သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (င)

“ယန္ဟီးလီကိုေတာင္းပန္တာ ဘယ္အတြက္ေၾကာင့္လဲ”
ယန္ဟီးလီကိုဆဲသူနဲ႔ ယန္ဟီးလီကိုေတာင္းပန္သူရယ္လုိ႔ ျမန္မာ့ႏိုင္ငံေရးမွာ ပုဂၢဳိလ္ႏွစ္ဦး ရွိခဲ့တယ္ေပါ့ေနာ္။ တစ္ဦးက ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ အရွင္ဝီရသူျဖစ္ၿပီး ေနာက္တစ္ဦးက ျမန္မာေနာင္းအယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းေပါ့ကြာ။ ရခုိင္ျပည္ကို ေရာင္းစားဖုိ႔ ပြဲစားလာလုပ္တဲ့ ယန္ဟီးလီကို ရရာလက္နက္နဲ႔ ခုခံခဲ့ရတဲ့ ရဟန္းတစ္ပါးနဲ႔ သံတမန္က်င့္ဝတ္ကို ခ်ဳိးေဖာက္ၿပီး ျပည္တြင္းေရးကို ဝင္ေရာက္စြပ္ဖက္တဲ့ ပြဲစားမႀကီးယန္ဟီးလီကို ကန္႔ကြက္ရႈတ္ခ်တဲ့ လႊတ္ေတာ္အမတ္ေတြေၾကာင့္ ရွက္မိပါတယ္၊ သူတုိ႔ကိုယ္စားေတာင္းပန္ပါတယ္ဆိုၿပီး ေဖ့စ္ဘုတ္အေကာင့္မွာ ေရးသားခဲ့တဲ့ ဘေကာင္းအေကာင့္ပိုင္ရွင္ႀကီးေပါ့။ အဲဒါေလး လုိင္းေပၚမွာေတြ႔ရလုိ႔ သိမ္းထားခဲ့ပါတယ္။ ဘေကာင္းအေကာင့္ထဲဝင္ရွာၾကည့္ေတာ့ လံုးဝ မေတြ႔ရေတာ့ပါ။ ကိုေဆြဝင္းကို ေမးခ်င္ေနပါတယ္။ ယန္ဟီးလီကို ေတာင္းပန္စကား ေရးသားခဲ့တာ ဟုတ္ပါသလား၊ ဘာေၾကာင့္ အဲဒီလိုေတာင္းပန္ရတာပါလဲ။ ဦးပဥၥင္းကေတာ့ တုိင္းျပည္အခ်ဳပ္အျခာအာဏာအတြက္ ယန္ဟီးလီကို ျပည့္တန္ဆာႏွင့္ ခိုင္းႏႈိင္းခဲ့တာပါ။ ႏိုင္ငံေရးသမားေတြလို အလံုးႀကီးႀကီးနဲ႔ ေျပာရရင္ ျပည္သူ႔အတြက္ ဆဲခဲ့ရတာပါ။ ကိုေဆြဝင္း ေတာင္းပန္တာ ဘယ္သူ႔အတြက္လဲဟင္…။ အစုိးရအတြက္လား၊ တုိင္းျပည္အတြက္လား၊ ျပည္သူ႔အတြက္လား၊ လႊတ္ေတာ္အတြက္လား၊ NLDအတြက္လား၊ ဘယ္သူ႔အတြက္ျပန္ေတာင္းပန္ရတာလဲကြာ။ ဆဲသူနဲ႔ ေတာင္းပန္သူ ဘယ္သူက တိုင္းျပည္ကို ကာကြယ္တာလဲကြာ။ ျပည္သူ႔အတြက္ ဘယ္စကားက အက်ဳိးရွိလဲကြာ…။ အဲဒါေလးလည္း ေျဖေပးပါဦးေနာ္…။

“ဘုန္းႀကီးတစ္ပါးကို မုန္းတီးေနတာ ေမတၱာတရားလား”
