မုဒိတာရပ္၀န္းသတင္း

“စာေျဖသံဃာ အရုဏ္ဆြမ္းအလွဴ(ဒုတိယေန႔)”

24.3.2020 ရက္ေန႔၊ မနက္ ၅း၃၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ကပ္လွဴတာပါ။
မစုိးရိမ္တုိက္သစ္ အစုိးရဓမၼာစရိယတန္းစာေမးပြဲ ပါရာဇိကဏ္ဘာသာရပ္(ဒုတိယေန႔)ေျဖဆိုၾကမည့္ သံဃာေတာ္မ်ားအား အရုဏ္ဆြမ္းအျဖစ္ မုန္႔တီသုပ္ႏွင့္ ေခါက္ဆြဲသုပ္ ကပ္လွဴတာျဖစ္ပါတယ္။

အလွဴရွင္မ်ားက ကခ်င္ျပည္နယ္၊ အင္းေတာ္ႀကီးေဒသ၊ နမ့္မြန္းၿမဳိ႕၊ ေဒၚဝင္းေငြဦးေဆာင္ေသာ နမ့္မြန္းၿမဳိ႕သူၿမဳိ႕သားမ်ား ျဖစ္ပါတယ္။ ၎တုိ႔အဖြဲ႔က စာေျဖသံဃာအရုဏ္ဆြမ္းအတြက္ ႏွစ္တုိင္းစဥ္ႏွစ္တုိင္း ကပ္လွဴေနတဲ့အဖြဲ႔ျဖစ္ပါတယ္။ ဒီႏွစ္လည္းသံုးရက္စာယူထားၿပီး ေနာက္ထပ္ႏွစ္ရက္ဆက္တုိက္ ကပ္လွဴသြားမွာျဖစ္ပါတယ္။
၉၆၉အဖြဲ႔ႏွင့္ နဂါးနီစုဘူးအဖြဲ႔သူအဖြဲ႔သားမ်ားက ေဝယ်ာဝစၥကုသိုလ္ယူၾကပါတယ္။
အလွဴရွင္မ်ားက သံဃာေတာ္မ်ား အားပါးတရဘုဥ္းေပးတာျမင္ရေတာ့ ၾကည္ႏူးလြန္းလို႔ “ကိုရိုနာနဲ႔ေသရလည္း ေသေပ်ာ္ပါၿပီ”ဆိုၿပီး ေျပာဆိုေနတာ ေတြ႔ရပါတယ္။

ကုသုိလ္ေကာင္းမႈမႈအစုစုအတြက္ ဓမၼဝိမုတၱိရသေက်ာင္း နာယကဆရာေတာ္ အရွင္သူရိယာဘိဝံသမွ ေရစက္ခ် အႏုေမာဒနာတရား ေဟာၾကားခ်ီးျမႇင့္ပါတယ္။

အလွဴရွင္မ်ားႏွင့္တကြ အနုေမာဒနာျပဳၾကကုန္ေသာ ပရိသတ္အေပါင္းသူေတာ္ေကာင္းတုိ႔သည္ က်န္းမာေအာင္ျမင္ ေပ်ာ္ရႊင္ခ်မ္းျမ ေဘးမခဘဲ လိုရာဆႏၵျပည့္ဝၾကပါေစေသာ္…ဝ္။

ကိုရိုနာဗိုင္းရပ္ ကူးစက္မႈအေျခအေနအရ အစိုးရ ဓမၼာစရိယႏွင့္ ပထမျပန္စာေမးပြဲမ်ား ေခတၱရပ္ဆုိင္းထားရာ မစိုးရိမ္တုိက္သစ္လည္း ယေန႔ (24.3.2020)မွစ၍ ေက်ာင္းပိတ္လုိက္ၿပီျဖစ္ပါတယ္။
အရုဏ္ဆြမ္းကပ္တဲ့အစီအစဥ္ကိုလည္း ရပ္ဆုိင္ထားရၿပီး စာေမးပြဲက်င္ပတဲ့ေန႔က်မွ ျပန္လည္ဆက္ကပ္သြားမွာျဖစ္ပါတယ္။

