သတင္း

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ႏွင့္ မႏၲေလးတုိင္းေဒသႀကီး NLD အစုိးရအဖြဲ႔ထံသုိ႔ အရွင္ဝီရသူ (မစုိးရိမ္)၏ အိတ္ဖြင့္ေပးစာ (၁-က)

ရက္စြဲ – ၁၃၈၀ ခုႏွစ္၊ ပထမဝါဆိုလဆုတ္ ၁၅ ရက္၊ (12.7.2018)

ဒကာေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ မႏၲေလးတုိင္းေဒသႀကီးအစိုးရအဖြဲ႔ထံ ဦးပဥၥင္း ဦးဝီရသူ အိတ္ဖြင့္ေပးစာ ေရးသားလိုက္ပါတယ္။
အေၾကာင္းအရာက ဒကာေတာ္တုိ႔သိထားၿပီးသားျဖစ္တဲ့ မေဟာ္သဓာအမ်ဳိးသားေရး အခမဲ့ကိုယ္ပိုင္ အထက္တန္းေက်ာင္းေတာ္ႀကီး အခ်ိန္မီေဆာက္လုပ္ႏိုင္ေရးျဖစ္ေသာ္လည္း ရည္ရြယ္ခ်က္ကေတာ့ ဒကာေတာ္တုိ႔အစုိးရဟာ ျပည္သူလူထုေရြးေကာက္တင္ေျမႇာက္ခံထားရတဲ့ အရပ္သားဒီမိုကေရစီအစိုးရပီပီ ျပည္သူလူထုအက်ဳိးကို ေရွးရႈေစလုိတဲ့ ေစတနာေကာင္းနဲ႔ ေရးသားလိုက္ျခင္းပါ။

မႏၲေလးၿမဳိ႕တြင္တည္ေဆာက္မည့္ မေဟာ္သဓာအမ်ဳိးသားေရး အခမဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္း ေတာ္ႀကီး ေျမကြက္ႏွင့္ပတ္သက္ၿပီး 8.6.2017 ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ထံ ပထမဦးဆံုး စာတင္ခဲ့ပါတယ္။ 3.8.2017 ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ထံမွ စာျပန္က်လာပါတယ္။ ပုသိမ္ႀကီးၿမဳိ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးထံ ခ်ေပးျခင္းျဖစ္ၿပီး “စည္းမ်ဥ္းစည္းကမ္းႏွင့္ညီညြတ္လွ်င္ ပုံစံ ၁၀၅ ကဲ့သို႔ ေျမပုံေရးဆြဲခြင့္ျပဳသည္” ဆိုတဲ့ ဝန္ႀကီးခ်ဳပ္ရဲ႕ မွတ္ခ်က္လက္ေရးမူနဲ႔ ျပန္က်လာတာပါ။

အဲဒီေနာက္ ဌာနဆုိင္ရာေတြထံမွ ေထာက္ခံစာေတြေတာင္းခံၿပီး ေထာက္ခံစာ(၇)ေစာင္ႏွင့္အတူ 30.10.2017 ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ထံ စာျပန္တင္ပါတယ္။ 8.12.2017 ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ရုံးမွ စာျပန္က်လာၿပီး စာထဲမွာ ေက်ာင္းစီမံခ်က္ေရးဆြဲၿပီး ျပန္တင္ဖုိ႔ ညႊန္ၾကားလာတာေၾကာင့္ ေက်ာင္းစီမံခ်က္ႏွင့္အတူ 19.1.2018 ရက္ေန႔မွာ ျပန္တင္ေပးခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ မန္းမေဟာ္သဓာျဖစ္ေျမာက္ေရးေကာ္မတီမွ ေဒၚေသာင္းေသာင္းျမင့္ႏွင့္ ဦးမ်ဳိးျမင့္ဦးတုိ႔ကို ဌာနဆုိင္ရာမ်ားက ေခၚစစ္တာ၊ ဆယ္အိမ္ေခါင္းႏွင့္ ရာအိမ္မွဴးတုိ႔ကို ေခၚစစ္တာေတြ ေတြ႔ရွိရပါတယ္။ ၿမဳိ႕နယ္ ေျမရာေကာ္မတီက ေျမရာဇဝင္စစ္ေဆးတာျဖစ္လုိ႔ စည္းမ်ဥ္းစည္းကမ္း လုပ္ထံုးလုပ္နည္းဥပေဒေတြႏွင့္ညီရင္ အမွန္တကယ္ခြင့္ျပဳမွာပဲလုိ႔ ေသခ်ာေပါက္ တြက္ထားခဲ့တာပါ။ ဒါေပမဲ့ ဓာတ္ပုံလာရိုက္လုိက္ ေခၚစစ္လုိက္ လုပ္ရုံမွလြဲၿပီး ယခုအခ်ိန္ထိ မေဟာ္သဓာေျမကြက္ ေလွ်ာက္ထားမႈႏွင့္ပတ္သက္ၿပီး အေၾကာင္းတစ္စံုတစ္ရာျပန္ၾကားျခင္း၊ ဆင့္ေခၚေဆြးေႏြးျခင္း လံုးဝမရွိဘဲ အစုိးရသက္တမ္းႏွင့္ ညီေအာင္ အခ်ိန္ဆြဲထားသလို ျဖစ္ေနခဲ့ပါတယ္။

