သတင္း

ဆရာေတာ္ဦးဝီရသူေမြးေန႔အထိမ္းအမွတ္ ေသြးလွဴဒါန္းပြဲ

ဝံသာႏုဓမၼကထိက အမ်ိဳးသားေရးဝါဒီ မစိုးရိမ္တိုက္သစ္ ဓမၼစဟာယေက်ာင္းနာယကဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-ဝီရသူ(မစိုးရိမ္)၏ သက္ေတာ္ (၅၁)ႏွစ္ျပည့္ ဝိဇာတေမြးေန႔မဂၤလာ အထိမ္းအမွတ္အျဖစ္ ပါရမီပ်ိဳးခင္း ေသြးလႉအသင္းမွ (၂၂)ႀကိမ္ေျမာက္က်င္းပ ပူေဇာ္အပ္ေသာ ဒါနဥပပါရမီေျမာက္ ေသြးလႉဒါန္းပြဲ အခမ္းအနားကို ဇြန္ ၂၆ ရက္ နံနက္ ၉နာရီမွ စတင္ကာ ျပင္ဦးလြင္ၿမိဳ႕ အမွတ္(၁)တပ္မေတာ္ေဆးရံုႀကီး ကုတင္(၇၀၀)တြင္ က်င္းပေၾကာင္း သိရသည္။

ယေန႔က်င္းပေသာ ေသြးလႉဒါန္းပြဲ အခမ္းအနားသို႔ အထက္ျမန္မာျပည္ အမ်ိဳး ဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ ဘုရားႀကီးတိုက္ ေဇယ်ာေရႊေျမေက်ာင္းဆရာေတာ္ ဘဒၵႏၲကုသလ (ပါဠိပါရဂူ)၊ မန္းမဘသ အတြင္းေရးမႉး အမရပူရၿမိဳ႕ နန္းဦးေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲဝဏၰိတ၊ ႏိုင္ငံေတာ္ ဗဟိုသံဃာ့ဝန္ေဆာင္- မဘသ(ဗဟို)ဦးေဆာင္ ရမည္းသင္းၿမိဳ႕ ရန္ေအာင္မင္းေက်ာင္း တိုက္အုပ္ဆရာေတာ္ ဘဒၵႏၲစေႏၵာဘာသ၊ ဘုရားႀကီးတိုက္မူလေရေတာ္ေက်ာင္းမွ ဆရာေတာ္ ဘဒၵႏၲတိကၡတို႔ ႂကြေရာက္အားေပးေတာ္မူၾကသည္။

ထို႔အျပင္ ဆရာေတာ္ဦးဝီရသူ၏ သက္ေတာ္ (၅၁) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ ေသြးလႉဒါန္းပြဲသို႔ ျပင္ဦးလြင္တပ္နယ္မႉး စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီး ဗိုလ္ခ်ဳပ္ထင္လတ္ဦးႏွင့္ တပ္နယ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ေသြးလႉဒါန္းေနၾကေသာ ဆရာေတာ္ သံဃာေတာ္မ်ား သီလရွင္မ်ားအား ဖူးေျမာ္အားေပးျခင္း၊ ေသြးလႉဒါန္းေနၾကသူ လူပုဂၢိဳလ္မ်ားအား ႏႈတ္ဆင္အားေပးျခင္းတို႔ ျပဳလုပ္ၾကသည္။

အဆိုပါေသြးလႉဒါန္းပြဲတြင္ အမွတ္(၁)တပ္မေတာ္ေဆးရံုႀကီး ကုတင္(၇၀၀) တပ္မႉး ဗိုလ္မႉးခ်ဳပ္မ်ိဳးသန္႔ႏွင့္ အရာရွိ အရာခံ အၾကပ္ စစ္သည္/စစ္သမီးမ်ားက ေသြးစစ္ျခင္း၊ ေသြးေပါင္ခ်ိန္ျခင္း၊ ေသြးေဖာက္ထုတ္ အလႉခံျခင္းႏွင့္ လိုအပ္ေသာ အုပ္ခ်ဳပ္ေထာက္ပံ့မႈမ်ား ေဆာင္ရြက္ေပးၾကသည္။

