သတင်း

ပါတီနှင့် အင်အားစုများ တတိယအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲ

မန္တလေးအခြေစိုက် နိုင်ငံရေးပါတီများနှင့် အမျိုးသားရေးအင်အားစုများ စုပေါင်းသင်္ကန်းကပ်လှူပွဲပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မန္တလေးတိုင်းဒေသကြီးကော်မတီရုံးမှာ ကျင်းပပါတယ်။

1.7.2017 ရက်နေ့မနက် 10:30 နာရီမှာ ကျင်းပတာပါ။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီးအပါအဝင် မန်း မဘသ ဆရာတော်များ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)သံဃာများ ကြွရောက်ပါတယ်။ 

နန်းဦးကျောင်းတိုက် မော်လမြိုင်ကျောင်းဆရာတော် ဘဒ္ဒန္တကေသရိန္ဒမှ ငါးပါးသီလချီးမြှင့်ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)မှ အနုမောဒနာတရား ဟောကြားပါတယ်။

စာရေးသူက သြဝါဒစကား ပြောကြားပါတယ်။ ဝါဆိုသင်္ကန်းကပ်လှူပြီး ရေစက်ချအမျှဝေကာ နေ့ဆွမ်းဆက်ကပ်ကြပါတယ်။
မန္တလေးအခြေစိုက် ပါတီအားလုံးစုံသလောက်ပါပဲ။

အာဏာရပါတီတစ်ခုပဲ ကျန်တာပါ။ အခုလိုကျင်းပတာ သုံးနှစ်(သုံးကြိမ်)ရှိပါပြီ။ ညီညွတ် စည်းလုံး နိုးကြား တက်ကြွတာ တွေ့ရပါတယ်။

စာရေးသူရဲ့သြဝါဒကထာလိုရင်းကတော့ တိုင်းပြည်ရဲ့အာဏာဟာ လူကြမ်းတွေရဲ့လက်ထဲမှ လူရိုင်းတွေရဲ့လက်ထဲ ရောက်ရှိသွားပါပြီ။

လူကြမ်းတွေရဲ့အရသာကို တဝကြီးခံစားပြီး လူရိုင်းတွေရဲ့အရသာကို အနည်းငယ်ခံစားနေရပါပြီ။ လူကြမ်းတွေကမှတော်ပါသေးတယ်၊ သံဃာကိုပဲ နှိပ်ကွပ်တာ၊ သာသနာကိုမဖျက်ဆီးဘူး။ လူရိုင်းတွေက သံဃာကိုလည်းနှိပ်ကွပ်တယ်၊ သာသနာကိုလည်း ဖျက်ဆီးတယ်။

အမြစ်ကနေကို တူးဖြိုဖျက်ဆီးနေတာပါ။ မြန်မာပြည် မြန်မာ့သာသနာ အန္တရာယ်ကျရောက်နေပါပြီ။ အားလုံး သတိဝီရိယနဲ့နေကြဖို့ ရည်ရွယ်ဟောပြောခဲ့တာပါ။

ရွှေဟင်္သာမင်း ဇာတ်တော်ကိုးကားပြီး ဘေးမဲ့တောဟူသော ဆိုင်းဘုတ်လှလှနဲ့ စားနပ်ရိက္ခာတည်းဟူသော ရုပ်ပြမက်လုံးလေးတွေကြောင့် ဟင်္သာတွေကို တားမရဆီးမရဖြစ်ခဲ့ပြီး ဘုရားလောင်းဟင်္သာမင်း ကျော့ကွင်းမိသွားတော့တာပါ။
အခုလည်း ပြည်သူတွေကျော့ကွင်းမိနေကြပါပြီ ဟူသတည်း။