သတင္း

“စာေျဖသံဃာ အရုဏ္ဆြမ္းအလွဴ(ပထမေန႔)”

23.3.2020 ရက္ေန႔၊ မနက္ ၅း၃၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ ကပ္လွဴတာပါ။
မစုိးရိမ္တုိက္သစ္ အစုိးရဓမၼာစရိယတန္းစာေမးပြဲ ပါရာဇိကဏ္ဘာသာရပ္(ပထမေန႔)ေျဖဆိုၾကမည့္ သံဃာေတာ္မ်ားအား အရုဏ္ဆြမ္းအျဖစ္ မုန္႔ဟင္းခါးဆြမ္း ကပ္လွဴပါတယ္။

အလွဴရွင္မ်ားက ကခ်င္ျပည္နယ္၊ အင္းေတာ္ႀကီးေဒသ၊ နမ့္မြန္းၿမဳိ႕၊ ေဒၚဝင္းေငြဦးေဆာင္ေသာ နမ့္မြန္းၿမဳိ႕သူၿမဳိ႕သားမ်ား ျဖစ္ပါတယ္။ ၎တုိ႔အဖြဲ႔က စာေျဖသံဃာအရုဏ္ဆြမ္းအတြက္ ႏွစ္တုိင္းစဥ္ႏွစ္တုိင္း ကပ္လွဴေနတဲ့အဖြဲ႔ျဖစ္ပါတယ္။ ဒီႏွစ္လည္းသံုးရက္စာယူထားၿပီး ေနာက္ထပ္ႏွစ္ရက္ဆက္တုိက္ ကပ္လွဴသြားမွာျဖစ္ပါတယ္။
၉၆၉အဖြဲ႔ႏွင့္ နဂါးနီစုဘူးအဖြဲ႔သူအဖြဲ႔သားမ်ားက ေဝယ်ာဝစၥကုသိုလ္ယူၾကပါတယ္။

ကုသုိလ္ေကာင္းမႈမႈအစုစုအတြက္ နာယကဆရာေတာ္ အရွင္ေစတိယာလကၤာရာဘိဝံသမွ ေရစက္ခ် အႏုေမာဒနာတရား ေဟာၾကားခ်ီးျမႇင့္ပါတယ္။

စာေျဖသံဃာအရုဏ္ဆြမ္းသည္ ဆရာေတာ္ဦးဝီရသူ စာသင္သားဘဝကတည္းက ကပ္လွဴလာခဲ့တဲ့ ဆြမ္းအလွဴေတာ္ျဖစ္ပါတယ္။
ဒီအရုဏ္ဆြမ္းအလွဴ ျဖစ္ေပၚလာပံု ေနာက္ခံသမိုင္းေၾကာင္းကို 7.3.2020 ရက္ေန႔မွာ ဆရာေတာ္က “သံဃာေက်းဇူး ခံစားဖူးေစ”ေဆာင္းပါးျဖင့္ စိတ္ဝင္စားဖြယ္၊ အားက်အတုယူဖြယ္၊ ၾကည္ညဳိဖြယ္၊ ၾကည္ႏူးဖြယ္၊ ဝမ္းနည္းဖြယ္ရာအတိျဖင့္ ရသေျမႇာက္စြာ ေရးသားခဲ့ပါေသးတယ္။

“စာဖြေသံဃာ အရုဏ်ဆွမ်းအလှူ(ပထမနေ့)”

23.3.2020 ရက်နေ့၊ မနက် ၅း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကပ်လှူတာပါ။
မစိုးရိမ်တိုက်သစ် အစိုးရဓမ္မာစရိယတန်းစာမေးပွဲ ပါရာဇိကဏ်ဘာသာရပ်(ပထမနေ့)ဖြေဆိုကြမည့် သံဃာတော်များအား အရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းခါးဆွမ်း ကပ်လှူပါတယ်။

အလှူရှင်များက ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့၊ ဒေါ်ဝင်းငွေဦးဆောင်သော နမ့်မွန်းမြို့သူမြို့သားများ ဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့က စာဖြေသံဃာအရုဏ်ဆွမ်းအတွက် နှစ်တိုင်းစဉ်နှစ်တိုင်း ကပ်လှူနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီနှစ်လည်းသုံးရက်စာယူထားပြီး နောက်ထပ်နှစ်ရက်ဆက်တိုက် ကပ်လှူသွားမှာဖြစ်ပါတယ်။
၉၆၉အဖွဲ့နှင့် နဂါးနီစုဘူးအဖွဲ့သူအဖွဲ့သားများက ဝေယျာဝစ္စကုသိုလ်ယူကြပါတယ်။

ကုသိုလ်ကောင်းမှုမှုအစုစုအတွက် နာယကဆရာတော် အရှင်စေတိယာလင်္ကာရာဘိဝံသမှ ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှင့်ပါတယ်။

စာဖြေသံဃာအရုဏ်ဆွမ်းသည် ဆရာတော်ဦးဝီရသူ စာသင်သားဘဝကတည်းက ကပ်လှူလာခဲ့တဲ့ ဆွမ်းအလှူတော်ဖြစ်ပါတယ်။
ဒီအရုဏ်ဆွမ်းအလှူ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို 7.3.2020 ရက်နေ့မှာ ဆရာတော်က “သံဃာကျေးဇူး ခံစားဖူးစေ”ဆောင်းပါးဖြင့် စိတ်ဝင်စားဖွယ်၊ အားကျအတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ်ရာအတိဖြင့် ရသမြှောက်စွာ ရေးသားခဲ့ပါသေးတယ်။