ဒီလိုနဲ႔ မန္းမေဟာ္သဓာ ကိုယ္ပိုင္အထက္တန္းေက်ာင္းေတာ္ႀကီး 2017-2018 ပညာသင္ႏွစ္အမီ ေဆာက္လုပ္ႏိုင္ေရးအတြက္ ျဖစ္ေျမာက္ေအာင္ျမင္ေရးဗဟိုေကာ္မတီႏွင့္ ဆပ္ေကာ္မတီအသီးသီးဖြဲ႔ၿပီး အုတ္ျမစ္ခ် ပႏၷက္တင္အခမ္းအနားက်င္းပေတာ့မည္ဆုိကာမွ 5.2.2018 ရက္ေန႔မွာ တားျမစ္စာေရာက္လာခဲ့ပါတယ္။ 2.2.2018 ရက္ေန႔ ရက္စြဲပါ တားျမစ္စာထဲမွာ ခြင့္ျပဳမိန္႔မက်ေသးမီ ရပ္တန္႔ထားဖုိ႔ႏွင့္ ဆက္လက္ေဆာင္ရြက္ျခင္းမျပဳဖုိ႔ ပါဝင္ပါတယ္။ တုိင္းေဒသႀကီးအစုိးရအဖြဲ႔ စည္းေဝးဆံုးျဖတ္ခ်က္အရ ပုသိမ္ႀကီးၿမဳိ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးက တားျမစ္စာေပးပို႔လာတာပါ။

တားျမစ္စာေရာက္လာၿပီးတဲ့ေနာက္ပိုင္း 14.2.2018 ရက္ေန႔မွာ ျဖစ္ေျမာက္ေအာင္ျမင္ေရးဗဟိုေကာ္မတီ ဥကၠ႒ ေဒါက္တာျမင့္ဦးလက္မွတ္ႏွင့္ ဝန္ႀကီးခ်ဳပ္ရုံးထံ ထပ္မံစာတင္ခဲ့ေပမယ့္ ဒီကေန႔အထိ အေၾကာင္းမျပန္ခဲ့ပါဘူး။
အဲဒီေနာက္ပိုင္းမွာ NLD အစုိးရရဲ႕ ကိုင္တြယ္ပုံေတြက အေတာ္ၾကမ္းလာၿပီး မန္းမေဟာ္သဓာေျမကြက္ထဲမွာ အေျခခံဗုဒၶဘာသာ ယဥ္ေက်းလိမၼာသင္တန္း ပုိ႔ခ်ေနတဲ့ ဆရာမေဒၚၾကည္ၾကည္ေဆြကို စာဆင့္ေခၚၿပီး ဝန္ခံကတိလက္မွတ္ထိုးခုိင္းတာ၊ သင္တန္းနည္းျပ ဦးဇင္းေလးေတြရဲ႕ ဘြဲ႔၊ ေက်ာင္း၊ ေနရပ္လိပ္စာေတြ လာေရာက္စစ္ေဆးတာေတြအထိ ျပဳမူလာတာ ေတြ႔ခဲ့ရပါတယ္။

