မန္းမေဟာ္သဓာသတင္း

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ႏွင့္ မႏၲေလးတုိင္းေဒသႀကီး NLD အစုိးရအဖြဲ႔ထံသုိ႔ အရွင္ဝီရသူ (မစုိးရိမ္)၏ အိတ္ဖြင့္ေပးစာ (၁-ခ)

ေနာက္ေတာ့ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးေတြနဲ႔ ထိန္းခုိင္းမယ္လုပ္လာပါတယ္။ စာသင္ေက်ာင္း ေဆာက္လုပ္ခြင့္ဟာ သံဃာ့အဖြဲ႔အစည္းႏွင့္ မသက္ဆုိင္၊ သာသနာေရးဌာနႏွင့္လည္း မပတ္သက္ေပမယ့္ မဘသအဖြဲ႔ႀကီးကို မဟနအဖြဲ႔ႀကီးနဲ႔ ထိန္းခ်ဳပ္ခဲ့သလုိ ဝီရသူကိုလည္း သံဃနာယကအဖြဲ႔အဆင့္ဆင့္နဲ႔ ထိန္းခ်ဳပ္ဖုိ႔ လုပ္လာတာလုိ႔ပဲ ယူဆပါတယ္။

မန္းမေဟာ္သဓာ ကိုယ္ပုိင္အထက္တန္းေက်ာင္းေတာ္ႀကီး ေျမကြက္အလွဴရွင္က ဓမၼဓရ ေရႊဆံႏြယ္ဆရာေတာ္ အရွင္ဝါယာမာနႏၵႏွင့္ ေက်ာက္ေခ်ာရြာမွ ေဒၚေမတုိ႔ ျဖစ္ပါတယ္။ ေရႊဆံႏြယ္ေျမကြက္က ရဲရြာသြားလမ္းေဘးမွာတည္ရွိၿပီး ေဒၚေမအကြက္က ေရႊဆံႏြယ္အကြက္ရဲ႕ေက်ာဘက္ ခ်ဳိင့္ဝွမ္းထဲမွာ ရွိပါတယ္။ ၎ေျမကြက္မ်ားလက္ခံႏိုင္ဖုိ႔ ပုသိမ္ႀကီးၿမဳိ႕နယ္ႏွင့္ ျပင္ဦးလြင္ၿမဳိ႕နယ္ေတြမွာ 2015 ခုႏွစ္ကတည္းက ေျမရာဇဝင္ေလ့လာခဲ့တာပါ။ ၎ေျမကြက္ကို ပုသိမ္ႀကီးၿမဳိ႕နယ္က ျပင္ဦးလြင္အပုိင္ဟု ေျပာသလို ျပင္ဦးလြင္ၿမဳိ႕နယ္ကလည္း ပုသိမ္ႀကီးအပိုင္လုိ႔ ေျပာပါတယ္။ ပုသိမ္ႀကီးၿမဳိ႕နယ္ ေျမစာရင္းေျမပုံထဲမွာလည္း ေက်ာက္ေခ်ာရြာ မပါဝင္ပါဘူး။ ေျမပုံထဲမပါဝင္ေသးဘူးဆိုကတည္းက မေဟာ္သဓာေျမကြက္ဟာ မႏၲေလး စည္ပင္သာယာနယ္နိမိတ္အတြင္း မက်ေရာက္ဘူးဆုိတာ သိသာထင္ရွားပါတယ္။

မန္းမေဟာ္သဓာေျမကြက္ဟာ လယ္ေျမမဟုတ္သလို ယာေျမလည္း မဟုတ္ပါဘူး။ ရြာေျမ ပလပ္ေျမ ျဖစ္ေနလို႔ O-A စာရင္းဝင္ေပမယ့္ အစုိးရပိုင္ေျမမဟုတ္ပါဘူး။ အစုိးရစီမံခန္႔ခြဲပုိင္ခြင့္ရွိတဲ့ေျမသာ ျဖစ္ပါတယ္။ အစုိးရစီမံခန္႔ခြဲပိုင္ခြင့္ရွိတဲ့ေျမေပၚမွာ စည္းမ်ဥ္းဥပေဒနဲ႔ညီရင္ မည္သူ႔ကိုမဆို မည္သည့္အဖြဲ႔အစည္း ကိုမဆို ခြင့့္ျပဳခ်က္ခ်ေပးႏိုင္ၿပီး စည္းမ်ဥ္းဥပေဒႏွင့္မညီဘူးဆုိရင္ေတာ့ မည္သူ႔ကိုမွ် မည္သည့္အဖြဲ႔အစည္းကိုမွ် ခ်ေပးစရာမလိုပါဘူး။

