သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၆)

၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းရွာမှာ တပ်ခေါက်ပြန်လာခဲ့ကြပါတယ်။ နယ်မြေခံသတင်းသမားက ခရီးစဉ်တစ်လျှောက်လုံး လိုင်းပေါ်တင်နေလို့ မလုံခြုံတော့တာကတစ်ကြောင်း၊ ကျီးကန်းပြင်နယ်ခြားစောင့်တပ်ဌာနချုပ်ကို နယ်ခံဆရာတော်တွေနဲ့ ဝင်တွေ့မှန်းသိလျက်နဲ့ ရခိုင်ပြည်ကြီး ပျက်စီးရာပျက်စီးကြောင်း လာကြံသလို ရေးတင်တာကတစ်ကြောင်းကြောင့်၊ တောင်ပြိုလက်ဝဲဘက်မှ ကျေးရွာများသို့ ဆက်လက်မသွားဖြစ်တော့ဘဲ လှည့်ပြန်ခဲ့ကြတာပါ။

နေ့လည်ပိုင်းလောက်မှာ ဖားဝပ်ချောင်းရွာရောက်ပါတယ်။ ရခိုင်ရွာပါ။ အိမ်ခြေ ၁၀၄ ခုရှိပါတယ်။ ၁၉၉၆ ခုနှစ်မှာ ရွာတည်တာပါ။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်စတဲ့နယ်စုံမှ ရခိုင်တိုင်းရင်းသား များဖြင့် တည်ထားတဲ့ရွာလေးပါ။
တည်ကာစက အိမ် ၁၀၀ ပါ။ အခု ၁၀၄ အိမ်ရှိပါပြီ။ နှစ်ပေါင်း နှစ်ဆယ်ကျော်မှ ၄ အိမ်ပဲတိုးပါတယ်။ ရခိုင်တွေရဲ့ မွေးဖွားနှုန်းကို ခန့်မှန်းလို့ရပါတယ်။

အိမ် ၁၀၀ မှာ လယ်သုံးဧကစီရှိပါတယ်။ စားအိုးခွဲလေးအိမ်ပဲ လယ်မရှိတာပါ။ ရွာနဲ့နီးတဲ့လယ်တွေမှာ စိုက်ပျိုးနိုင်ကြပေမယ့် ဘင်္ဂလီရွာတွေဘက်ရောက်နေတဲ့ လယ်တွေကိုတော့ ကိုယ်တိုင်မစိုက်ပျိုးနိုင်ကြလို့ ဘင်္ဂလီတွေကိုပဲ အငှားပြန်ချပေးထားရပါတယ်။ ကျီးကန်းပြင်အရေးအခင်း အပြီးမှာ ဘင်္ဂလီစာရင်းငှားတွေကို ငှားလို့မရတော့တာကြောင့် မစိုက်ပျိုးဘဲ ပစ်ထားရပါတယ်။
လယ်ပိုင်လျက် လယ်မလုပ်နိုင်ရှာတဲ့ ရွာသူတွေကတော့ ဖားရှာငါးရှာဘဝနဲ့ ကြုံသလိုလုပ်ပြီး ဖြစ်သလို ရပ်တည်နေရပါတယ်။
ကျီးကန်းပြင် အရေးအခင်းမှာ ရွာကို အကြမ်းမဖက်ကြပေမယ့် အမျိုးသားသုံးဦးပျောက်ဆုံးသွားတာ အခုအချိန်ထိ ဘာသတင်းမှ မကြားရတော့ပါဘူး။

နေ့ခင်းကြောင်တောင်ကြီး ဆိုင်ကယ်နှင့်ထွက်သွားကြပြီး ဘင်္ဂလီရွာတွေကို ဖြတ်သန်းရချိန်မှာ ပျောက်ဆုံး သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြတာပါ။ ဆိုင်ကယ်နှစ်စီး လူသုံးယောက်သွားကြတာ ဆိုင်ကယ်ရာ လူရော ပျောက်သွားခဲ့တာပါ။ အခြားရွာသားက နှစ်ဦး၊ ဖားဝပ်ချောင်းရွာက တစ်ဦးလို့ ဆိုပါတယ်။

ဆန်နှင့်ငါးခြောက်လှူဒါန်းခဲ့ပြီး နောင်တော်ကြီး ဦးကေသရက ဆုံးမသြဝါဒပေးပါတယ်။ စာရေးသူက နမောတဿ အမြဲရွတ်ကြဖို့ တိုက်တွန်းပါတယ်။ ဖားဝပ်ချောင်းဘုန်းကြီးကျောင်းမှာ သံဃာမရှိပါဘူး။ အိမ်ခြေ ၁၀၄ ခုသာရှိတဲ့ ဆင်းရဲသားရွာမှာ ကျောင်းထိုင် မမြဲပါဘူး။ ကျောင်းလေးက အတော်သာယာပေမယ့် ကျောင်းထိုင်မမြဲကြလို့ ညီတော်နောင်တော်များ စိတ်မကောင်းဖြစ်နေကြပါတယ်။ ရွာသူရွာသားတွေကိုလည်း ကရုဏာသက်နေကြပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေရဲ့ ရှေ့ရေးကို တွေးပူနေမိကြတာပါ။

ကလေးငယ်တွေကို မုန့်တွေဝေကျွေးခဲ့ကြပါတယ်။ ကလေးငယ်တွေအတွက် မုန့်ကို ရန်ကုန် တာမွေမြို့နယ်မှ မိုင်ကိတ်မိသားစုက လှူဒါန်းပြီး၊ ရွာသူ ရွာသားများအတွက် ဆန်နှင့်ငါးခြောက်ကို ဓမ္မဝံသာနုရက္ခိတအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုးထွန်းရှိန် မိသားစုက လှူဒါန်းပါတယ်။

ဖားဝပ်ချောင်းကျောင်းဝန်းထဲမှာ စခန်းချထားတဲ့ ရဲဘော်တွေကို ကော်ဖီမစ်နှင့် စားစရာတွေ ပေးလှူခဲ့ပါတယ်။ ရဲဘော်တွေကလည်း ငွေနှစ်သောင်းကျပ် စုလှူလိုက်ပါသေးတယ်။ သနားလို့ မယူရက်ပေမယ့် တောင်းတောင်း ပန်ပန်လှူဒါန်းနေတာကြောင့် လက်ခံလိုက်ရတာပါ။ အမျိုးတွေကို လာရောက်ကာကွယ်တဲ့ ရဲဘော်လေးတွေအတွက် ရိက္ခာလှူဒါန်းရပါဦးမယ်။


ဝီရသူ(မစိုးရိမ်)
3.7.2017
AM 00:07