သတင်း




 

“အမျိုးသားရေးသမားလေး ဒုလ္လဘရဟန်းခံပွဲ”

14.7.2018 ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ရွှေစည်ရိပ်သာမှာကျင်းပပါတယ်။ မနက် ၉း၃၀ နာရီမှ ၁၀း၃၀ နာရီအထိ စာချနေရလို့ နေ့ဆွမ်းစားချိန်အရောက်သွားခဲ့ရပါတယ်။

မန်း မဘသ အကြီးအမှူးဆရာတော်များနှင့် စကားလက်ဆုံကျခဲ့ပါတယ်။ အမျိုးသားရေးသမားလေး စိုင်းမင်းခန့်ရဲ့ ရဟန်းခံပွဲပါ။
အမျိုးသားရေးညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါတယ်။ ဒုလ္လဘရဟန်းဖြစ်လို့ ကျောင်းသန့်ရှင်းရေးများများလုပ်ဖို့ ဂုဏ်တော်ပွားဖို့လောက်ပဲ တိုက်တွန်းခဲ့ပါတယ်။