သတင်း





မေတ္တာဖွေးလက်
သွေးတစ်စက်
ပေးဆပ်ခဲ့လေသော်
ဥပပါရမီ
မြတ်ဂုဏ်ရည်



“ဆရာတော်ဦးဝီရသူ၏ ၅၂နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ”

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ၏
၅၂နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို
ယခုလ ၂၅ရက်နေ့နှင့် ၂၆ရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပပါမည်။

မည်သူမဆို လာရောက်လှူဒါန်းနိုင်ပါသည်။ နှစ်စဉ်လှူဒါန်းနေကျ သွေးလှူရှင်များသည် မျိုးချစ်အဖွဲ့များနှင့်အတူ လာရောက်လှူဒါန်းနိုင်ပြီး အနယ်နယ်အရပ်ရပ်မှ သွေးလှူရှင်များသည် နီးစပ်ရာ ဆေးရုံများမှာ လှူဒါန်းနိုင်ပါသည်။ သွေးလှူပြီးလျှင် လက်ဆောင်ပစ္စည်းများနှင့် အာဟာရဓာတ်စာများ သဟာယကျောင်းမှာ ထုတ်ယူနိုင်ပါသည်။

ရင်ထိုး၊ မျက်စဉ်ဘူး၊ သဟာယတရားတော်များစတစ်နှင့် သော့တွဲ၊ ဆေးဝါးနှင့် အာဟာရများ အမှတ်တရလက်ဆောင်အဖြစ် လှူဒါန်းပါမည်။

မေတ္တာဖွေးလက်
သွေးတစ်စက်
ပေးဆပ်ခဲ့လေသော်
ဥပပါရမီ
မြတ်ဂုဏ်ရည်
ရွှေပြည်နိဗ္ဗာန် ရောက်လေသော်…

သွေးလှူဒါန်းပွဲဖြစ်မြောက်ရေးအဖွဲ့

ဆက်သွယ်ရန်/ ကိုအောင်ကိုဝင်း – 09444010028