အကျဉ်းချခံခဲ့ရသည်။

Mizzima
——————————–—

ဒေါက်တာဇော်မြင့်မောင် ထိုင်းတွင် ဆေးကုသမှု ခံယူနေရ

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရေးပါသည့် ထိပ်ပိုင်းခေါင်းဆောင်များတွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေသဖြင့် ခေတ္တဝန်ကြီးချုပ်အဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က တာဝန် ထမ်းဆောင်နေသည်ဟု တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အသေးစိတ်တော့ ပြောလို့မရပါဘူး။ ဝန်ကြီးချုပ်ကတော့ ပြန်မရောက်သေးဘူး” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။ သို့သော် မည်သည့်နေ့ရက်မှစ၍ မည်သည့်ကာလအထိ တာဝန်ယူရန်ရှိသည်နှင့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိသည်တို့ကို ဖြေကြားရန်ကိုမူ ၎င်းက ငြင်းဆိုသည်။

ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးခန်းထဲ ရောက်နေသည်ဟုသာ ပြောသည်။

Myanmar Now က ရရှိထားသော သတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူထားသူ အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်သည် သွေး၊ နှလုံးနှင့်သက်ဆိုင်သော ရောဂါများ ခံစားနေရကြောင်း သိရသည်။

“ဆေးစစ်တဲ့အခါမှာ တချို့သော တွေ့ရှိချက်တွေအရ ကုသရတာမျိုးကတော့ ရှိပါတယ်။ အခြေအနေကတော့ သူပြန်လာမှပဲ သိမှာပါ” ဟု ဒီချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ရန်ကုန်မြို့၌ အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပသည့် အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီးတွင် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ဒီချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က Myanmar Now ကို ပြောသည်။

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးသည် ဒီချုပ်ပါတီ၏ နိုင်ငံရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးတို့အတွက် လွန်စွာအရေးပါကြောင်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ပြည့်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုးက မှတ်ချက်ပြုသည်။

“ထောင်ထဲမှာ ခံစားခဲ့ရတဲ့ ဒဏ်တွေပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း ထိုအချိန်က စစ်အစိုးရက အာဏာလွှဲအပ်ခြင်း မရှိခဲ့ပေ။ ၎င်း၏ နိုင်ငံရေးတွင်ပါဝင်မှုများကြောင့် ၎င်းကို ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအထိ ၁၉ နှစ်ကြာအောင် စစ်အစိုးရက ထောင်သွင်း အကျဉ်းချထားခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အမတ်ဖြစ်လာကာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

TOPICS: NLD
https://www.facebook.com/search/top/?q=ဒေ..