ထို႔အျပင္ ေသြးလႉဒါန္းပြဲအခမ္းအနားသို႔ ျပင္ဦးလြင္ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ ၾပင္ဦးလြင္ၿမိဳ႕ ျဖဴစင္ေမတၱာေသြးလႉရွင္အသင္း၊ ျပင္ဦးလြင္ခရိုင္ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ တာဝန္ရွိသူမ်ား၊ မႏၲေလးတိုင္း တိုင္းရင္းသားစည္းလံုးညီညြတ္ေရးပါတီ လူငယ္ေကာ္မတီဝင္ ကိုေက်ာ္မ်ိဳးေရႊႏွင့္ ပါတီဝင္မ်ား၊ အမ်ိဳးသားႏိုင္ငံေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဦးေက်ာ္ေက်ာ္ဝင္းႏွင့္ ပါတီဝင္မ်ား၊ ရ႒ပါလ အသင္းဝင္မ်ား၊ မန္းမေဟာ္သဓာ ျဖစ္ေျမာက္ေအာင္ျမင္ေရး ဗဟိုေကာ္မတီ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ေက်ာင္းအုပ္ဆရာႀကီးဦးမ်ိဳးခ်စ္ႏွင့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္ဝိတ္၊ မန္းမေဟာ္သဓာ ဝိုင္းေတာ္သားမ်ား၊ မဘသ အဖြဲ႕ဝင္မ်ား လာေရာက္အားေပးလ်က္ ျဖည့္စြက္အစားအစာမ်ား လႉဒါန္းၾကသည္။

အခမ္းအနားသို႔ မႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္သစ္မွ သံဃာေတာ္မ်ား၊ ရမည္းသင္းၿမိဳ႕၊ ေပ်ာ္ဘြယ္ၿမိဳ႕၊ သာစည္ၿမိဳ႕၊ မိတၳီလာၿမိဳ႕၊ မႏၲေလးၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕ႏွင့္ စစ္ကိုင္းေတာင္ရိုး၊ မိတၳီလာၿမိဳ႕၊ ကသာၿမိဳ႕၊ အရာေတာ္ၿမိဳ႕နယ္ေငြတြင္းရြာတို႔မွ ဆရာေတာ့္ကို ခ်စ္ျမတ္ႏိုးၾကသူ သံဃာေတာ္မ်ား၊ သီလရွင္မ်ား၊ ဒကာ ဒကာမမ်ား တက္ေရာက္ေသြးလႉဒါန္းၾကသည္။

အခမ္းအနားတြင္ တိုင္းျပည္အႏၲရာယ္ကို ကာကြယ္ရန္ အသက္ႏွင့္ ခႏၶာေပးလႉထားၾကေသာ တပ္မေတာ္သားမ်ားအတြက္ သန္႔စင္ေသာ ေသြးအိတ္ ၁၄၂ အိတ္ကို လႉဒါန္းႏိုင္ခဲ့သည္။

ယခုကဲ့သို႔ ဆရာေတာ္ ဦးဝီရသူေမြးေန႔ အထိမ္းအမွတ္ ေသြးလႉဒါန္းမႈအတြက္ လႉဒါန္းေသာ ေသြးလႉရွင္မ်ား ကိုယ္စား ဆရာေတာ္ ဦးကုသလထံသို႔ အမွတ္(၁)တပ္မေတာ္ေဆးရံုႀကီး ကုတင္(၇၀၀) တက္မႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးသန္႔က ဂုဏ္ျပဳမွတ္တမ္းလႊာ ဆက္ကပ္သည္။

ဆရာေတာ္ ဦးဝီရသူ ေမြးေန႔အထိမ္းအမွတ္ ေသြးလႉဒါန္းပြဲမ်ားကို ျပင္ဦးလြင္ၿမိဳ႕အျပင္ မႏၲေလးၿမိဳ႕၊ ရန္ကုန္ၿမိဳ႕၊ မိတၳီလာၿမိဳ႕တို႔တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

ျပည္ခ်စ္သား

“ဆရာတော်ဦးဝီရသူမွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ”

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီ မစိုးရိမ်တိုက်သစ် ဓမ္မစဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-ဝီရသူ(မစိုးရိမ်)၏ သက်တော် (၅၁)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် ပါရမီပျိုးခင်း သွေးလှူအသင်းမှ (၂၂)ကြိမ်မြောက်ကျင်းပ ပူဇော်အပ်သော ဒါနဥပပါရမီမြောက် သွေးလှူဒါန်းပွဲ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉နာရီမှ စတင်ကာ ပြင်ဦးလွင်မြို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ကုတင်(၇၀၀)တွင် ကျင်းပကြောင်း သိရသည်။