တုိင္းေဒသႀကီးအစုိးရက မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး မေဆာက္ျဖစ္ေအာင္ အသြင္သဏၭာန္မ်ဳိးစံုနဲ႔ စနစ္တက် ပိတ္ဆုိ႔လာတာေတြထဲက ဦးပဥၨင္းမွတ္မိသေလာက္ေျပာရရင္ ေျမအေရာင္းအဝယ္လုပ္သူေတြကို ဖမ္းဆီးဖို႔ ႀကံစည္လာတာပါ။ ေျမကြက္ပိုင္ရွင္ ေဒၚေမထံ သြားေရာက္စစ္ေဆးတဲ့အခါ ေျမကြက္က ေရာင္းတာမဟုတ္ဘဲ လွဴတာျဖစ္ေနလုိ႔ရယ္၊ ေဒၚေမက အသက္ကိုုးဆယ္ေက်ာ္ တစ္ရာနားနီး အဖြားႀကီး ျဖစ္ေနလုိ႔ရယ္ေၾကာင့္ မေအာင္မျမင္ ျဖစ္သြားၾကတာပါ။
(ဆက္လက္ေဖာ္ျပပါမည္)

အိတ္ဖြင့္ေပးစာ စာအုပ္ကို
မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ရႏိုင္ပါသည္။
ေစ်းႏႈန္း – ၁၅၀၀

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့
အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ (၁-က)

ရက်စွဲ – ၁၃၈၀ ခုနှစ်၊ ပထမဝါဆိုလဆုတ် ၁၅ ရက်၊ (12.7.2018)

ဒကာတော်ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဦးပဉ္စင်း ဦးဝီရသူ အိတ်ဖွင့်ပေးစာ ရေးသားလိုက်ပါတယ်။
အကြောင်းအရာက ဒကာတော်တို့သိထားပြီးသားဖြစ်တဲ့ မဟော်သဓာအမျိုးသားရေး အခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီး အချိန်မီဆောက်လုပ်နိုင်ရေးဖြစ်သော်လည်း ရည်ရွယ်ချက်ကတော့ ဒကာတော်တို့အစိုးရဟာ ပြည်သူလူထုရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်သားဒီမိုကရေစီအစိုးရပီပီ ပြည်သူလူထုအကျိုးကို ရှေးရှုစေလိုတဲ့ စေတနာကောင်းနဲ့ ရေးသားလိုက်ခြင်းပါ။

မန္တလေးမြို့တွင်တည်ဆောက်မည့် မဟော်သဓာအမျိုးသားရေး အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း တော်ကြီး မြေကွက်နှင့်ပတ်သက်ပြီး 8.6.2017 ရက်နေ့မှာ ဝန်ကြီးချုပ်ထံ ပထမဦးဆုံး စာတင်ခဲ့ပါတယ်။ 3.8.2017 ရက်နေ့မှာ ဝန်ကြီးချုပ်ထံမှ စာပြန်ကျလာပါတယ်။ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ ချပေးခြင်းဖြစ်ပြီး “စည်းမျဉ်းစည်းကမ်းနှင့်ညီညွတ်လျှင် ပုံစံ ၁၀၅ ကဲ့သို့ မြေပုံရေးဆွဲခွင့်ပြုသည်” ဆိုတဲ့ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်လက်ရေးမူနဲ့ ပြန်ကျလာတာပါ။