တစ္ဆက္တည္းပဲ ေမးမယ္ကြာ၊ ဘုန္းႀကီးတစ္ပါးကို ဘာေၾကာင့္ ဒီေလာက္မုန္းေနရတာလဲဟင္။ ပုဂၢဳိလ္ေရးျပႆနာရွိခဲ့ဖူးလုိ႔လား၊ ကိုေဆြဝင္းထိခိုက္နစ္နာေအာင္ လုပ္ခဲ့ဖူးလုိ႔လား၊ သတင္းသမားေတြနဲ႔ ရန္ျဖစ္ဖူးခဲ့လုိ႔လား၊ သတင္းမီဒီယာအက်ဳိးစီးပြား ပ်က္ျပားေအာင္ လုပ္ေဆာင္ႀကံစည္ခဲ့ဖူးလုိ႔လား။ ႏိုင္ငံေရးဆိုတာ ရန္သူကိုေတာင္ မိတ္ေဆြျဖစ္ေအာင္ စည္းရံုးရတဲ့ အလုပ္လို႔ နားလည္ထားလို႔ ေမးရတာပါ။ ဦးပဥၥင္းကေတာ့ အင္းဝစက္ခ်ဳပ္ဆုိင္အေရးကတည္းက ကိုေဆြဝင္းအေပၚ ေမတၱာသက္ဝင္ ခ်စ္ခင္ေလးစားလာခဲ့တာ ေဖ့စ္ဘုတ္သက္ေသရွိခဲ့ပါတယ္။ သတင္းသမားေတြကိုလည္း အမ်ားႀကီး ကူညီခဲ့ဖူးပါတယ္။ ကိုယ့္ကို အၿမဲထုိးႏွက္တုိက္ခုိက္ေနတဲ့ သတင္းဌာနက တရားခံကို စစ္ေမးသလိုမ်ဳိး တရားခံျဖစ္ေအာင္ စြပ္စြဲသလို ေမးျမန္းတာမ်ဳိးနဲ႔ ေတြ႔ရင္ေတာင္ ခြန္းတုန္႔ျပန္ ရန္ေတြ႔စကား ေျပာတာမ်ဳိး လံုးဝ မလုပ္ခဲ့ပါဘူး။ ဒါေပမဲ့ ကိုေဆြဝင္းအပါအဝင္ သတင္းသမားေတြဟာ ဝီရသူဆို တအားမုန္းၾကတယ္။ ဝီရသူက်ဆံုးေအာင္ အၿမဲထိုးႏွက္ၾကတယ္။ အဲဒါဘာေၾကာင့္လဲဆိုတာ ကာယကံရွင္ သတင္းသမားေတြမွ သိမွာပါေနာ္။ သတင္းသမားတစ္ေယာက္ျဖစ္တဲ့ ကိုေဆြဝင္းလည္း ဦးပဥၥင္းကို ပါရာဇိကနဲ႔ စြပ္စြဲရေလာက္ေအာင္ မုန္းတီးေနတာ အေၾကာင္းရွိရမွာေပါ့။ အဲဒီအေၾကာင္းေလး ေျပာျပေပးပါလားကြာ…။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (င)

“ယန်ဟီးလီကိုတောင်းပန်တာ ဘယ်အတွက်ကြောင့်လဲ”
ယန်ဟီးလီကိုဆဲသူနဲ့ ယန်ဟီးလီကိုတောင်းပန်သူရယ်လို့ မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်နှစ်ဦး ရှိခဲ့တယ်ပေါ့နော်။ တစ်ဦးက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူဖြစ်ပြီး နောက်တစ်ဦးက မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းပေါ့ကွာ။ ရခိုင်ပြည်ကို ရောင်းစားဖို့ ပွဲစားလာလုပ်တဲ့ ယန်ဟီးလီကို ရရာလက်နက်နဲ့ ခုခံခဲ့ရတဲ့ ရဟန်းတစ်ပါးနဲ့ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်တဲ့ ပွဲစားမကြီးယန်ဟီးလီကို ကန့်ကွက်ရှုတ်ချတဲ့ လွှတ်တော်အမတ်တွေကြောင့် ရှက်မိပါတယ်၊ သူတို့ကိုယ်စားတောင်းပန်ပါတယ်ဆိုပြီး ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားခဲ့တဲ့ ဘကောင်းအကောင့်ပိုင်ရှင်ကြီးပေါ့။ အဲဒါလေး လိုင်းပေါ်မှာတွေ့ရလို့ သိမ်းထားခဲ့ပါတယ်။ ဘကောင်းအကောင့်ထဲဝင်ရှာကြည့်တော့ လုံးဝ မတွေ့ရတော့ပါ။ ကိုဆွေဝင်းကို မေးချင်နေပါတယ်။ ယန်ဟီးလီကို တောင်းပန်စကား