တုိင္းေဒသႀကီးအစုိးရကိုင္တြယ္ပုံက စည္းမ်ဥ္းဥပေဒႏွင့္ညီျခင္း မညီျခင္းက အဓိကမဟုတ္ဘဲ ဝီရသူႏွင့္ မဘသအဖြဲ႔လုပ္တာ ဟုတ္ျခင္း မဟုတ္ျခင္းက အဓိကျဖစ္ေနတာကို ေတြ႔ရပါတယ္။

ႏိုင္ငံေရးအာဃာတအရ ကန္႔သတ္ခံရတာမ်ဳိး ရွိလာႏိုင္လို႔ ေဆာက္မိန္႔စတင္ေတာင္းခံကတည္းက မဘသမဟုတ္သူရဲ႕ အမည္ႏွင့္တင္ခဲ့သလို ဝါခင္းကုန္းျဗဟၼစိုရ္ဆရာေတာ္ႀကီးရဲ႕ ေထာက္ခံစာ (ကုိယ္စားလွယ္စာ)ႏွင့္ တင္ခဲ့တာပါ။ ဝါခင္းကုန္းဆရာေတာ္ႀကီးကိုယ္တုိင္ လက္မွတ္ေရးထုိးၿပီး ေဆာက္လုပ္ခြင့္ ရရွိေရး အကူအညီေပးဖုိ႔ ေမတၱာရပ္ခံစာ ေပးပို႔ထားတာေတာင္ ဒကာေတာ္တုိ႔ NLD အစုိးရက ဆရာေတာ္ႀကီးကို တုိက္ရုိက္ေလွ်ာက္ထားေမးျမန္းျခင္းမလုပ္ဘဲ ျဗဟၼစိုရ္လူမႈကူညီေရးအသင္းမွ ဒကာေတာ္ဝန္ႀကီးခ်ဳပ္ရဲ႕ လူယုံေတာ္ ႏွစ္ဦးကို ေခၚေမးတာဟာ ဒကာေတာ္ဝန္ႀကီးခ်ဳပ္ရဲ႕ သေဘာထား ေပၚလြင္ေနသလို အမ်ဳိးသားေရးသမားေတြႏွင့္ မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး ျဖစ္ေျမာက္ေအာင္ျမင္ေရးအဖြဲ႔အေပၚ ႏွိပ္ကြပ္ေနတာဟာ ေအာက္ေျခ အဆင့္ကပဲ ျဖစ္တယ္၊ ဒကာေတာ္ဝန္ႀကီးခ်ဳပ္မသိေလာက္ဘူး၊ ဝန္ႀကီးခ်ဳပ္က မွ်တပံုရတယ္၊ ဓမၼဓိ႒ာန္က်က်ပဲ ေဆာက္ရြက္လိမ္မယ္ဆိုတဲ့ အထင္ႀကီးမႈ ေလးစားမႈေတြဟာလည္း အလဟႆ ျဖစ္သြားခဲ့ရပါေတာ့တယ္။

မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီး ေဆာက္မိန္႔တင္တာႏွင့္ပတ္သက္ၿပီး 8.6.2018 ရက္ေန႔ ပထမဦးဆံုးတင္ခဲ့တုန္းက ဝါခင္းကုန္း ျဗဟၼစိုရ္ဆရာေတာ္ႀကီး ဘဒၵႏၲတိကၡရဲ႕ ေထာက္ခံစာနဲ႔ တင္ခဲ့ပါတယ္။ 26.2.2018 ရက္ေန႔မွာ ဝါခင္းကုန္း ျဗဟၼစိုရ္ဆရာေတာ္ႀကီး ဘဒၵႏၲတိကၡရဲ႕ ေမတၱာရပ္ခံစာနဲ႔ တင္ခဲ့ပါတယ္။
29.5.2018 ရက္ေန႔ႏွင့္ 3.6.2018 ရက္ေန႔ေတြမွာ မန္းမေဟာ္သဓာျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟိုေကာ္မတီလူႀကီးမ်ားက ဒကာေတာ္ဝန္ႀကီးခ်ဳပ္ရုံးသုိ႔ သြားေရာက္ခဲ့ေသာ္လည္း မေတြ႔ခဲ့ရပါ။ 12.6.2018 ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ရဲ႕လူယုံေတာ္ေတြျဖစ္တဲ့ ျဗဟၼစုိရ္လူမႈကူညီေရးအဖြဲ႔မွ အႀကီးအကဲႏွစ္ဦးကို ေခၚေတြ႔ၿပီး မန္းမေဟာ္သဓာေက်ာင္းေတာ္ႀကီးကို ဝါခင္းကုန္းျဗဟၼစုိရ္ဆရာေတာ္ႀကီးဦးေဆာင္တာ ဟုတ္ မဟုတ္၊ ဝီရသူလုပ္တာ ဟုတ္ မဟုတ္၊ မဘသအဖြဲ႔ႏွင့္ ပတ္သက္မႈ ရွိ မရွိ၊ ျဗဟၼစိုရ္လူမႈကူညီေရးအဖြဲ႔ႏွင့္ သက္ဆုိင္မႈ ရွိ မရွိ စံုစမ္းေမးျမန္းၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ ေဆာက္မိန္႔ခ်မေပးဘဲ အစုိးရသက္တမ္းကုန္ဆံုးတဲ့အထိ အခ်ိန္ဆြဲသြား ေတာ့မယ္ ဆိုတဲ့အေျဖတစ္ခုကို ရရွိလုိက္ပါေတာ့တယ္။
(ဆက္လက္ေဖာ္ျပပါမည္)