အဲဒီနောက် ဌာနဆိုင်ရာတွေထံမှ ထောက်ခံစာတွေတောင်းခံပြီး ထောက်ခံစာ(၇)စောင်နှင့်အတူ 30.10.2017 ရက်နေ့မှာ ဝန်ကြီးချုပ်ထံ စာပြန်တင်ပါတယ်။ 8.12.2017 ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးမှ စာပြန်ကျလာပြီး စာထဲမှာ ကျောင်းစီမံချက်ရေးဆွဲပြီး ပြန်တင်ဖို့ ညွှန်ကြားလာတာကြောင့် ကျောင်းစီမံချက်နှင့်အတူ 19.1.2018 ရက်နေ့မှာ ပြန်တင်ပေးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မန်းမဟော်သဓာဖြစ်မြောက်ရေးကော်မတီမှ ဒေါ်သောင်းသောင်းမြင့်နှင့် ဦးမျိုးမြင့်ဦးတို့ကို ဌာနဆိုင်ရာများက ခေါ်စစ်တာ၊ ဆယ်အိမ်ခေါင်းနှင့် ရာအိမ်မှူးတို့ကို ခေါ်စစ်တာတွေ တွေ့ရှိရပါတယ်။ မြို့နယ် မြေရာကော်မတီက မြေရာဇဝင်စစ်ဆေးတာဖြစ်လို့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းဥပဒေတွေနှင့်ညီရင် အမှန်တကယ်ခွင့်ပြုမှာပဲလို့ သေချာပေါက် တွက်ထားခဲ့တာပါ။ ဒါပေမဲ့ ဓာတ်ပုံလာရိုက်လိုက် ခေါ်စစ်လိုက် လုပ်ရုံမှလွဲပြီး ယခုအချိန်ထိ မဟော်သဓာမြေကွက် လျှောက်ထားမှုနှင့်ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာပြန်ကြားခြင်း၊ ဆင့်ခေါ်ဆွေးနွေးခြင်း လုံးဝမရှိဘဲ အစိုးရသက်တမ်းနှင့် ညီအောင် အချိန်ဆွဲထားသလို ဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး 2017-2018 ပညာသင်နှစ်အမီ ဆောက်လုပ်နိုင်ရေးအတွက် ဖြစ်မြောက်အောင်မြင်ရေးဗဟိုကော်မတီနှင့် ဆပ်ကော်မတီအသီးသီးဖွဲ့ပြီး အုတ်မြစ်ချ ပန္နက်တင်အခမ်းအနားကျင်းပတော့မည်ဆိုကာမှ 5.2.2018 ရက်နေ့မှာ တားမြစ်စာရောက်လာခဲ့ပါတယ်။ 2.2.2018 ရက်နေ့ ရက်စွဲပါ တားမြစ်စာထဲမှာ ခွင့်ပြုမိန့်မကျသေးမီ ရပ်တန့်ထားဖို့နှင့် ဆက်လက်ဆောင်ရွက်ခြင်းမပြုဖို့ ပါဝင်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်းဝေးဆုံးဖြတ်ချက်အရ ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တားမြစ်စာပေးပို့လာတာပါ။

တားမြစ်စာရောက်လာပြီးတဲ့နောက်ပိုင်း 14.2.2018 ရက်နေ့မှာ ဖြစ်မြောက်အောင်မြင်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးလက်မှတ်နှင့် ဝန်ကြီးချုပ်ရုံးထံ ထပ်မံစာတင်ခဲ့ပေမယ့် ဒီကနေ့အထိ အကြောင်းမပြန်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်းမှာ NLD အစိုးရရဲ့ ကိုင်တွယ်ပုံတွေက အတော်ကြမ်းလာပြီး မန်းမဟော်သဓာမြေကွက်ထဲမှာ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ပို့ချနေတဲ့ ဆရာမဒေါ်ကြည်ကြည်ဆွေကို စာဆင့်ခေါ်ပြီး ဝန်ခံကတိလက်မှတ်ထိုးခိုင်းတာ၊ သင်တန်းနည်းပြ ဦးဇင်းလေးတွေရဲ့ ဘွဲ့၊ ကျောင်း၊ နေရပ်လိပ်စာတွေ လာရောက်စစ်ဆေးတာတွေအထိ ပြုမူလာတာ တွေ့ခဲ့ရပါတယ်။

တိုင်းဒေသကြီးအစိုးရက မန်းမဟော်သဓာကျောင်းတော်ကြီး မဆောက်ဖြစ်အောင် အသွင်သဏ္ဌာန်မျိုးစုံနဲ့ စနစ်တကျ ပိတ်ဆို့လာတာတွေထဲက ဦးပဉ္ဇင်းမှတ်မိသလောက်ပြောရရင် မြေအရောင်းအဝယ်လုပ်သူတွေကို ဖမ်းဆီးဖို့ ကြံစည်လာတာပါ။ မြေကွက်ပိုင်ရှင် ဒေါ်မေထံ သွားရောက်စစ်ဆေးတဲ့အခါ မြေကွက်က ရောင်းတာမဟုတ်ဘဲ လှူတာဖြစ်နေလို့ရယ်၊ ဒေါ်မေက အသက်ကိုးဆယ်ကျော် တစ်ရာနားနီး အဖွားကြီး ဖြစ်နေလို့ရယ်ကြောင့် မအောင်မမြင် ဖြစ်သွားကြတာပါ။
(ဆက်လက်ဖော်ပြပါမည်)

အိတ်ဖွင့်ပေးစာ စာအုပ်ကို
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ရနိုင်ပါသည်။
ဈေးနှုန်း – ၁၅၀၀