ယနေ့ကျင်းပသော သွေးလှူဒါန်းပွဲ အခမ်းအနားသို့ အထက်မြန်မာပြည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)၊ မန်းမဘသ အတွင်းရေးမှူး အမရပူရမြို့ နန်းဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်- မဘသ(ဗဟို)ဦးဆောင် ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ၊ ဘုရားကြီးတိုက်မူလရေတော်ကျောင်းမှ ဆရာတော် ဘဒ္ဒန္တတိက္ခတို့ ကြွရောက်အားပေးတော်မူကြသည်။

ထို့အပြင် ဆရာတော်ဦးဝီရသူ၏ သက်တော် (၅၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲသို့ ပြင်ဦးလွင်တပ်နယ်မှူး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြပြီး သွေးလှူဒါန်းနေကြသော ဆရာတော် သံဃာတော်များ သီလရှင်များအား ဖူးမြော်အားပေးခြင်း၊ သွေးလှူဒါန်းနေကြသူ လူပုဂ္ဂိုလ်များအား နှုတ်ဆင်အားပေးခြင်းတို့ ပြုလုပ်ကြသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် အမှတ်(၁)တပ်မတော်ဆေးရုံကြီး ကုတင်(၇၀၀) တပ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်နှင့် အရာရှိ အရာခံ အကြပ် စစ်သည်/စစ်သမီးများက သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ထုတ် အလှူခံခြင်းနှင့် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးကြသည်။

ထို့အပြင် သွေးလှူဒါန်းပွဲအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့ ဖြူစင်မေတ္တာသွေးလှူရှင်အသင်း၊ ပြင်ဦးလွင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ၊ မန္တလေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လူငယ်ကော်မတီဝင် ကိုကျော်မျိုးရွှေနှင့် ပါတီဝင်များ၊ အမျိုးသားနိုင်ငံရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်ဝင်းနှင့် ပါတီဝင်များ၊ ရဋ္ဌပါလ အသင်းဝင်များ၊ မန်းမဟော်သဓာ ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ကျောင်းအုပ်ဆရာကြီးဦးမျိုးချစ်နှင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်၊ မန်းမဟော်သဓာ ဝိုင်းတော်သားများ၊ မဘသ အဖွဲ့ဝင်များ လာရောက်အားပေးလျက် ဖြည့်စွက်အစားအစာများ လှူဒါန်းကြသည်။

အခမ်းအနားသို့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ သံဃာတော်များ၊ ရမည်းသင်းမြို့၊ ပျော်ဘွယ်မြို့၊ သာစည်မြို့၊ မိတ္ထီလာမြို့၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့၊ စစ်ကိုင်းမြို့နှင့် စစ်ကိုင်းတောင်ရိုး၊ မိတ္ထီလာမြို့၊ ကသာမြို့၊ အရာတော်မြို့နယ်ငွေတွင်းရွာတို့မှ ဆရာတော့်ကို ချစ်မြတ်နိုးကြသူ သံဃာတော်များ၊ သီလရှင်များ၊ ဒကာ ဒကာမများ တက်ရောက်သွေးလှူဒါန်းကြသည်။

အခမ်းအနားတွင် တိုင်းပြည်အန္တရာယ်ကို ကာကွယ်ရန် အသက်နှင့် ခန္ဓာပေးလှူထားကြသော တပ်မတော်သားများအတွက် သန့်စင်သော သွေးအိတ် ၁၄၂ အိတ်ကို လှူဒါန်းနိုင်ခဲ့သည်။

ယခုကဲ့သို့ ဆရာတော် ဦးဝီရသူမွေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းမှုအတွက် လှူဒါန်းသော သွေးလှူရှင်များ ကိုယ်စား ဆရာတော် ဦးကုသလထံသို့ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ကုတင်(၇၀၀) တက်မှူး ဗိုလ်မှူးချုပ် မျိုးသန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်သည်။

ဆရာတော် ဦးဝီရသူ မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲများကို ပြင်ဦးလွင်မြို့အပြင် မန္တလေးမြို့၊ ရန်ကုန်မြို့၊ မိတ္ထီလာမြို့တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ချစ်သား