အိတ္ဖြင့္ေပးစာ စာအုပ္ကို
မစိုးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ရႏိုင္ပါသည္။
ေစ်းႏႈန္း – ၁၅၀၀

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် မန္တလေးတိုင်းဒေသကြီး NLD အစိုးရအဖွဲ့ထံသို့
အရှင်ဝီရသူ (မစိုးရိမ်)၏ အိတ်ဖွင့်ပေးစာ (၁-ခ)

နောက်တော့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေနဲ့ ထိန်းခိုင်းမယ်လုပ်လာပါတယ်။ စာသင်ကျောင်း ဆောက်လုပ်ခွင့်ဟာ သံဃာ့အဖွဲ့အစည်းနှင့် မသက်ဆိုင်၊ သာသနာရေးဌာနနှင့်လည်း မပတ်သက်ပေမယ့် မဘသအဖွဲ့ကြီးကို မဟနအဖွဲ့ကြီးနဲ့ ထိန်းချုပ်ခဲ့သလို ဝီရသူကိုလည်း သံဃနာယကအဖွဲ့အဆင့်ဆင့်နဲ့ ထိန်းချုပ်ဖို့ လုပ်လာတာလို့ပဲ ယူဆပါတယ်။

မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး မြေကွက်အလှူရှင်က ဓမ္မဓရ ရွှေဆံနွယ်ဆရာတော် အရှင်ဝါယာမာနန္ဒနှင့် ကျောက်ချောရွာမှ ဒေါ်မေတို့ ဖြစ်ပါတယ်။ ရွှေဆံနွယ်မြေကွက်က ရဲရွာသွားလမ်းဘေးမှာတည်ရှိပြီး ဒေါ်မေအကွက်က ရွှေဆံနွယ်အကွက်ရဲ့ကျောဘက် ချိုင့်ဝှမ်းထဲမှာ ရှိပါတယ်။ ၎င်းမြေကွက်များလက်ခံနိုင်ဖို့ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တွေမှာ 2015 ခုနှစ်ကတည်းက မြေရာဇဝင်လေ့လာခဲ့တာပါ။ ၎င်းမြေကွက်ကို ပုသိမ်ကြီးမြို့နယ်က ပြင်ဦးလွင်အပိုင်ဟု ပြောသလို ပြင်ဦးလွင်မြို့နယ်ကလည်း ပုသိမ်ကြီးအပိုင်လို့ ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ် မြေစာရင်းမြေပုံထဲမှာလည်း ကျောက်ချောရွာ မပါဝင်ပါဘူး။ မြေပုံထဲမပါဝင်သေးဘူးဆိုကတည်းက မဟော်သဓာမြေကွက်ဟာ မန္တလေး စည်ပင်သာယာနယ်နိမိတ်အတွင်း မကျရောက်ဘူးဆိုတာ သိသာထင်ရှားပါတယ်။

မန်းမဟော်သဓာမြေကွက်ဟာ လယ်မြေမဟုတ်သလို ယာမြေလည်း မဟုတ်ပါဘူး။ ရွာမြေ ပလပ်မြေ ဖြစ်နေလို့ O-A စာရင်းဝင်ပေမယ့် အစိုးရပိုင်မြေမဟုတ်ပါဘူး။ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေသာ ဖြစ်ပါတယ်။ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေပေါ်မှာ စည်းမျဉ်းဥပဒေနဲ့ညီရင် မည်သူ့ကိုမဆို မည်သည့်အဖွဲ့အစည်း ကိုမဆို ခွင့်ပြုချက်ချပေးနိုင်ပြီး စည်းမျဉ်းဥပဒေနှင့်မညီဘူးဆိုရင်တော့ မည်သူ့ကိုမျှ မည်သည့်အဖွဲ့အစည်းကိုမျှ ချပေးစရာမလိုပါဘူး။