ရေးသားခဲ့တာ ဟုတ်ပါသလား၊ ဘာကြောင့် အဲဒီလိုတောင်းပန်ရတာပါလဲ။ ဦးပဉ္စင်းကတော့ တိုင်းပြည်အချုပ်အခြာအာဏာအတွက် ယန်ဟီးလီကို ပြည့်တန်ဆာနှင့် ခိုင်းနှိုင်းခဲ့တာပါ။ နိုင်ငံရေးသမားတွေလို အလုံးကြီးကြီးနဲ့ ပြောရရင် ပြည်သူ့အတွက် ဆဲခဲ့ရတာပါ။ ကိုဆွေဝင်း တောင်းပန်တာ ဘယ်သူ့အတွက်လဲဟင်…။ အစိုးရအတွက်လား၊ တိုင်းပြည်အတွက်လား၊ ပြည်သူ့အတွက်လား၊ လွှတ်တော်အတွက်လား၊ NLDအတွက်လား၊ ဘယ်သူ့အတွက်ပြန်တောင်းပန်ရတာလဲကွာ။ ဆဲသူနဲ့ တောင်းပန်သူ ဘယ်သူက တိုင်းပြည်ကို ကာကွယ်တာလဲကွာ။ ပြည်သူ့အတွက် ဘယ်စကားက အကျိုးရှိလဲကွာ…။ အဲဒါလေးလည်း ဖြေပေးပါဦးနော်…။

“ဘုန်းကြီးတစ်ပါးကို မုန်းတီးနေတာ မေတ္တာတရားလား”
တစ်ဆက်တည်းပဲ မေးမယ်ကွာ၊ ဘုန်းကြီးတစ်ပါးကို ဘာကြောင့် ဒီလောက်မုန်းနေရတာလဲဟင်။ ပုဂ္ဂိုလ်ရေးပြဿနာရှိခဲ့ဖူးလို့လား၊ ကိုဆွေဝင်းထိခိုက်နစ်နာအောင် လုပ်ခဲ့ဖူးလို့လား၊ သတင်းသမားတွေနဲ့ ရန်ဖြစ်ဖူးခဲ့လို့လား၊ သတင်းမီဒီယာအကျိုးစီးပွား ပျက်ပြားအောင် လုပ်ဆောင်ကြံစည်ခဲ့ဖူးလို့လား။ နိုင်ငံရေးဆိုတာ ရန်သူကိုတောင် မိတ်ဆွေဖြစ်အောင် စည်းရုံးရတဲ့ အလုပ်လို့ နားလည်ထားလို့ မေးရတာပါ။ ဦးပဉ္စင်းကတော့ အင်းဝစက်ချုပ်ဆိုင်အရေးကတည်းက ကိုဆွေဝင်းအပေါ် မေတ္တာသက်ဝင် ချစ်ခင်လေးစားလာခဲ့တာ ဖေ့စ်ဘုတ်သက်သေရှိခဲ့ပါတယ်။ သတင်းသမားတွေကိုလည်း အများကြီး ကူညီခဲ့ဖူးပါတယ်။ ကိုယ့်ကို အမြဲထိုးနှက်တိုက်ခိုက်နေတဲ့ သတင်းဌာနက တရားခံကို စစ်မေးသလိုမျိုး တရားခံဖြစ်အောင် စွပ်စွဲသလို မေးမြန်းတာမျိုးနဲ့ တွေ့ရင်တောင် ခွန်းတုန့်ပြန် ရန်တွေ့စကား ပြောတာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကိုဆွေဝင်းအပါအဝင် သတင်းသမားတွေဟာ ဝီရသူဆို တအားမုန်းကြတယ်။ ဝီရသူကျဆုံးအောင် အမြဲထိုးနှက်ကြတယ်။ အဲဒါဘာကြောင့်လဲဆိုတာ ကာယကံရှင် သတင်းသမားတွေမှ သိမှာပါနော်။ သတင်းသမားတစ်ယောက်ဖြစ်တဲ့ ကိုဆွေဝင်းလည်း ဦးပဉ္စင်းကို ပါရာဇိကနဲ့ စွပ်စွဲရလောက်အောင် မုန်းတီးနေတာ အကြောင်းရှိရမှာပေါ့။ အဲဒီအကြောင်းလေး ပြောပြပေးပါလားကွာ…။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020