နဂါးနီစုဘူးသတင္း

ေအာင္သာယာ နဂါးနီစုဘူးအသင္း ေငြေပးပြဲ

အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဦးဝီရသူတည္ေထာင္ေသာ မႏၲေလး၊ ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊၊ ေအာင္သာယာရပ္ကြက္ရွိ အမွတ္(၆)နဂါးနီစုဘူးအသင္း စုဘူးေငြထုတ္ေပးပဲြျဖစ္ပါတယ္။

(29.10.2019)ရက္ေန႔၊ မနက္(၁၀း၀၀)နာရီ၊ ေအာင္သာယာ မဘသရုံးစုိက္ရာ ၄၅×၄၇ လမ္း၊ ျမတ္ေလးလမ္းႏွင့္ ဂႏၶမာလမ္းၾကား ရတနာသိဒၶိေက်ာင္းတုိက္မွာ က်င္းပတာပါ။
နဂါးနီစုဘူးအသင္း နာယကဆရာေတာ္ အရွင္ဇဝန၊ စာရင္းစစ္ ေဒၚတင္စန္းတို႔ တက္ေရာက္ၾကၿပီး နာယကဆရာေတာ္ အရွင္ဇဝန က ၾသဝါဒခ်ီးျမႇင့္ပါတယ္။
တစ္သိန္းခြဲတန္းအသင္းဝင္ (၃၀)ဦးအတြက္ တစ္ဦးလွ်င္ တစ္သိန္းခြဲက်ပ္စီ၊ တစ္သိန္းတန္းအသင္းဝင္(၁၂၀)ဦးအတြက္ တစ္ဦးလွ်င္ တစ္သိန္းက်ပ္စီ ထုတ္ေပးခဲ့ပါတယ္။

ဆရာေတာ္ဦးဝီရသူတည္ေထာင္ခဲ့တဲ့ စုဘူးမ်ားအနက္ ေအာင္သာယာ နဂါးနီစုဘူးအသင္းဟာ ဆ႒မေျမာက္ အမွတ္(၆)စုဘူးျဖစ္ျပီး (၂.၁.၂၀၁၆)ရက္ေန႔မွာ တည္ေထာင္ေပးခဲ့ပါတယ္။
ဦးေရ (၅၀)ျဖင့္ စတင္ဖြဲ႔စည္းေပးခဲ့ရာ ယခုအခါ အသင္းဝင္(၁၅၀)ဦးရွိပါၿပီး
တစ္သိန္းခြဲတန္း ၃၀ ဦး၊
တစ္သိန္းတန္း ၁၂၀ ဦး ျဖစ္ပါတယ္။

ရည္ရြယ္ခ်က္
နဂါးနီစုဘူးအသင္းမ်ားကို ဆင္းရဲသားျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရး၊ ကိုယ္က်င့္တရားတိုးတက္ျမင့္မားေရး၊ ႀကီးပြားလိုစိတ္ ေအာင္ျမင္လိုစိတ္မ်ား ရွင္သန္လာေစေရးတို႔အတြက္ ရည္မွန္း၍ ဆရာေတာ္ဦး၀ီရသူမွ တရားပြဲမ်ားမွရရွိခဲ့ေသာ ဓမၼပူဇာမ်ားျဖင့္ မ-တည္ကာ တည္ေထာင္ထားျခင္းျဖစ္ပါတယ္။

ေငြေခ်းစနစ္
နဂါးနီစုဘူးအသင္း၏ ေငြေခ်းမႈစနစ္မွာ (၅)က်ပ္တိုးျဖစ္ျပီး (၅)ေသာင္းက်ပ္အတြက္ တစ္ရက္လွ်င္ တစ္ေထာင္ႏႈန္းစုရပါတယ္။ အတိုး(၅)က်ပ္ထဲမွ (၂)က်ပ္ကုိ အသင္းဝင္မ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရန္ပုံေငြ၊ (၃)က်ပ္ကို အသင္းဝင္သစ္မ်ားတိုးခ်ဲ႕လက္ခံရန္ႏွင့္ ေခ်းေငြမ်ား တိုးျမင့္ေခ်းေပးႏိုင္ရန္ ျပန္လည္သုံးစြဲပါတယ္။
ဆရာေတာ္ဦးဝီရသူတည္ေထာင္ဖြင့္လွစ္ေပးတဲ့ နဂါးနီစုဘူးေပါင္း (၇)ခုရွိၿပီး ဆင္းရဲသားျပည္သူမ်ားအတြက္ အဆက္မျပတ္ စနစ္တက် လည္ပတ္အက်ဳိးျပဳလ်က္ရွိပါတယ္။
ဝီရေခမိန္ (နဂါးနီစုဘူးသတင္းေထာက္)

“နဂါးနီစုဘူး ေဆာင္ပုဒ္”
အတိုးေပၚ အတိုးဆင့္၊ အတိုးနင့္ဒုကၡေတြ။
ဘဝတစ္ခုလုံး၊ လူညြန္႔တုံး၊ လူျဖစ္ရႈံးမႈေတြ။
ေပ်ာက္ပါေစ ရည္စူးျပီး၊ စုဘူးႀကီး တည္ေထာင္ေပ။
ေသာက္စား ေပ်ာ္ပါး ေလာင္းကစား အားလုံးေရွာင္ၾကဥ္ေလ။
ရိုးရိုးသားသား၊ ႏိုးႏိုးၾကား၊ ႀကဳိးစားစုၾကေလ။
အိုးမဲ့ အိမ္မဲ့၊ အေျခေနမဲ့၊ ကဲ့ရဲ႕လြတ္ၾကေစ။
ရခဲရၾက လူ႔ဘဝ၊ အရေတာ္ၾကေစ။
လူတစ္လုံး သူတစ္လုံး၊ အပီျပင္ဆုံး၊ ရုပ္လုံးေဖာ္ၾကေစ။
(ဝီရသူ-မစုိးရိမ္)

“အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ”

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။

(29.10.2019)ရက်နေ့၊ မနက်(၁၀း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။
နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ စာရင်းစစ် ဒေါ်တင်စန်းတို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။
တစ်သိန်းခွဲတန်းအသင်းဝင် (၃၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ၊ တစ်သိန်းတန်းအသင်းဝင်(၁၂၀)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။

ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။
ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခုအခါ အသင်းဝင်(၁၅၀)ဦးရှိပါပြီး
တစ်သိန်းခွဲတန်း ၃၀ ဦး၊
တစ်သိန်းတန်း ၁၂၀ ဦး ဖြစ်ပါတယ်။

ရည်ရွယ်ချက်
နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ကြီးပွားလိုစိတ် အောင်မြင်လိုစိတ်များ ရှင်သန်လာစေရေးတို့အတွက် ရည်မှန်း၍ ဆရာတော်ဦးဝီရသူမှ တရားပွဲများမှရရှိခဲ့သော ဓမ္မပူဇာများဖြင့် မ-တည်ကာ တည်ထောင်ထားခြင်းဖြစ်ပါတယ်။

ငွေချေးစနစ်
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် ပြန်လည်သုံးစွဲပါတယ်။
ဆရာတော်ဦးဝီရသူတည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း (၇)ခုရှိပြီး ဆင်းရဲသားပြည်သူများအတွက် အဆက်မပြတ် စနစ်တကျ လည်ပတ်အကျိုးပြုလျက်ရှိပါတယ်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)