စာေျဖသံဃာအရုဏ္ဆြမ္းသည္ ဆရာေတာ္ဦးဝီရသူ စာသင္သားဘဝကတည္းက ကပ္လွဴလာခဲ့တဲ့ ဆြမ္းအလွဴေတာ္ျဖစ္ပါတယ္။
ဒီအရုဏ္ဆြမ္းအလွဴ ျဖစ္ေပၚလာပံု ေနာက္ခံသမိုင္းေၾကာင္းကို 7.3.2020 ရက္ေန႔မွာ ဆရာေတာ္က “သံဃာေက်းဇူး ခံစားဖူးေစ”ေဆာင္းပါးျဖင့္ စိတ္ဝင္စားဖြယ္၊ အားက်အတုယူဖြယ္၊ ၾကည္ညဳိဖြယ္၊ ၾကည္ႏူးဖြယ္၊ ဝမ္းနည္းဖြယ္ရာအတိျဖင့္ ရသေျမႇာက္စြာ ေရးသားခဲ့ပါေသးတယ္။

“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ(ဒုတိယနေ့)”

24.3.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။
မစိုးရိမ်တိုက်သစ် အစိုးရဓမ္မာစရိယတန်းစာမေးပွဲ ပါရာဇိကဏ်ဘာသာရပ်(ဒုတိယနေ့)ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် မုန့်တီသုပ်နှင့် ခေါက်ဆွဲသုပ် ကပ်လှူတာဖြစ်ပါတယ်။

အလှူရှင်များက ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့၊ ဒေါ်ဝင်းငွေဦးဆောင်သော နမ့်မွန်းမြို့သူမြို့သားများ ဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့က စာဖြေသံဃာအရုဏ်ဆွမ်းအတွက် နှစ်တိုင်းစဉ်နှစ်တိုင်း ကပ်လှူနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီနှစ်လည်းသုံးရက်စာယူထားပြီး နောက်ထပ်နှစ်ရက်ဆက်တိုက် ကပ်လှူသွားမှာဖြစ်ပါတယ်။
၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။
အလှူရှင်များက သံဃာတော်များ အားပါးတရဘုဉ်းပေးတာမြင်ရတော့ ကြည်နူးလွန်းလို့ “ကိုရိုနာနဲ့သေရလည်း သေပျော်ပါပြီ”ဆိုပြီး ပြောဆိုနေတာ တွေ့ရပါတယ်။

ကုသိုလ်ကောင်းမှုမှုအစုစုအတွက် ဓမ္မဝိမုတ္တိရသကျောင်း နာယကဆရာတော် အရှင်သူရိယာဘိဝံသမှ ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှင့်ပါတယ်။

အလှူရှင်များနှင့်တကွ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။

ကိုရိုနာဗိုင်းရပ် ကူးစက်မှုအခြေအနေအရ အစိုးရ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ခေတ္တရပ်ဆိုင်းထားရာ မစိုးရိမ်တိုက်သစ်လည်း ယနေ့ (24.3.2020)မှစ၍ ကျောင်းပိတ်လိုက်ပြီဖြစ်ပါတယ်။
အရုဏ်ဆွမ်းကပ်တဲ့အစီအစဉ်ကိုလည်း ရပ်ဆိုင်ထားရပြီး စာမေးပွဲကျင်ပတဲ့နေ့ကျမှ ပြန်လည်ဆက်ကပ်သွားမှာဖြစ်ပါတယ်။

စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။
ဒီအရုဏ်ဆွမ်းအလှူ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို 7.3.2020 ရက်နေ့မှာ ဆရာတော်က “သံဃာကျေးဇူး ခံစားဖူးစေ”ဆောင်းပါးဖြင့် စိတ်ဝင်စားဖွယ်၊ အားကျအတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ်ရာအတိဖြင့် ရသမြှောက်စွာ ရေးသားခဲ့ပါသေးတယ်။