တိုင်းဒေသကြီးအစိုးရကိုင်တွယ်ပုံက စည်းမျဉ်းဥပဒေနှင့်ညီခြင်း မညီခြင်းက အဓိကမဟုတ်ဘဲ ဝီရသူနှင့် မဘသအဖွဲ့လုပ်တာ ဟုတ်ခြင်း မဟုတ်ခြင်းက အဓိကဖြစ်နေတာကို တွေ့ရပါတယ်။

နိုင်ငံရေးအာဃာတအရ ကန့်သတ်ခံရတာမျိုး ရှိလာနိုင်လို့ ဆောက်မိန့်စတင်တောင်းခံကတည်းက မဘသမဟုတ်သူရဲ့ အမည်နှင့်တင်ခဲ့သလို ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးရဲ့ ထောက်ခံစာ (ကိုယ်စားလှယ်စာ)နှင့် တင်ခဲ့တာပါ။ ဝါခင်းကုန်းဆရာတော်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဆောက်လုပ်ခွင့် ရရှိရေး အကူအညီပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ထားတာတောင် ဒကာတော်တို့ NLD အစိုးရက ဆရာတော်ကြီးကို တိုက်ရိုက်လျှောက်ထားမေးမြန်းခြင်းမလုပ်ဘဲ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ ဒကာတော်ဝန်ကြီးချုပ်ရဲ့ လူယုံတော် နှစ်ဦးကို ခေါ်မေးတာဟာ ဒကာတော်ဝန်ကြီးချုပ်ရဲ့ သဘောထား ပေါ်လွင်နေသလို အမျိုးသားရေးသမားတွေနှင့် မန်းမဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးအဖွဲ့အပေါ် နှိပ်ကွပ်နေတာဟာ အောက်ခြေ အဆင့်ကပဲ ဖြစ်တယ်၊ ဒကာတော်ဝန်ကြီးချုပ်မသိလောက်ဘူး၊ ဝန်ကြီးချုပ်က မျှတပုံရတယ်၊ ဓမ္မဓိဋ္ဌာန်ကျကျပဲ ဆောက်ရွက်လိမ်မယ်ဆိုတဲ့ အထင်ကြီးမှု လေးစားမှုတွေဟာလည်း အလဟဿ ဖြစ်သွားခဲ့ရပါတော့တယ်။

မန်းမဟော်သဓာကျောင်းတော်ကြီး ဆောက်မိန့်တင်တာနှင့်ပတ်သက်ပြီး 8.6.2018 ရက်နေ့ ပထမဦးဆုံးတင်ခဲ့တုန်းက ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခရဲ့ ထောက်ခံစာနဲ့ တင်ခဲ့ပါတယ်။ 26.2.2018 ရက်နေ့မှာ ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခရဲ့ မေတ္တာရပ်ခံစာနဲ့ တင်ခဲ့ပါတယ်။
29.5.2018 ရက်နေ့နှင့် 3.6.2018 ရက်နေ့တွေမှာ မန်းမဟော်သဓာဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီလူကြီးများက ဒကာတော်ဝန်ကြီးချုပ်ရုံးသို့ သွားရောက်ခဲ့သော်လည်း မတွေ့ခဲ့ရပါ။ 12.6.2018 ရက်နေ့မှာ ဝန်ကြီးချုပ်ရဲ့လူယုံတော်တွေဖြစ်တဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအဖွဲ့မှ အကြီးအကဲနှစ်ဦးကို ခေါ်တွေ့ပြီး မန်းမဟော်သဓာကျောင်းတော်ကြီးကို ဝါခင်းကုန်းဗြဟ္မစိုရ်ဆရာတော်ကြီးဦးဆောင်တာ ဟုတ် မဟုတ်၊ ဝီရသူလုပ်တာ ဟုတ် မဟုတ်၊ မဘသအဖွဲ့နှင့် ပတ်သက်မှု ရှိ မရှိ၊ ဗြဟ္မစိုရ်လူမှုကူညီရေးအဖွဲ့နှင့် သက်ဆိုင်မှု ရှိ မရှိ စုံစမ်းမေးမြန်းပြီးတဲ့နောက်ပိုင်းမှာတော့ ဆောက်မိန့်ချမပေးဘဲ အစိုးရသက်တမ်းကုန်ဆုံးတဲ့အထိ အချိန်ဆွဲသွား တော့မယ် ဆိုတဲ့အဖြေတစ်ခုကို ရရှိလိုက်ပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)

အိတ်ဖွင့်ပေးစာ စာအုပ်ကို
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ရနိုင်ပါသည်။
ဈေးနှုန်း – ၁၅၀၀